မော်ရိုကို ရှုံးနိမ့်မှုကို မကျေနပ်တဲ့အတွက် ဘယ်လ်ဂျီယံနိုင်ငံမှာ ကားများကို မီးရှို့ဆန္ဒပြမှုဖြစ်ပွား

 616

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၈

နိုဝင်ဘာ ၂၇ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အတွင်း မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်မှုအပေါ် မကျေနပ်တဲ့အတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့လည်ခေါင်မှာ ဘောလုံးပရိသတ်တွေဟာ အကြမ်းဖက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ရာ ရဲများနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲ ခဲ့ရတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံအသင်း ပရိသတ်တွေဟာ ရှုံးနိမ့်မှုကို မကျေနပ်တဲ့အတွက် စျေးဆိုင်တံခါးများကို ဖျက်ဆီးခဲ့သလို မီးရှုးမီးပန်းများ ပစ်ပေါက်ခြင်း၊ ကားတွေကို မီးတင်ရှို့ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်ဆန္ဒပြခဲ့တဲ့ ဘောလုံးပရိသတ် ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က " ဘောလုံးပရိသတ်ပေါင်း ဒါဇင်ချီဟာ ဘောလုံးပွဲမပြီးခင်ကတည်းက လမ်းမပေါ်ထွက်ပြီး အကြမ်းဖက် ဆန္ဒပြတာ မျိုးလုပ်ဖို့ ကြိုးပမ်းနေခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တယ်" လို့ပြောပါတယ်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပရိသတ်အချို့ဟာ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားပြီး မီးပန်းတွေ ပစ်လွှတ် ခဲ့လို့ ဂျာနယ်လစ်တစ်ဦး မျက်နှာကို ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်ဒါဇင်ချီဟာ မြို့အလယ်မှာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ ဘောလုံးပရိသတ်တွေကို ဖြိုခွင်းဖို့ လာရောက်ခဲ့ပြီး၊ ဒေသခံတွေကို မြို့အလယ်ကို မလာဖို့ သတိပေးခဲ့ရတယ်လို့ သိရပါတယ်။

မြို့တွင်း ဘူတာတွေကို ပိတ်သိမ်းခဲ့ရပြီး အကြမ်းဖက်မှုတွေ ပျံ့နှံ့မှုမဖြစ်အောင် လမ်းတွေကို အကန့်အသတ်နဲ့ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ရကြောင်း၊ ထောက်လှမ်းရေး ရဟတ်ယာဉ်များကိုလည်း မြို့အနှံ့စေလွှတ်ခဲ့ကာ စောင့်ကြည့်ခဲ့ရကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ မော်ရိုကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်မှုဖြစ်ပွားခဲ့တဲ့အတွက် အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ခရိုအေးရှားနဲ့ ကစားရမှာဖြစ်ပါတယ်။

Zawgyi Version;
ေမာ္႐ိုကို ရႈံးနိမ့္မႈကို မေက်နပ္တဲ့အတြက္ ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ကားမ်ားကို မီးရႈိ႕ဆႏၵျပမႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၈

ႏိုဝင္ဘာ ၂၇ ရက္က ကစားခဲ့တဲ့ ကမာၻ႔ဖလားအုပ္စုပြဲစဥ္အတြင္း ေမာ္႐ိုကိုအသင္းကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္မႈအေပၚ မေက်နပ္တဲ့အတြက္ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရက္ဆဲလ္ၿမိဳ႕လည္ေခါင္မွာ ေဘာလုံးပရိသတ္ေတြဟာ အၾကမ္းဖက္ ဆႏၵျပမႈေတြ လုပ္ေဆာင္ခဲ့ရာ ရဲမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား အသုံးျပဳကာ လူစုခြဲ ခဲ့ရတယ္လို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယံအသင္း ပရိသတ္ေတြဟာ ရႈံးနိမ့္မႈကို မေက်နပ္တဲ့အတြက္ ေစ်းဆိုင္တံခါးမ်ားကို ဖ်က္ဆီးခဲ့သလို မီးရႈးမီးပန္းမ်ား ပစ္ေပါက္ျခင္း၊ ကားေတြကို မီးတင္ရႈိ႕ျခင္းမ်ား လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ဟာ အၾကမ္းဖက္ဆႏၵျပခဲ့တဲ့ ေဘာလုံးပရိသတ္ ၁၁ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က " ေဘာလုံးပရိသတ္ေပါင္း ဒါဇင္ခ်ီဟာ ေဘာလုံးပြဲမၿပီးခင္ကတည္းက လမ္းမေပၚထြက္ၿပီး အၾကမ္းဖက္ ဆႏၵျပတာ မ်ိဳးလုပ္ဖို႔ ႀကိဳးပမ္းေနခဲ့ၿပီး ရဲေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တယ္" လို႔ေျပာပါတယ္။

ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ပရိသတ္အခ်ိဳ႕ဟာ နံပါတ္တုတ္ေတြ ကိုင္ေဆာင္ထားၿပီး မီးပန္းေတြ ပစ္လႊတ္ ခဲ့လို႔ ဂ်ာနယ္လစ္တစ္ဦး မ်က္ႏွာကို ဒဏ္ရာရခဲ့တယ္လို႔ေျပာပါတယ္။ ရဲတပ္ဖြဲ႕ဝင္ဒါဇင္ခ်ီဟာ ၿမိဳ႕အလယ္မွာ အၾကမ္းဖက္မႈေတြ လုပ္ေနတဲ့ ေဘာလုံးပရိသတ္ေတြကို ၿဖိဳခြင္းဖို႔ လာေရာက္ခဲ့ၿပီး၊ ေဒသခံေတြကို ၿမိဳ႕အလယ္ကို မလာဖို႔ သတိေပးခဲ့ရတယ္လို႔ သိရပါတယ္။

ၿမိဳ႕တြင္း ဘူတာေတြကို ပိတ္သိမ္းခဲ့ရၿပီး အၾကမ္းဖက္မႈေတြ ပ်ံ႕ႏွံ႔မႈမျဖစ္ေအာင္ လမ္းေတြကို အကန႔္အသတ္နဲ႔ ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ခဲ့ရေၾကာင္း၊ ေထာက္လွမ္းေရး ရဟတ္ယာဥ္မ်ားကိုလည္း ၿမိဳ႕အႏွံ႔ေစလႊတ္ခဲ့ကာ ေစာင့္ၾကည့္ခဲ့ရေၾကာင္း ဘယ္လ္ဂ်ီယံရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ေမာ္႐ိုကို ၂ ဂိုးျပတ္နဲ႔ ရႈံးနိမ့္မႈျဖစ္ပြားခဲ့တဲ့အတြက္ အမွတ္ေပးဇယားရဲ႕ တတိယေနရာမွာ ရပ္တည္ေနခဲ့ၿပီး အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ခ႐ိုေအးရွားနဲ႔ ကစားရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.