၂ဝ၂၇ ခုနှစ်အထိထပ်မံတိုးလိုက်သည့် စာချုပ်သက်တမ်းအရ မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်ဆန်တန်ချိန် (၃)သိန်းတင်ပို့မည်

 394

ဖူးပြည့် (NP News) - နိုဝင်ဘာ ၃

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင် ရာ နားလည်မှုစာချွန်လွှာအရ ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလမှ ၂ဝ၂၂ ခုနှစ်၊ စက်တင် ဘာလအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ဖြူ နှင့် ပေါင်းဆန်တန်ချိန် (၃)သိန်းအား ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

၂ဝ၂၂ ခုနှစ်တွင် အဆိုပါ နှစ်နိုင်ငံအစိုးရအကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နား လည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည့်အတွက် ငါးနှစ်သက်တမ်းအသစ်ကို ၂ဝ၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၇ ခုနှစ်အထိ မြန် မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် (၂၅ဝဝဝဝ) ထိနှင့် ပေါင်းဆန် တန်ချိန် (၅ဝဝဝဝ)ထိ တို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာသေးမီက ပြောကြားခဲ့သည်။

MoU အရ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation – MRF) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂ဝဝဝဝဝ) တင်ပို့ရန် သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

Sales Contract အရ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၂ဝဝဝဝ) ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကာ တင်ပို့ရန် ကျန်ရှိသည့် ဆန်များအနက် ဆန်တန်ချိန် (၁၅ဝဝဝ) ကျော်မှာ သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်တန်ချိန် (၁၅ဝဝဝဝ) ကျော်ကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂ဝ၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန် (၁) သိန်းအား ၂ဝ၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ ရောင်းချခဲ့ကြောင်းသိရသည်။

zawgyi version
၂ဝ၂၇ ခုႏွစ္အထိထပ္မံတိုးလိုက္သည့္ စာခ်ဳပ္သက္တမ္းအရ ျမန္မာမွ ဘဂၤလားေဒ့ရွ္သို႔ ႏွစ္စဥ္ဆန္တန္ခ်ိန္ (၃)သိန္းတင္ပို႔မည္
ဖူးျပည့္ (NP News) - ႏိုဝင္ဘာ ၃

ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအစိုးရတို႔အၾကား ဆန္စပါး ကုန္သြယ္မႈဆိုင္ ရာ နားလည္မႈစာခြၽန္လႊာအရ ၂ဝ၁၇ ခုႏွစ္၊ စက္တင္ဘာလမွ ၂ဝ၂၂ ခုႏွစ္၊ စက္တင္ ဘာလအထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံမွ ႏွစ္စဥ္ ဆန္ျဖဴ ႏွင့္ ေပါင္းဆန္တန္ခ်ိန္ (၃)သိန္းအား ဝယ္ယူရန္ သေဘာတူညီခဲ့ၾကသည္။

၂ဝ၂၂ ခုႏွစ္တြင္ အဆိုပါ ႏွစ္ႏိုင္ငံအစိုးရအၾကား ဆန္စပါး ကုန္သြယ္မႈဆိုင္ရာ နား လည္မႈစာခြၽန္လႊာ (Memorandum of Understanding - MoU) သက္တမ္းကုန္ဆုံးခဲ့ၿပီျဖစ္သည့္အတြက္ ငါးႏွစ္သက္တမ္းအသစ္ကို ၂ဝ၂၂ ခုႏွစ္၊ စက္တင္ ဘာလတြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါ နားလည္မႈစာခြၽန္လႊာအရ ၂ဝ၂၂ ခုႏွစ္မွ ၂ဝ၂၇ ခုႏွစ္အထိ ျမန္ မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ႏွစ္စဥ္ အမ်ားဆုံး ဆန္ျဖဴတန္ခ်ိန္ (၂၅ဝဝဝဝ) ထိႏွင့္ ေပါင္းဆန္ တန္ခ်ိန္ (၅ဝဝဝဝ)ထိ တို႔အား တင္ပို႔ေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ဆန္တင္ပို႔မႈကို ဘဂၤလားေဒ့ရွ္ႏိုင္ငံအျပင္ အာဖရိကႏိုင္ငံမ်ားႏွင့္ တ႐ုတ္ႏိုင္ငံကိုပါ တိုးျမႇင့္တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မၾကာေသးမီက ေျပာၾကားခဲ့သည္။

MoU အရ ျမန္မာႏိုင္ငံမွာ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (Myanmar Rice Federation – MRF) ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ Directorate General of Food တို႔မွ ဧည့္မထ ၅% တန္းျမင့္ဆန္ တန္ခ်ိန္ (၂ဝဝဝဝဝ) တင္ပို႔ရန္ သေဘာတူ စာခ်ဳပ္ (Sales Contract) ကို ခ်ဳပ္ဆိုခဲ့ၿပီး တင္ပို႔ႏိုင္ေရးအတြက္ ေဆာင္႐ြက္ခဲ့ၾက ေၾကာင္းသိရသည္။

Sales Contract အရ ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္အထိ ျမန္မာႏိုင္ငံမွ ဆန္တန္ခ်ိန္ (၂ဝဝဝဝ) ေက်ာ္ တင္ပို႔ႏိုင္ခဲ့ၿပီးျဖစ္ကာ တင္ပို႔ရန္ က်န္ရွိသည့္ ဆန္မ်ားအနက္ ဆန္တန္ခ်ိန္ (၁၅ဝဝဝ) ေက်ာ္မွာ သေဘၤာတင္ဆဲျဖစ္ၿပီး က်န္ရွိသည့္ ဆန္တန္ခ်ိန္ (၁၅ဝဝဝဝ) ေက်ာ္ကို သတ္မွတ္ကာလအတြင္း ျပည့္မီေအာင္တင္ပို႔ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ပထမအႀကိမ္အျဖစ္ ဆန္တန္ခ်ိန္ (၁) သိန္းအား ၂ဝ၁၇ ခုႏွစ္တြင္ လည္းေကာင္း၊ ဒုတိယအႀကိမ္အျဖစ္ ဆန္တန္ခ်ိန္ (၁) သိန္းအား ၂ဝ၂၁ ခုႏွစ္တြင္လည္းေကာင္း တင္ပို႔ ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.