TikTok ထက်တွင် သမဏသာရုပ္ပမဖြစ်သော အပြုအမူများပြုလုပ်သူ ရဟန်းတစ်ပါးကို ကိုလူဝတ်လဲကာ အရေးယူ

 1548

သက်ပိုင် (NP News) - စက်တင်ဘာ ၈

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၌ TikTok တွင် သမဏသာရုပ္ပမဖြစ်သော အပြုအမူများ ပြုလုပ်သူ ရဟန်းတစ်ပါးကို ကိုလူဝတ်လဲကာ အရေးယူခဲ့ကြောင်း သိရသည်။

ကိုယ်တော်တစ်ပါး TikTok တွင် သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြ တိုင်ကြားလျှောက်ထားမှုကြောင့် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သာသနာတော်ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါစေလျက် အဆိုပါ TikTok ဆော့ကစားသည့် ကိုယ်တော်နေထိုင်ရာ ကျောင်းတိုက်အတွင်းသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းတိုက်သို့ရောက်ရှိစဉ် အဆိုပါကိုယ်တော်မှာ Tik Tok ဆော့နေသည်ကိုတွေ့ရကြောင်း နှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လူဝတ်လဲစေပြီး သာသနာညှိုးနွမ်းမှု ပုဒ်မဖြင့် အရေးယူ ဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Tik Tok ဆော့ကစားသည့် ရဟန်းဘွဲ့အမည်မှာ သုန္ဒရ(ခ) ကျော်စိုးဦး (အဘ) ဦးသိန်းတန်ဖြစ်ကာ အသက်(၄၁) နှစ်၊ သိက္ခာ(၄)ဝါသာ ရှိသေးပြီး ဇာတိ-ဧရာဝတီတိုင်းသားဖြစ်ပြီး ကလေးဝမြို့နယ် ရွာတစ်ရွာမှာနေပြီး စစ်ဘေးရှောင်ပုဂ္ဂိုလ်အဖြစ် ယခုကျောင်း၌ လာရောက်တည်းခို ဝါဆိုခြင်းကြောင်း သိရသည်။

TikTok , Facebook စသော လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွင် ရဟန်း၊ သာမဏေ နှင့် သီလရှင်များက ဆိုခြင်း၊ ကခြင်း စသည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများ မပြုလုပ်စေရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း(၁၁)ရက်၊ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

Zawgyi Version:
TikTok ထက္တြင္ သမဏသာ႐ုပၸမျဖစ္ေသာ အျပဳအမူမ်ားျပဳလုပ္သူ ရဟန္းတစ္ပါးကို ကိုလူဝတ္လဲကာ အေရးယူ
သက္ပိုင္ (NP News) - စက္တင္ဘာ ၈

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္၌ TikTok တြင္ သမဏသာ႐ုပၸမျဖစ္ေသာ အျပဳအမူမ်ား ျပဳလုပ္သူ ရဟန္းတစ္ပါးကို ကိုလူဝတ္လဲကာ အေရးယူခဲ့ေၾကာင္း သိရသည္။

ကိုယ္ေတာ္တစ္ပါး TikTok တြင္ သီခ်င္းမ်ားျဖင့္ ေဆာ့ကစားေနေၾကာင္း သက္ဆိုင္ရာတာဝန္ရွိ ပုဂၢိဳလ္မ်ားက ခ်မ္းေအးသာစံၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ထံ တင္ျပ တိုင္ၾကားေလွ်ာက္ထားမႈေၾကာင့္ ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ဥကၠ႒ဆရာေတာ္၊ သာသနာေတာ္ထိန္းအဖြဲ႕ဆရာေတာ္မ်ား၊ ခ႐ိုင္သာသနာေရးဌာနမွ တာဝန္ရွိပုဂၢိဳလ္မ်ား ႏွင့္ နယ္ေျမခံတာဝန္ရွိပုဂၢိဳလ္မ်ား လိုက္ပါေစလ်က္ အဆိုပါ TikTok ေဆာ့ကစားသည့္ ကိုယ္ေတာ္ေနထိုင္ရာ ေက်ာင္းတိုက္အတြင္းသို႔ သြားေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ေက်ာင္းတိုက္သို႔ေရာက္ရွိစဥ္ အဆိုပါကိုယ္ေတာ္မွာ Tik Tok ေဆာ့ေနသည္ကိုေတြ႕ရေၾကာင္း ႏွင့္ ဥပေဒအရ အေရးယူေဆာင္႐ြက္ႏိုင္ရန္ လူဝတ္လဲေစၿပီး သာသနာညႇိဳးႏြမ္းမႈ ပုဒ္မျဖင့္ အေရးယူ ေဆာင္႐ြက္သြားရန္ သက္ဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ားက ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

Tik Tok ေဆာ့ကစားသည့္ ရဟန္းဘြဲ႕အမည္မွာ သုႏၵရ(ခ) ေက်ာ္စိုးဦး (အဘ) ဦးသိန္းတန္ျဖစ္ကာ အသက္(၄၁) ႏွစ္၊ သိကၡာ(၄)ဝါသာ ရွိေသးၿပီး ဇာတိ-ဧရာဝတီတိုင္းသားျဖစ္ၿပီး ကေလးဝၿမိဳ႕နယ္ ႐ြာတစ္႐ြာမွာေနၿပီး စစ္ေဘးေရွာင္ပုဂၢိဳလ္အျဖစ္ ယခုေက်ာင္း၌ လာေရာက္တည္းခို ဝါဆိုျခင္းေၾကာင္း သိရသည္။

TikTok , Facebook စေသာ လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာတြင္ ရဟန္း၊ သာမေဏ ႏွင့္ သီလရွင္မ်ားက ဆိုျခင္း၊ ကျခင္း စသည့္ သမဏသာ႐ုပၸမျဖစ္ေသာ အျပဳအမူမ်ား မျပဳလုပ္ေစေရးအတြက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က ၁၃၈၄ ခုႏွစ္၊ တပို႔တြဲလဆန္း(၁၁)ရက္၊ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၃၁)ရက္ ေန႔စြဲျဖင့္ ထုတ္ျပန္ထားေၾကာင္း သိရသည္။

Picture

Marix Naw

08/09/2025 23:46

https://www.tiktok.com/@bozilay?_t=ZS- 8zYrD1SgIyo&_r=1 @bozilay သုံးကျမ်းအောင် ရဟန်းက သူ့ထက်ပိုဆိုးတယ် အဲ့တာကျ အရေးမယူဘူး

Related news

© 2021. All rights reserved.