ပူးပေါင်းစစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့နယ်လေးခုတွင် ကမ္ဘာလှည့် ခရီးသွားလာမှုပိတ်ပင်

 1003

Htay Oung (NP News) - နိုဝင်ဘာ ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ခရိုင်နယ်စပ်မြို့နယ် (၄)ခုတို့မှာ လုံခြုံရေးတပ်ဖွဲ့များက ပူးပေါင်းစစ် ဆင်ရေးဆောင်ရွက်လျက်ရှိတဲ့အတွက် ခရီးသွားလာခွင့် တားမြစ်ထားခြင်းကို အာဏာပိုင်တို့က နိုဝင်ဘာလ (၄)ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ Dhaka Tribune တောက်တိုဘာလ ၃ဝ ရက်က ရေးသားပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ သွားလာခွင့် ပိတ်ပင်ခြင်းကို ရူမာနဲ့ ရိုဝမ်ချာရီ မြို့နယ်များအတွက် အောက်တိုဘာလ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သန်ချီနဲ့အလီခါဒန်မြို့နယ်များမှာ အောက်တိုဘာလ ၂၃ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

တားဆီးမှုသက်တမ်းတိုးရန် ဆုံးဖြတ်ကြောင်းအမိန့်ကို ဘန်ဒါဘန်ခရိုင်လက် ထောက်ကော်မရှင်နာမင်းကြီးရဲ့ တနင်္ဂနွေနေ့ လက်မှတ်ရေးထိုးထားတဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကြောင့် ခရီးသွားဧည့် သည်များအတွက် မလိုလားအပ်သည်တို့ မဖြစ်ပွားစေရန် ကန့်သတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။

ခရိုင် (ဒုတိယ အတွင်းရေးမှူး) ခရိုင်တရားသူကြီး (လုပ်ရိုးလုပ်စဉ်တာဝန်) ရဲ့ အောက်တိုဘာလ ၁၇ ရက် လက်မှတ်ရေးထိုးထားတဲ့ စာမှာတော့ အခြေခံကင်းလှည့်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နဲ့ ခရီးသွားများ ဘေးကင်းလုံခြုံစေရေး ထောက်လှမ်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်အတွက် တား မြစ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း၊ သန်ချီနဲ့ အလီခါဒန်မြို့နယ်များအတွင်း နိုင်ငံ ခြားခရီးသွားဧည့်သည်များအတွက် အောက်တိုဘာလ ၃ဝ ရက်အထိ တားမြစ်ချက်ကို နိုဝင်ဘာလ ၄ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘန်ဒါဘန်ခရိုင်နဲ့ (အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ ) ရမ်ဂါမာတီခရိုင်အတွင်း ဝေးလံခေါင်ဖျားဒေသများမှာ အောက်တိုဘာလ ၂၁ ရက်စစ်ဆင် ရေးပြုလုပ်စဉ် ခွဲထွက်ရေးသမားများနဲ့ ခွဲထွက်ရေးသမားများလို့ သံသယရှိသူ ၁ဝ ဦးကို Rapid Action Battalion “လျှပ်တပြက် တုန့်ပြန်ရေးတပ်ရင်း"(RAB) က ဖမ်း ဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူများအနက် (အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့) က မကြာသေးခင်က ဖွဲ့စည်းထားတဲ့ ဒေသန္တရစစ်သွေးကြွအုပ်စု Jama'atul Ansar Fil Hindal Sharqiya “ဂျမားတူလ် အန်ဆာ ဖီလ် ဟင်ဒယ်လ် ရှာကီယာ”မှ အဖွဲ့ဝင် ခုနစ်ဦးနဲ့ ခွဲထွက်ရေးအဖွဲ့အစည်း Kuki-Chin National Front (KNF) “ကူကီ-ချင်း အမျိုးသားတပ်ဦး“ မှ သုံးဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ထားပြီး ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောပြပါတယ်။ ဆောင်းရာသီတိုင်း ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိတဲ့ ဒေသမှာ ခုလိုတားမြစ်ချက်ကြောင့် နယ်မြေအတွင်းရှိ ဟိုတယ်၊ မိုတယ်နဲ့ ဖျော်ဖြေရေးစခန်း ၂ဝဝ ကျော်တို့မှာ ယခုအခါ တိတ်ဆိတ်ခြောက်သွေ့သွားပြီး ခရိုင်အတွင်း ခရီးသွားလုပ်ငန်းရှင်များမှာလည်း ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ခွဲထွက်ရေးအုပ်စုများအကြား တိုက်ပွဲများဖြစ်ပွားနေတဲ့အ တွက် နယ်စပ်ဒေသများမှာ သေနတ်သံများ၊ ပေါက်ကွဲသံများကို လအနည်းငယ်ကြာ မကြာခဏကြားနေရပါတယ်။

