ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုကနွေးထွေးတဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်လို့ အမေရိကန်သမ္မတပြော

 797

ဂျန်ဇက် (NP News) - သြဂုတ်လ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုကနွေးထွေးတဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ပြီး ယူကရိန်းစစ်ပွဲဖြေရှင်းဖို့ နီးစပ်လာခဲ့တယ်လို့ပြောပါတယ်။အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ဟာ သြဂုတ် ၁၅ရက်နေ့က အမေရိကန်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က အခုလိုမျိုးပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ ရန်လိုမှုတွေအဆုံးသတ်အောင် အဓိကအာရုံစိုက်ဆွေးနွေးခဲ့ပြီးတိုးတတက်မှုများရှိခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်က "တကယ်တော့ ကျွန်တော်အများကြီး သဘောတူတယ်လို့ ကျွန်တော်ထင်ပါတယ်။ အစည်းအဝေးက နွေးထွေးတယ်" လို့ပြောပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ နီးစပ်လာနေသလို ယူကရိန်းအစိုးရဘက်ကလည်း အလားလာရှိတဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီဖွယ်ရှိနေကြောင်း ဒေါ်နယ်ထရမ့်ကပြောပါတယ်။ရုရှားသမ္မတပူတင်ကလည်း အမေရိကန်သမ္မတနဲ့တွေ့ဆုံဆွေးနွေးမှုက အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ပြီး အသုံးဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ကြောင်းပြောပါတယ်။ ရုရှားသမ္မတပူတင်က ရန်လိုမှုတွေကိုအဆုံးသတ်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတတို့ဟာ မော်စကိုမြို့မှာထပ်မံတွေ့ဆုံဆွေးနွေးဖွယ်ရှိနေပြီး အမေရိကန်သမ္မတဘက်ကလည်းလက်ခံဖွယ်ရှိနေပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲက သုံးနှစ်ကျော်လာခဲ့ပြီး အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိရာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာ ချိန်မှာ စစ်ပွဲအဆုံးသတ်အောင် ကြားဝင်ကြိုးပမ်းခဲ့ရာ တိုးတက်မှုတွေရှိလာနေတယ်လို့ ဆိုပါတယ်။

zawgyiversion





Picture

Tha Lwin

17/08/2025 09:19

👍👍👍

Related news

© 2021. All rights reserved.