ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁ဝ)သိန်းနီးပါး ဖမ်းဆီးရမိ

 607

NP News - နိုဝင်ဘာ ၃

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်(၁ ဒသမ ၄၆)ဘီလျံကျော် တန် ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် နိုဝင်ဘာလ(၂)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တို ဘာလ(၃၁)ရက်၊ နေ့လယ်(၂)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ ရန်ကုန်-မန္တလေးသွားကားလမ်းတွင် ကိုမျိုးမြင့်အောင် မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်(၁ ဒသမ ၄၆)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉ ဒသမ ၇၅)သိန်း နှင့် မြန်မာငွေကျပ် (၁ဝ)သိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှဆိုသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ နေ့လယ်(၂)နာရီခွဲ အချိန်တွင် မူးယစ်ဆေးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုမျိုးညွန့်အောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၅၆)လမ်း၊ (၁၃ဝ) လမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ည(၇)နာရီခွဲအချိန်၌ ကိုကျော်ကျော်ဝင်းအား တံခွန်တိုင်ရပ်ကွက်၊ တံခွန် တိုင်အဝိုင်းအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများသည် မန္တလေးမှ ရခိုင်သို့ သယ် ဆောင်လာခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေငြက်ပ္(၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁ဝ)သိန္းနီးပါး ဖမ္းဆီးရမိ
NP News - ႏိုဝင္ဘာ ၃

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေငြက်ပ္(၁ ဒသမ ၄၆)ဘီလ်ံေက်ာ္ တန္ ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၂)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

မႏၲေလးတိုင္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေအာက္တို ဘာလ(၃၁)ရက္၊ ေန႔လယ္(၂)နာရီအခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္အဝိုင္းအနီး၊ ရန္ကုန္-မႏၲေလးသြားကားလမ္းတြင္ ကိုမ်ိဳးျမင့္ေအာင္ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္အား သတင္းအရ စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ အဆိုပါယာဥ္ေပၚမွ ေဒသကာလတန္ဖိုး ေငြက်ပ္(၁ ဒသမ ၄၆)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉ ဒသမ ၇၅)သိန္း ႏွင့္ ျမန္မာေငြက်ပ္ (၁ဝ)သိန္းတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွဆိုသည္။

ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေန႔လယ္(၂)နာရီခြဲ အခ်ိန္တြင္ မူးယစ္ေဆးမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူမ်ားျဖစ္ၾကသည့္ ကိုမ်ိဳးၫြန႔္ေအာင္အား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဆ)ရပ္ကြက္၊ (၅၆)လမ္း၊ (၁၃ဝ) လမ္းေထာင့္တြင္ ဖမ္းဆီးရမိခဲ့သည္။

ထို႔ျပင္ ည(၇)နာရီခြဲအခ်ိန္၌ ကိုေက်ာ္ေက်ာ္ဝင္းအား တံခြန္တိုင္ရပ္ကြက္၊ တံခြန္ တိုင္အဝိုင္းအနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးျဖင့္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သိရသည္။

ဖမ္းဆီးရမိခဲ့သည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားသည္ မႏၲေလးမွ ရခိုင္သို႔ သယ္ ေဆာင္လာျခင္းျဖစ္ေၾကာင္းသိရသျဖင့္ ၎တို႔အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.