အောက်တိုဘာလ ၃ဝ ရက် တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ နယ် ခြားစောင့် ရဲတပ်ဖွဲ့များအကြား နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် ယခုတလော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အဆက်မပြတ် ပစ်ခတ်မှုနဲ့ ကျည်ကျ ရောက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့အတွက် ဝမ်းနည်းပါကြောင်း မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)က တရားဝင်ထုတ်ဖော်ပြောကြားပါတယ်။

အဲ့ဒီဖြစ်စဉ်များအတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြင်းပြင်း ထန်ထန်ရှုတ်ချခဲ့ပြီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP အနေနဲ့ နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တောင်းဆိုခဲ့ပါတယ်။

(ယခု သတင်းပါ ဘန်ဒါဘန်ရိုင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း AA စခန်းများ ရှိနေ သည်ဟု စက်တင်ဘာလ ၁၉ ရက် ရက်စွဲဖြင့် ဒါကာသံအမတ်ကြီး မန်ဂျူရူလ်ကရင်လ်ခမ်ချောင်ဒရီထံ လက်ရောက်ပေးအပ်သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ကန့်ကွက်စာပါ နယ်မြေဖြစ်ကြောင်း သတိပြုမိပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကို ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်၊ မြန်မာစံ တော်ချိန် ၁ဝ နာရီ ၃ဝ မိနစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး အဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော သောင်းကျန်းသူစခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးဆွေးနွေးခြင်း၊ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုပူးပေါင်းဆောင် ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်း ကျန်းသူများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ခိုးဝင်/ထွက်မှုများအား ထိရောက်စွာ တားဆီးနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်နှင့် ၂ဝ၂၂ အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှုများအား ဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကလည်း နယ်စပ်ဒေသလုံခြုံရေးအခြေအနေများ၊ တရားမဝင် ဝင်/ရောက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များအကြား ရှိရင်းစွဲ ရင်းနှီခင်မင်စွာ ဆက်သွယ်ဆက်ဆံရေးကိုအခြေခံ၍ ညှိနှိုင်းပူးပေါင်းဆောင် ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေး နွေးခဲ့ကြသည်။

(Dhaka Tribune., 30 October 2022,” Bandarban tourist ban extended till November 4” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ပူးေပါင္းစစ္ဆင္ေရးမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္နယ္စပ္ ၿမိဳ႕နယ္ေလးခုတြင္ ကမာၻလွည့္ ခရီးသြားလာမႈပိတ္ပင္
Htay Oung (NP News) - ႏိုဝင္ဘာ ၃

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘန္ဒါဘန္ခ႐ိုင္နယ္စပ္ၿမိဳ႕နယ္ (၄)ခုတို႔မွာ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ပူးေပါင္းစစ္ ဆင္ေရးေဆာင္႐ြက္လ်က္ရွိတဲ့အတြက္ ခရီးသြားလာခြင့္ တားျမစ္ထားျခင္းကို အာဏာပိုင္တို႔က ႏိုဝင္ဘာလ (၄)ရက္အထိ သက္တမ္းတိုးျမႇင့္လိုက္တယ္လို႔ Dhaka Tribune ေတာက္တိုဘာလ ၃ဝ ရက္က ေရးသားပါတယ္။

ကမာၻလွည့္ခရီးသြားမ်ား သြားလာခြင့္ ပိတ္ပင္ျခင္းကို ႐ူမာနဲ႔ ႐ိုဝမ္ခ်ာရီ ၿမိဳ႕နယ္မ်ားအတြက္ ေအာက္တိုဘာလ ၁၇ ရက္မွာ ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး သန္ခ်ီနဲ႔အလီခါဒန္ၿမိဳ႕နယ္မ်ားမွာ ေအာက္တိုဘာလ ၂၃ ရက္က ျပ႒ာန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

တားဆီးမႈသက္တမ္းတိုးရန္ ဆုံးျဖတ္ေၾကာင္းအမိန႔္ကို ဘန္ဒါဘန္ခ႐ိုင္လက္ ေထာက္ေကာ္မရွင္နာမင္းႀကီးရဲ႕ တနဂၤေႏြေန႔ လက္မွတ္ေရးထိုးထားတဲ့ အသိေပးစာမွာ ေဖာ္ျပထားပါတယ္။ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ခရီးသြားဧည့္ သည္မ်ားအတြက္ မလိုလားအပ္သည္တို႔ မျဖစ္ပြားေစရန္ ကန႔္သတ္ခ်က္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ပါဝင္ပါတယ္။

