ဒေါ်နယ်ထရမ့်က ယခင်အမေရိကန်သမ္မတဟောင်းတွေနဲ့မတူဘူးလို့ ဒုသမ္မတပြော

420

Pika (NP News) - ဇွန် ၂၄
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယခင်အမေရိကန်သမ္မတဟောင်းတွေလိုမျိုး မဟုတ်ဘူးလို့ ဒုသမ္မတ J.D. Vance က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံရဲ့ အီရန်အပေါ်တိုက်ခိုက်မှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့ ယခင်အမေရိကန်စစ်ပွဲတွေကြား နှိုင်းယှဉ်မှုတွေကို J.D. Vance က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ အကန့်အသတ်ရှိပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေမှာ အမြစ်တွယ်ထားတယ်လို့ J.D. Vance ကပြောကြားခဲ့ပါတယ်။ J.D. Vance က "ကျွန်တော်တို့က အီရန်နဲ့စစ်ဖြစ်နေတာမဟုတ်ပါဘူး။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့စစ်ဖြစ်နေတာပါ" လို့ပြောဆိုခဲ့ပါတယ်။ ဇွန်လ(၂၁)ရက်က အီရန်အပေါ် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို တိကျတဲ့စစ်ဆင်ရေးတစ်ခုအဖြစ် J.D. Vance က ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးတော့ အမေရိကန်နိုင်ငံဟာ အခြားရှည်လျားတဲ့ပဋိပက္ခတစ်ခုဆီကို ဆွဲငင်သွားခံရနိုင်တာနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို J.D. Vance က တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ J.D. Vance က "အဲဒါက ခေါင်းဆောင်မှုအပိုင်းမှာပဲ မူတည်ပါတယ်။ သေချာတာကတော့ ဒေါ်နယ်ထရမ့်ဟာ ယခင်အမေရိကန်သမ္မတဟောင်းတွေနဲ့ လုံးဝမတူပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။
zawgyi version
ေဒၚနယ္ထရမ့္က ယခင္အေမရိကန္သမၼတေဟာင္းေတြနဲ႔မတူဘူးလို႔ ဒုသမၼတေျပာ
Pika (NP News) - ဇြန္ ၂၄
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ယခင္အေမရိကန္သမၼတေဟာင္းေတြလိုမ်ိဳး မဟုတ္ဘူးလို႔ ဒုသမၼတ J.D. Vance က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံရဲ႕ အီရန္အေပၚတိုက္ခိုက္မႈေတြနဲ႔ အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားခဲ့တဲ့ ယခင္အေမရိကန္စစ္ပြဲေတြၾကား ႏႈိင္းယွဥ္မႈေတြကို J.D. Vance က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ လုပ္ေဆာင္ေနတဲ့ အေမရိကန္ရဲ႕လုပ္ရပ္ေတြဟာ အကန႔္အသတ္ရွိၿပီး အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ရည္မွန္းခ်က္ေတြမွာ အျမစ္တြယ္ထားတယ္လို႔ J.D. Vance ကေျပာၾကားခဲ့ပါတယ္။ J.D. Vance က "ကြၽန္ေတာ္တို႔က အီရန္နဲ႔စစ္ျဖစ္ေနတာမဟုတ္ပါဘူး။ အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔စစ္ျဖစ္ေနတာပါ" လို႔ေျပာဆိုခဲ့ပါတယ္။ ဇြန္လ(၂၁)ရက္က အီရန္အေပၚ လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြကို တိက်တဲ့စစ္ဆင္ေရးတစ္ခုအျဖစ္ J.D. Vance က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ အေမရိကန္ႏိုင္ငံဟာ အျခားရွည္လ်ားတဲ့ပဋိပကၡတစ္ခုဆီကို ဆြဲငင္သြားခံရႏိုင္တာနဲ႔ပတ္သက္တဲ့ စိုးရိမ္မႈေတြကို J.D. Vance က တုံ႔ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ J.D. Vance က "အဲဒါက ေခါင္းေဆာင္မႈအပိုင္းမွာပဲ မူတည္ပါတယ္။ ေသခ်ာတာကေတာ့ ေဒၚနယ္ထရမ့္ဟာ ယခင္အေမရိကန္သမၼတေဟာင္းေတြနဲ႔ လုံးဝမတူပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။