ချမ်းမြသာစည်မြို့နယ်၌ အိမ်ခြေ(၄၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး သက်ကြီးရွယ်အို(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 608

NP News - နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၄ဝ)ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ(၃)ရက်နေ့ ညနေ(၅)နာရီ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ သရဖီလမ်းသွယ်နှင့် နှင်းဆီလမ်းသွယ်ရှိ ဂံရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား မန္တလေးတိုင်းမီးသတ်ဌာနမှ မီးသတ်ယာဉ်များမှ ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ပြီး ည(၆)နာရီ ကျော်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဌာနမှ သိရသည်။

“မီးလောင်တာက တစ်နာရီနီးပါးလောက်ကြာခဲ့တာပေါ့။ အိမ်ခြေကစုစုပေါင်း(၄၂)လုံး ပျက်စီးခဲ့ပါတယ်” ဟု မန္တလေးတိုင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုကြောင့် အဆိုပါကျေးရွာရှိ ဦးအောင်သန်း(၇၅)နှစ်နှင့် ဒေါ်ခင်မေရီ(၆၃)နှစ်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ(၄၂)လုံးမှ ပြည်သူများအတွက် အစ္စလာမ်ဘာသာ ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကယ်ဆယ်ထားရှိကြောင်း သိရသည်။

အထက်ပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး မီးလောင်မှုအကြောင်းအရင်းအား မသိရသေးကြောင်း မန္တလေးတိုင်းမီးသတ်ဌာနမှ ဆိုသည်။

Zawgyi Version;
ခ်မ္းျမသာစည္ၿမိဳ႕နယ္၌ အိမ္ေျခ(၄၂)လုံး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး သက္ႀကီး႐ြယ္အို(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - ႏိုဝင္ဘာ ၄

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အိမ္ေျခ(၄ဝ)ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း မႏၲေလးတိုင္းမီးသတ္ဌာနမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၃)ရက္ေန႔ ညေန(၅)နာရီ အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ ေတာင္ရပ္ကြက္၊ သရဖီလမ္းသြယ္ႏွင့္ ႏွင္းဆီလမ္းသြယ္ရွိ ဂံ႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈအား မႏၲေလးတိုင္းမီးသတ္ဌာနမွ မီးသတ္ယာဥ္မ်ားမွ ထြက္ခြာ၍ မီးျငႇိမ္းသတ္ခဲ့ၿပီး ည(၆)နာရီ ေက်ာ္အခ်ိန္တြင္ မီးၿငိမ္းခဲ့ေၾကာင္း မႏၲေလးတိုင္းမီးသတ္ဌာနမွ သိရသည္။

“မီးေလာင္တာက တစ္နာရီနီးပါးေလာက္ၾကာခဲ့တာေပါ့။ အိမ္ေျခကစုစုေပါင္း(၄၂)လုံး ပ်က္စီးခဲ့ပါတယ္” ဟု မႏၲေလးတိုင္း မီးသတ္ဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈေၾကာင့္ အဆိုပါေက်း႐ြာရွိ ဦးေအာင္သန္း(၇၅)ႏွစ္ႏွင့္ ေဒၚခင္ေမရီ(၆၃)ႏွစ္တို႔တြင္ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့သည့္ အိမ္ေျခ(၄၂)လုံးမွ ျပည္သူမ်ားအတြက္ အစၥလာမ္ဘာသာ ေက်ာင္းတြင္ ကယ္ဆယ္ေရးစခန္းဖြင့္လွစ္၍ ကယ္ဆယ္ထားရွိေၾကာင္း သိရသည္။

အထက္ပါမီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး မီးေလာင္မႈအေၾကာင္းအရင္းအား မသိရေသးေၾကာင္း မႏၲေလးတိုင္းမီးသတ္ဌာနမွ ဆိုသည္။

Related news

© 2021. All rights reserved.