ခ႐ိုင္ (ဒုတိယ အတြင္းေရးမႉး) ခ႐ိုင္တရားသူႀကီး (လုပ္႐ိုးလုပ္စဥ္တာဝန္) ရဲ႕ ေအာက္တိုဘာလ ၁၇ ရက္ လက္မွတ္ေရးထိုးထားတဲ့ စာမွာေတာ့ အေျခခံကင္းလွည့္ျခင္းလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ရန္နဲ႔ ခရီးသြားမ်ား ေဘးကင္းလုံၿခဳံေစေရး ေထာက္လွမ္းေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ရန္အတြက္ တား ျမစ္ခ်က္ကို ထုတ္ျပန္လိုက္ေၾကာင္း၊ သန္ခ်ီနဲ႔ အလီခါဒန္ၿမိဳ႕နယ္မ်ားအတြင္း ႏိုင္ငံ ျခားခရီးသြားဧည့္သည္မ်ားအတြက္ ေအာက္တိုဘာလ ၃ဝ ရက္အထိ တားျမစ္ခ်က္ကို ႏိုဝင္ဘာလ ၄ ရက္အထိ သက္တမ္းတိုးျမႇင့္လိုက္ေၾကာင္း ေတြ႕ရွိရပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ဘန္ဒါဘန္ခ႐ိုင္နဲ႔ (အိႏၵိယႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ) ရမ္ဂါမာတီခ႐ိုင္အတြင္း ေဝးလံေခါင္ဖ်ားေဒသမ်ားမွာ ေအာက္တိုဘာလ ၂၁ ရက္စစ္ဆင္ ေရးျပဳလုပ္စဥ္ ခြဲထြက္ေရးသမားမ်ားနဲ႔ ခြဲထြက္ေရးသမားမ်ားလို႔ သံသယရွိသူ ၁ဝ ဦးကို Rapid Action Battalion “လွ်ပ္တျပက္ တုန႔္ျပန္ေရးတပ္ရင္း"(RAB) က ဖမ္း ဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးခံရသူမ်ားအနက္ (အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕) က မၾကာေသးခင္က ဖြဲ႕စည္းထားတဲ့ ေဒသႏၲရစစ္ေသြးႂကြအုပ္စု Jama'atul Ansar Fil Hindal Sharqiya “ဂ်မားတူလ္ အန္ဆာ ဖီလ္ ဟင္ဒယ္လ္ ရွာကီယာ”မွ အဖြဲ႕ဝင္ ခုနစ္ဦးနဲ႔ ခြဲထြက္ေရးအဖြဲ႕အစည္း Kuki-Chin National Front (KNF) “ကူကီ-ခ်င္း အမ်ိဳးသားတပ္ဦး“ မွ သုံးဦး ပါဝင္တယ္လို႔ ဆိုပါတယ္။

အဲ့ဒီေဒသမ်ားမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အင္အားတိုးျမႇင့္ထားၿပီး ခရီးသြားလာခြင့္ ပိတ္ပင္ထားတဲ့အတြက္ တင္းမာမႈမ်ား ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားက ေျပာျပပါတယ္။ ေဆာင္းရာသီတိုင္း ေထာင္နဲ႔ခ်ီတဲ့ ကမာၻလွည့္ခရီးသည္မ်ား လာေရာက္လည္ပတ္ေလ့ရွိတဲ့ ေဒသမွာ ခုလိုတားျမစ္ခ်က္ေၾကာင့္ နယ္ေျမအတြင္းရွိ ဟိုတယ္၊ မိုတယ္နဲ႔ ေဖ်ာ္ေျဖေရးစခန္း ၂ဝဝ ေက်ာ္တို႔မွာ ယခုအခါ တိတ္ဆိတ္ေျခာက္ေသြ႕သြားၿပီး ခ႐ိုင္အတြင္း ခရီးသြားလုပ္ငန္းရွင္မ်ားမွာလည္း ေငြေၾကးဆုံးရႈံးမႈမ်ား ျဖစ္ေပၚေနရပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ ခြဲထြက္ေရးအုပ္စုမ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားေနတဲ့အ တြက္ နယ္စပ္ေဒသမ်ားမွာ ေသနတ္သံမ်ား၊ ေပါက္ကြဲသံမ်ားကို လအနည္းငယ္ၾကာ မၾကာခဏၾကားေနရပါတယ္။

ေအာက္တိုဘာလ ၃ဝ ရက္ တနဂၤေႏြေန႔မွာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ နယ္ ျခားေစာင့္ ရဲတပ္ဖြဲ႕မ်ားအၾကား ႏွစ္ႏိုင္ငံ အလံတင္ေဆြးေႏြးပြဲကို က်င္းပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္လအတြင္း ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈမ်ားေၾကာင့္ ယခုတေလာ ဘဂၤလားေဒ့ရွ္-ျမန္မာနယ္စပ္မွာ အဆက္မျပတ္ ပစ္ခတ္မႈနဲ႔ က်ည္က် ေရာက္မႈမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားခဲ့တဲ့အတြက္ ဝမ္းနည္းပါေၾကာင္း ျမန္မာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ (BGP)က တရားဝင္ထုတ္ေဖာ္ေျပာၾကားပါတယ္။

