တွန်ဂါကျွန်းနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံး

 547

ရောင်နီ (NP News) - နိုဝင်ဘာ ၄

တွန်ဂါနိုင်ငံမှာ နိုဝင်ဘာ ၄ ရက်က ဟွန်ဂါတွန်ဂါဟွန်ဂါဟာပိုင်း မီးတောင်မှာ အားပြင်းသော ရေအောက်ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး မီးတောင်ပြာများ ကမ္ဘာ့လေထုထဲသို့ စံချိန်တင် ၅၇ ကီလိုမီတာ အမြင့်ထိ ပျံတက်ရောက်ရှိသွားခဲ့ကြောင်း သုတေသီများက ပြောကြားပါတယ်။

တောင်ပစိဖိတ်ကျွန်းစုနိုင်ငံလေးမှ ဟွန်ဂါမီးတောင်ရဲ့ပေါက်ကွဲမှုကြောင့် မီးတောင်ပြာဖြူပြာရောင် အမှုန်အမွှား များဟာ Mesosphere ခေါ် လေထုရဲ့အအေးပိုင်းအလွှာကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံများစွာကို ကြည့်ရှုကာ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ သိရပါတယ်။

အမှုန်အမွှားများဟာ အဓိကအားဖြင့် ပြာများနဲ့ ဖာလဖာဒိုင်အောက်ဆိုဒ်တို့ ရောနှောကာ ဖွဲ့စည်းထားတာဖြစ်တယ် လို့ လေထုဆိုင်ရာ သိပ္ပံပညာရှင် ဆိုင်မွန်ပရိုဒ်က ပြောကြားပါတယ်။

"ကျွန်တော့်အတွက်တော့ အံ့သြစရာကောင်းတာက မီးတောင်ပေါက်ကွဲမှုရဲ့အမြန်နှုန်းပါပဲ၊ အဲဒါက မိနစ် ၃ဝ အတွင်းမှာ အမြင့် ၅၇ ကီလိုမီတာရှိ တိမ်တိုက်တွေဆီကို မီးတောင်ပြာတွေ ရောက်သွားတယ်၊ မြေပြင်ကနေ ဘယ်လိုမြင်ရမလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး" လို့ ပရိုဒ်က ပြောကြားပါတယ်။

အောက်စဖို့ဒ်လေထုဆိုင်ရာ သိပ္ပံပညာရှင်၊ လေ့လာရေးပူးတွဲရေးသားသူ အန်ဒရူးပရာတာ ကလည်း "ကျွန်မကို အံ့သြမိစေတဲ့အရာတစ်ခုကတော့ အမိုးခုံးပုံစံ ပေါက်ကွဲမှုပါပဲ၊ ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးပါဘူး" လို့ ပြောကြားခဲ့ပါ တယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး မီးတောင်ရဲ့တည်နေရာ ဝေးကွာမှုကြောင့် ပေါက်ကွဲမှု ပြင်းထန်ပေမယ့် ပျက်စီးဆုံးရှုံးမှု အတော်လေးနည်းပါးပါတယ်။

ယခင်ကတော့ မီးတောင်ပြာမှုတ်ထုတ်မှု အမြင့် စံချိန်တင် ပေါက်ကွဲမှုတွေမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပီနာတူဘို မီးတောင် (၁၉၉၁ ခုနှစ်၊ မှုတ်ထုတ်နိုင်မှု အကွာအဝေး ၄ဝ ကီလိုမီတာ) နဲ့ ဦးဆောင်ခဲ့ပြီး မက္ကဆီကိုရဲ့ အဲလ်ချီချွန် မီးတောင် ( ၁၉၈၂ ခုနှစ် ၊ မှုတ်ထုတ်နိုင်မှု အကွာအဝေး ၃၁ ကီလိုမီတာ) ကတော့ ဒုတိနေရာမှာ ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version;
တြန္ဂါကြၽန္းႏိုင္ငံမွာ မီးေတာင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူ ၆ ဦးေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄

