အသက်မပြည့်သေးသူအပါအဝင် အမျိုးသမီး(၄)ဦးကိုအဓမ္မပြုကျင့်၊ လိင်ပိုင်းဆိုင်ရာစော်ကားသော ဟိုပန်ခရိုင်မှုးကို UWSA က အပြစ်ပေးဟုဆို

 962

သက်ပိုင်(NP News) - ဩဂုတ် ၁၆

UWSA၏ ဟိုပန်မြို့ခရိုင်မှူးဖြစ်သူ တာ့ညီလင်းက အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးလေးဦးကို အဓမ္မပြုကျင့်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပြုလုပ်ခဲ့သည့် အတွက် UWSA က အပြစ်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးငယ် (၄) ဦးအနက် အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးအပါအဝင် (၂) ဦးကို မုဒိန်းမှု မြောက်ခဲ့ပြီး ကျန် (၂) ဦးကိုမူ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသို့ အဓမ္မပြုကျင့်မှုကိစ္စအားအကြိမ်ကြိမ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနှင့် မျက်မြင်သက်သေထွက်ဆိုချက်များကို အတည်ပြု ပြီးနောက် ယနေ့ (ဩဂုတ်လ ၁၆ရက်) နံနက်ပိုင်းတွင် UWSA က ရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေး ငွေယွမ် (၃) သိန်း နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နှင့် ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးမှ လျော့ချလိုက်ပြီး သုံးလ အနားပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထိုသို့တရားစီရင်မှုကို ဟိုပန်မြို့ယဥ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများကို တစ်အိမ်တစ်ယောက်နှုန်းဖြင့် လာရောက်ကြည့်ရှု့နားထောင်စေခဲ့ကြောင်း သိရသည်။

zawgyiversion
အသက္မျပည့္ေသးသူအပါအဝင္ အမ်ိဳးသမီး(၄)ဦးကိုအဓမၼျပဳက်င့္၊ လိင္ပိုင္းဆိုင္ရာေစာ္ကားေသာ ဟိုပန္ခ႐ိုင္မႈးကို UWSA က အျပစ္ေပးဟုဆို
သက္ပိုင္(NP News) - ဩဂုတ္ ၁၆

UWSA၏ ဟိုပန္ၿမိဳ႕ခ႐ိုင္မႉးျဖစ္သူ တာ့ညီလင္းက အသက္မျပည့္ေသးသည့္ ကေလးငယ္တစ္ဦး အပါအဝင္ အမ်ိဳးသမီးေလးဦးကို အဓမၼျပဳက်င့္ကာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားျပဳလုပ္ခဲ့သည့္ အတြက္ UWSA က အျပစ္ေပးခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသမီးငယ္ (၄) ဦးအနက္ အသက္မျပည့္ေသးသည့္ ကေလးငယ္တစ္ဦးအပါအဝင္ (၂) ဦးကို မုဒိန္းမႈ ေျမာက္ခဲ့ၿပီး က်န္ (၂) ဦးကိုမူ လိင္ပိုင္းဆိုင္ရာ ထိပါးေစာ္ကားခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။

ယင္းသို႔ အဓမၼျပဳက်င့္မႈကိစၥအားအႀကိမ္ႀကိမ္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ လူသက္ေသ၊ ႏႈတ္သက္ေသ၊ စာသက္ေသႏွင့္ မ်က္ျမင္သက္ေသထြက္ဆိုခ်က္မ်ားကို အတည္ျပဳ ၿပီးေနာက္ ယေန႔ (ဩဂုတ္လ ၁၆ရက္) နံနက္ပိုင္းတြင္ UWSA က ရာထူးဆိုင္းငံ့လိုက္ၿပီး ေလ်ာ္ေၾကး ေငြယြမ္ (၃) သိန္း ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႀကံရာပါ ခ႐ိုင္႐ုံးအုပ္၊ ဒုတိယ႐ုံးအုပ္ႏွင့္ ယဥ္ေက်းမႈ အသင္းေခါင္းေဆာင္ အသီးသီးတို႔ကိုလည္း လက္ရွိရားထူးမွ ေလ်ာ့ခ်လိုက္ၿပီး သုံးလ အနားေပးခဲ့ေၾကာင္း သတင္းတြင္ေဖာ္ျပထားသည္။
ထိုသို႔တရားစီရင္မႈကို ဟိုပန္ၿမိဳ႕ယဥ္ေက်းမႈကြင္းတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေဒသခံျပည္သူမ်ားကို တစ္အိမ္တစ္ေယာက္ႏႈန္းျဖင့္ လာေရာက္ၾကည့္ရႈ႕နားေထာင္ေစခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.