အဲ့ဒီျဖစ္စဥ္မ်ားအတြက္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) က ျပင္းျပင္း ထန္ထန္ရႈတ္ခ်ခဲ့ၿပီး ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ BGP အေနနဲ႔ နယ္စပ္ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းရန္ ေတာင္းဆိုခဲ့ပါတယ္။

(ယခု သတင္းပါ ဘန္ဒါဘန္႐ိုင္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း AA စခန္းမ်ား ရွိေန သည္ဟု စက္တင္ဘာလ ၁၉ ရက္ ရက္စြဲျဖင့္ ဒါကာသံအမတ္ႀကီး မန္ဂ်ဴ႐ူလ္ကရင္လ္ခမ္ေခ်ာင္ဒရီထံ လက္ေရာက္ေပးအပ္သည့္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး႒ာန၏ ကန႔္ကြက္စာပါ နယ္ေျမျဖစ္ေၾကာင္း သတိျပဳမိပါသည္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား တပ္ရင္းမႉးအဆင့္ အလံတင္ အစည္းအေဝးကို ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၃ဝ ရက္၊ ျမန္မာစံ ေတာ္ခ်ိန္ ၁ဝ နာရီ ၃ဝ မိနစ္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ တကၠနာ့ခ္ၿမိဳ႕၊ Shahparirdwip ေလွဆိပ္၌ က်င္းပခဲ့ပါသည္။

အဆိုပါအစည္းအေဝးသို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အမွတ္ (၁) နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမႉး ယာယီဒုတိယရဲမႉးႀကီး ရဲေဝစိုး ဦးေဆာင္ေသာ ကိုယ္စားလွယ္ ၆ ဦး အဖြဲ႕ႏွင့္ အမွတ္(၂) ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္(တကၠနာ့ဖ္)မွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး Sheikh Khalid Mohammad Iftekhar ဦးေဆာင္ေသာ ကိုယ္စားလွယ္ ၈ ဦးအဖြဲ႕တို႔ တက္ေရာက္ခဲ့ၾကပါသည္။

အစည္းအေဝးတြင္ ျမန္မာဘက္က ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အေျချပဳလႈပ္ရွားေနေသာ ေသာင္းက်န္းသူစခန္းမ်ား၏ တည္ေနရာမ်ားအား ေျမပုံႏွင့္တကြ အသိေပးေဆြးေႏြးျခင္း၊ နယ္စပ္ေဒသ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး ပိုမိုပူးေပါင္းေဆာင္ ႐ြက္ရန္၊ နယ္စပ္ေဒသတြင္ အေျချပဳလႈပ္ရွားသည့္ အၾကမ္းဖက္သမားမ်ား၊ ေသာင္း က်န္းသူမ်ား တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္ရန္၊ ခိုးဝင္/ထြက္မႈမ်ားအား ထိေရာက္စြာ တားဆီးႏိုင္ေရး အေလးထားေဆာင္႐ြက္ေပးရန္ႏွင့္ ၂ဝ၂၂ အတြင္း ႏွစ္ႏိုင္ငံနယ္စပ္ေဒသ၌ မူးယစ္ေဆးဝါးမ်ားကို ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိမႈမ်ားအား ေဆြးေႏြးခဲ့ၿပီး ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ကလည္း နယ္စပ္ေဒသလုံၿခဳံေရးအေျခအေနမ်ား၊ တရားမဝင္ ဝင္/ေရာက္မႈမ်ားကို ထိေရာက္စြာတားဆီးႏွိမ္နင္းေရး၊ မူးယစ္ေဆးဝါးမႈခင္းႏွင့္ လူကုန္ကူးမႈအပါအဝင္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား တိုက္ဖ်က္ေရးအတြက္ ႏွစ္ဖက္နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား ရွိရင္းစြဲ ရင္းႏွီခင္မင္စြာ ဆက္သြယ္ဆက္ဆံေရးကိုအေျခခံ၍ ညႇိႏႈိင္းပူးေပါင္းေဆာင္ ႐ြက္မႈႏွင့္ ေျဖရွင္းေဆာင္႐ြက္ၾကမည္ျဖစ္ေၾကာင္း ရင္းႏွီးပြင့္လင္းစြာ ျပန္လည္ေဆြး ေႏြးခဲ့ၾကသည္။

(Dhaka Tribune., 30 October 2022,” Bandarban tourist ban extended till November 4” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.