တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့ ရုရှားသမ္မတပူတင်တို့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးမယ်

737

ဂျန်ဇက် (NP News) - မေ ၁၅
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ရုရှားသမ္မတပူတင်ဟာ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ကာ တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့ တွေ့ဆုံ ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ရုရှားသမ္မတပူတင်ဟာ တရုတ်နိုင်ငံကိုမေလ ၁၆ ရက် နဲ့ ၁၇ ရက်တို့မှာ လာရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ၎င်းက "တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ ပူတင်နဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးကြမယ်။ နိုင်ငံတကာရေးရာကိစ္စတွေအပြင် အခြားကိစ္စတွေကိုလည်း ဆွေးနွေးမယ်" လို့ ပြောပါတယ်။
တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတနှစ်ဦးဟာ ပူးတွဲကြေညာချက်ထုတ်ပြန်မှာဖြစ်ပြီး နှစ်နိုင်ငံကြားသံတမန် ဆက်ဆံရေးတည်ထောင်မှု ၇၅ နှစ်ပြည့်အခမ်းအနားကို တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ရုရှားသမ္မတဟာ တရုတ်ဝန်ကြီးချုပ်ဖြစ်သူနဲ့လည်းတွေ့ဆုံကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေကို ဆွေးနွေးဖွယ်ရှိနေပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံဟာအမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများရဲ့ ဖိအား မျိုးစုံရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံနဲ့ အပြန်အလှန်ရင်းနှီးဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟာလည်း ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္သမၼတရွီက်င့္ဖ်င့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ ဒီသီတင္းပတ္အတြင္း ေတြ႕ဆုံေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - ေမ ၁၅
အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ႐ုရွားသမၼတပူတင္ဟာ ဒီသီတင္းပတ္အတြင္း တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးသြားေရာက္ကာ တ႐ုတ္သမၼတရွီက်င့္ဖ်င့္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ဝမ္ဝမ္ဘင္းက ႐ုရွားသမၼတပူတင္ဟာ တ႐ုတ္ႏိုင္ငံကိုေမလ ၁၆ ရက္ နဲ႔ ၁၇ ရက္တို႔မွာ လာေရာက္မွာျဖစ္ေၾကာင္း သိရပါတယ္။ ၎က "တ႐ုတ္သမၼတရွီက်င့္ဖ်င့္ဟာ ပူတင္နဲ႔ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကမယ္။ ႏိုင္ငံတကာေရးရာကိစၥေတြအျပင္ အျခားကိစၥေတြကိုလည္း ေဆြးေႏြးမယ္" လို႔ ေျပာပါတယ္။
ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ သမၼတႏွစ္ဦးဟာ ပူးတြဲေၾကညာခ်က္ထုတ္ျပန္မွာျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကားသံတမန္ ဆက္ဆံေရးတည္ေထာင္မႈ ၇၅ ႏွစ္ျပည့္အခမ္းအနားကို တက္ေရာက္မွာျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားသမၼတဟာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ျဖစ္သူနဲ႔လည္းေတြ႕ဆုံကာ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရးကိစၥေတြကို ေဆြးေႏြးဖြယ္ရွိေနပါတယ္။
ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏိုင္ငံဟာအေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ဖိအား မ်ိဳးစုံရင္ဆိုင္ေနရခ်ိန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ အျပန္အလွန္ရင္းႏွီးဆက္ဆံမႈေတြ ပိုမိုလုပ္ေဆာင္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ ဟာလည္း ထိုင္ဝမ္အေရး၊ ေတာင္တ႐ုတ္ပင္လယ္အေရးတို႔နဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံနဲ႔ တင္းမာမႈေတြ၊ အျငင္းပြားမႈေတြျဖစ္ပြားေနေၾကာင္း သိရပါတယ္။