အမေရိကန်နိုင်ငံတွင် ဟောလိုးဝင်းညအတွင်း သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် အနည်းဆုံး(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိ

568

ဖြိုးခန့်(NP News) - နိုဝင်ဘာ ၁
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ Garfield ပန်းခြံတွင် ဟောလိုးဝင်းညက သေနတ်သမားများသည် ကားမောင်းရင်း သေနတ်ဖြင့် လိုက်ပစ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် Avenue နှင့် Polk လမ်းထောင့်တွင် လူများစုဝေးနေချိန် ည(၉)နာရီခွဲခန့်တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချီကာဂိုရဲမှူး ဒေးဗစ်ဘရောင်းက နိုဝင်ဘာ(၁)ရက်နေ့တွင် ပြောကြားခဲ့သည်။
ကားပေါ်မှ သေနတ်သမားများသည် စုဝေးနေသို့ လူအုပ်ကြီးထဲသို့ စက္ကန့်ပိုင်းအတွင်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း လူတစ်ဦးမှာ ကားတိုက်ခံခဲ့ရကြောင်း ချီကာဂိုရဲမှူး ဒေးဗစ်ဘရောင်းက ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်(၃)နှစ်၊ (၁၁)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးများ ပါဝင်ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
အဆိုပါပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအနေများမရှိကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသူများ ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်ထိ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးကြောင်းသိရသည်။
ဟောလိုးဝင်းညတွင် လူများစုဝေးနေသည့် အဆိုပါနေရာကို ဘာကြောင့်ပစ်ခတ်တိုက်ခိုက်သလဲဆိုသည့်အချက်ကို လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။ ရဲတပ်ဖွဲ့သည့် အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်ပြီး စီစီတီဗီမှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ရန်အတွက် ဆေးကုသမှုခံယူပြီးသည်အထိ စောင့်ဆိုင်းနေရကြောင်းသိရသည်။ ပဏာမအချက်အလက်များ အရ အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် အနည်းဆုံးသေနတ်သမား(၂)ဦးပါဝင်ကြောင်း သိရသည်။
မစ်ဆူရီပြည်နယ် ကန်းဆက်မြို့တွင်လည်း အောက်တိုဘာ(၃၁)ရက်နေ့ ညက အယောက်(၇ဝ)မှ (၁ဝဝ)ကြားရှိ လူငယ်များပါတီပွဲကျင်းပနေချိန်တွင် သေနတ်သမားများ၏ပစ်ခတ်မှုများကြောင့် လူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ နေအိမ်တွင် ပစ်သတ်ခံခဲ့ရကြောင်း ကန်းဆက်မြို့ရဲမှူးခါလ်အုတ်ခ်မန်း က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ ေဟာလိုးဝင္းညအတြင္း ေသနတ္ျဖင့္ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံး(၁၄)ဦး ထိခိုက္ဒဏ္ရာရရွိ
ၿဖိဳးခန႔္(NP News) - ႏိုဝင္ဘာ ၁
အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕ Garfield ပန္းၿခံတြင္ ေဟာလိုးဝင္းညက ေသနတ္သမားမ်ားသည္ ကားေမာင္းရင္း ေသနတ္ျဖင့္ လိုက္ပစ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ဝင္မ်ားက ေျပာၾကားခဲ့သည္။
ကယ္လီဖိုးနီးယားျပည္နယ္ Avenue ႏွင့္ Polk လမ္းေထာင့္တြင္ လူမ်ားစုေဝးေနခ်ိန္ ည(၉)နာရီခြဲခန႔္တြင္ အဆိုပါ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ခ်ီကာဂိုရဲမႉး ေဒးဗစ္ဘေရာင္းက ႏိုဝင္ဘာ(၁)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။
ကားေပၚမွ ေသနတ္သမားမ်ားသည္ စုေဝးေနသို႔ လူအုပ္ႀကီးထဲသို႔ စကၠန႔္ပိုင္းအတြင္း အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ေၾကာင္း လူတစ္ဦးမွာ ကားတိုက္ခံခဲ့ရေၾကာင္း ခ်ီကာဂိုရဲမႉး ေဒးဗစ္ဘေရာင္းက ေျပာၾကားခဲ့သည္။ အဆိုပါပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ အသက္(၃)ႏွစ္၊ (၁၁)ႏွစ္ႏွင့္ (၁၃)ႏွစ္အ႐ြယ္ ကေလးမ်ား ပါဝင္ေၾကာင္း တာဝန္ရွိသူမ်ား၏ေျပာၾကားခ်က္အရ သိရသည္။
အဆိုပါပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဒသခံေဆး႐ုံသို႔ အလ်င္အျမန္ပို႔ေဆာင္ခဲ့ၿပီး အသက္ အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနမ်ားမရွိေၾကာင္းသိရသည္။ အဆိုပါပစ္ခတ္မႈေၾကာင့္ ေသဆုံးသူမ်ား ရွိ/မရွိ ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္ထိ ထုတ္ျပန္ထားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။
ေဟာလိုးဝင္းညတြင္ လူမ်ားစုေဝးေနသည့္ အဆိုပါေနရာကို ဘာေၾကာင့္ပစ္ခတ္တိုက္ခိုက္သလဲဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္ထိ ေဖာ္ထုတ္ႏိုင္ျခင္းမရွိေသးေၾကာင္းသိရသည္။ ရဲတပ္ဖြဲ႕သည့္ အဆိုပါပစ္ခတ္မႈမ်ားႏွင့္ပတ္သက္ၿပီး စီစီတီဗီမွတ္တမ္းမ်ားကို ျပန္လည္စစ္ေဆးေနၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေတြ႕ဆုံေမးျမန္းျခင္းမ်ား ျပဳလုပ္ရန္အတြက္ ေဆးကုသမႈခံယူၿပီးသည္အထိ ေစာင့္ဆိုင္းေနရေၾကာင္းသိရသည္။ ပဏာမအခ်က္အလက္မ်ား အရ အဆိုပါပစ္ခတ္တိုက္ခိုက္မႈတြင္ အနည္းဆုံးေသနတ္သမား(၂)ဦးပါဝင္ေၾကာင္း သိရသည္။
မစ္ဆူရီျပည္နယ္ ကန္းဆက္ၿမိဳ႕တြင္လည္း ေအာက္တိုဘာ(၃၁)ရက္ေန႔ ညက အေယာက္(၇ဝ)မွ (၁ဝဝ)ၾကားရွိ လူငယ္မ်ားပါတီပြဲက်င္းပေနခ်ိန္တြင္ ေသနတ္သမားမ်ား၏ပစ္ခတ္မႈမ်ားေၾကာင့္ လူ(၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အျခားတစ္ဦးမွာ ေနအိမ္တြင္ ပစ္သတ္ခံခဲ့ရေၾကာင္း ကန္းဆက္ၿမိဳ႕ရဲမႉးခါလ္အုတ္ခ္မန္း က ေျပာၾကားခဲ့သည္။