အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို မြောက်ကိုရီးယားပြစ်တင်ရှုတ်ချ

 251

Pika (NP News) - ဇွန် ၂၄

အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ လုံခြုံရေးအကျိုးစီးပွားတွေနဲ့ ပိုင်နက်အခွင့်အရေးတွေကို ပြင်းထန်စွာချိုးဖောက်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့အစ္စရေးတို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ လက်ရှိဖြစ်ပွားလျက်ရှိတဲ့ တင်းမာမှုတွေရဲ့ တရားခံတွေဖြစ်တယ်လို့လည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ မြောက်ကိုရီးယားအစိုးရက "အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန် နင်းခြေထားတဲ့ အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကို ကျွန်တောတို့ပြစ်တင်ရှုတ်ချပါတယ်။ တရားမျှတတဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုလုပ်ရပ်တွေကို တစ်ညီတစ်ညွတ်တည်းပြစ်တင်ရှုတ်ချသင့်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၂၁)ရက်နေ့မှာ အမေရိကန်က အီရန်ရဲ့နျူကလီးယားစက်ရုံ(၃)ခုကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားအစိုးရရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အီရန်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ ၎င်းတို့ရဲ့မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး ပဲ့ထိန်းဒုံးကျည်တွေတီထွင်ထုတ်လုပ်တာအပါအဝင် နှစ်နိုင်ငံကြားစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို နှစ်ပေါင်းများစွာကြာအောင် အနောက်အုပ်စုနိုင်ငံတွေက သံသယဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

zawgyi version
အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြကို ေျမာက္ကိုရီးယားျပစ္တင္ရႈတ္ခ်
Pika (NP News) - ဇြန္ ၂၄

အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြကို အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုရဲ႕ လုံၿခဳံေရးအက်ိဳးစီးပြားေတြနဲ႔ ပိုင္နက္အခြင့္အေရးေတြကို ျပင္းထန္စြာခ်ိဳးေဖာက္မႈတစ္ခုအျဖစ္ ေျမာက္ကိုရီးယားအစိုးရက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့ျပင္ အေမရိကန္နဲ႔အစၥေရးတို႔ဟာ အေရွ႕အလယ္ပိုင္းေဒသမွာ လက္ရွိျဖစ္ပြားလ်က္ရွိတဲ့ တင္းမာမႈေတြရဲ႕ တရားခံေတြျဖစ္တယ္လို႔လည္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ေျမာက္ကိုရီးယားအစိုးရက "အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုရဲ႕ နယ္ေျမစိုးမိုးေရးနဲ႔ လုံၿခဳံေရးအက်ိဳးစီးပြားေတြကို ျပင္းျပင္းထန္ထန္ နင္းေျခထားတဲ့ အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြကို ကြၽန္ေတာတို႔ျပစ္တင္ရႈတ္ခ်ပါတယ္။ တရားမွ်တတဲ့ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ ထိပ္တိုက္ရင္ဆိုင္မႈလုပ္ရပ္ေတြကို တစ္ညီတစ္ၫြတ္တည္းျပစ္တင္ရႈတ္ခ်သင့္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇြန္လ(၂၁)ရက္ေန႔မွာ အေမရိကန္က အီရန္ရဲ႕န်ဴကလီးယားစက္႐ုံ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားအစိုးရရဲ႕ ျပစ္တင္ရႈတ္ခ်မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အီရန္နဲ႔ေျမာက္ကိုရီးယားႏိုင္ငံတို႔ဟာ ၎တို႔ရဲ႕မိတ္ဖက္ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းထားၿပီး ပဲ့ထိန္းဒုံးက်ည္ေတြတီထြင္ထုတ္လုပ္တာအပါအဝင္ ႏွစ္ႏိုင္ငံၾကားစစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အေနာက္အုပ္စုႏိုင္ငံေတြက သံသယဝင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.