တြန္ဂါႏိုင္ငံမွာ ႏိုဝင္ဘာ ၄ ရက္က ဟြန္ဂါတြန္ဂါဟြန္ဂါဟာပိုင္း မီးေတာင္မွာ အားျပင္းေသာ ေရေအာက္ေပါက္ကြဲ မႈျဖစ္ပြားခဲ့ၿပီး မီးေတာင္ျပာမ်ား ကမာၻ႔ေလထုထဲသို႔ စံခ်ိန္တင္ ၅၇ ကီလိုမီတာ အျမင့္ထိ ပ်ံတက္ေရာက္ရွိသြားခဲ့ ေၾကာင္း သုေတသီမ်ားက ေျပာၾကားပါတယ္။

ေတာင္ပစိဖိတ္ကြၽန္းစုႏိုင္ငံေလးမွ ဟြန္ဂါမီးေတာင္ရဲ႕ေပါက္ကြဲမႈေၾကာင့္ မီးေတာင္ျပာျဖဴျပာေရာင္ အမႈန္အမႊား မ်ားဟာ Mesosphere ေခၚ ေလထုရဲ႕အေအးပိုင္းအလႊာကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ေၾကာင္း မွတ္တမ္းတင္ထား တဲ့ ၿဂိဳဟ္တုဓာတ္ပုံမ်ားစြာကို ၾကည့္ရႈကာ သိပၸံပညာရွင္မ်ားရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

အမႈန္အမႊားမ်ားဟာ အဓိကအားျဖင့္ ျပာမ်ားနဲ႔ ဖာလဖာဒိုင္ေအာက္ဆိုဒ္တို႔ ေရာေႏွာကာ ဖြဲ႕စည္းထားတာျဖစ္တယ္ လို႔ ေလထုဆိုင္ရာ သိပၸံပညာရွင္ ဆိုင္မြန္ပ႐ိုဒ္က ေျပာၾကားပါတယ္။

"ကြၽန္ေတာ့္အတြက္ေတာ့ အံ့ၾသစရာေကာင္းတာက မီးေတာင္ေပါက္ကြဲမႈရဲ႕အျမန္ႏႈန္းပါပဲ၊ အဲဒါက မိနစ္ ၃ဝ အတြင္းမွာ အျမင့္ ၅၇ ကီလိုမီတာရွိ တိမ္တိုက္ေတြဆီကို မီးေတာင္ျပာေတြ ေရာက္သြားတယ္၊ ေျမျပင္ကေန ဘယ္လိုျမင္ရမလဲဆိုတာ ေတြးၾကည့္လို႔ေတာင္ မရဘူး" လို႔ ပ႐ိုဒ္က ေျပာၾကားပါတယ္။

ေအာက္စဖို႔ဒ္ေလထုဆိုင္ရာ သိပၸံပညာရွင္၊ ေလ့လာေရးပူးတြဲေရးသားသူ အန္ဒ႐ူးပရာတာ ကလည္း "ကြၽန္မကို အံ့ၾသမိေစတဲ့အရာတစ္ခုကေတာ့ အမိုးခုံးပုံစံ ေပါက္ကြဲမႈပါပဲ၊ ဒီလိုမ်ိဳး တစ္ခါမွမေတြ႕ဖူးပါဘူး" လို႔ ေျပာၾကားခဲ့ပါ တယ္။ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ လူ ၆ ဦးေသဆုံးၿပီး မီးေတာင္ရဲ႕တည္ေနရာ ေဝးကြာမႈေၾကာင့္ ေပါက္ကြဲမႈ ျပင္းထန္ေပမယ့္ ပ်က္စီးဆုံးရႈံးမႈ အေတာ္ေလးနည္းပါးပါတယ္။

ယခင္ကေတာ့ မီးေတာင္ျပာမႈတ္ထုတ္မႈ အျမင့္ စံခ်ိန္တင္ ေပါက္ကြဲမႈေတြမွာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ပီနာတူဘို မီးေတာင္ (၁၉၉၁ ခုႏွစ္၊ မႈတ္ထုတ္ႏိုင္မႈ အကြာအေဝး ၄ဝ ကီလိုမီတာ) နဲ႔ ဦးေဆာင္ခဲ့ၿပီး မကၠဆီကိုရဲ႕ အဲလ္ခ်ီခြၽန္ မီးေတာင္ ( ၁၉၈၂ ခုႏွစ္ ၊ မႈတ္ထုတ္ႏိုင္မႈ အကြာအေဝး ၃၁ ကီလိုမီတာ) ကေတာ့ ဒုတိေနရာမွာ ရွိေနခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.