စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) တက်ရောက်ရန် နစကဥက္ကဋ္ဌ ဘယ်လာရုစ်သွားမည်

382

သန့်ဇင် (NP News) - ဇွန် ၂၄
စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025) တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ခရီးစဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Alexander Grigoryevich Lukashenko ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်ကာ အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွား မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္(EEF 2025) တက္ေရာက္ရန္ နစကဥကၠ႒ ဘယ္လာ႐ုစ္သြားမည္
သန႔္ဇင္ (NP News) - ဇြန္ ၂၄
စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္(EEF 2025) တက္ေရာက္ရန္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံသို႔ မၾကာမီရက္ပိုင္းအတြင္း သြားေရာက္မည္ျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ခရီးစဥ္ကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က EAEU ၏ အလွည့္က်ဥကၠ႒ျဖစ္သည့္ H.E. Mr. Alexander Grigoryevich Lukashenko ဖိတ္ၾကားခ်က္အရ တရားဝင္ခရီးစဥ္သြားေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း နစကဥကၠ႒သည္ စတုတၳအႀကိမ္ ဥေရာပ-အာရွစီးပြားေရးဖိုရမ္(EEF 2025)သို႔ တက္ေရာက္ျခင္း၊ EAEU ၏အလွည့္က် ဥကၠ႒ျဖစ္သည့္ ဘယ္လာ႐ုစ္ႏိုင္ငံသမၼတႏွင့္ သီးျခားေတြ႕ဆုံ ေဆြးေႏြးျခင္း၊ ဥေရာပ-အာရွ စီးပြားေရးေကာ္မရွင္ဘုတ္အဖြဲ႕ဥကၠ႒ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြားေရာက္ေလ့လာျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ားႏွင့္ Eurasian Economic Union EAEU အဖြဲ႕ဝင္ ႏိုင္ငံမ်ားႏွင့္ စီးပြားေရး ဖြံၿဖိဳးတိုးတက္မႈဆိုင္ရာကိစၥရပ္မ်ားကို ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ နစကဥကၠ႒သည္ ဘယ္လာ႐ုစ္ႏိုင္ငံမွတစ္ဆင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ဘူရားတီးရား ျပည္နယ္အႀကီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ္ၾကားခ်က္အရ ဘူရားတီးရားျပည္နယ္သို႔ သြားေရာက္ကာ အထင္ကရေနရာမ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ ဆက္လက္ေလ့လာသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ခရီးစဥ္မ်ားတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ား၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားႏွင့္ စစ္ဘက္၊ နယ္ဘက္မွအဆင့္ျမင့္ အရာရွိႀကီးမ်ား လိုက္ပါသြား မည္ျဖစ္ေၾကာင္း သိရသည္။