မဲပေးစက်ဆိုင်ရာအသိပညာပေးမှုများကို အမြန်ဆုံး ဆောင်ရွက်ရန်လိုအပ်နေ

 362

သက်ပိုင်(NP News)စက်တင်ဘာ ၄
လာမည့်ရွေးကောက်ပွဲကာလတွင် အသုံးပြုမည့် မဲပေးစက်များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက NP News သို့ ပြောသည်။
လက်ရှိတွင် ရခိုင်မှ ပြည်သူများမှာ မဲပေးစက်ကို မမြင်ဖူးကြသေးကြောင်းနှင့်မိမိကိုယ်တိုင်လည်း မဲပေးစက်ကို အပြင်တွင် တွေ့မြင်ဖူးခြင်း မရှိသေးကြောင်း ရခိုင်အမျိုးသားများပါတီ တည်ထောင်သူ ဦးဘရှိန်က ဆိုသည်။
“ကျွန်တော်တို့ကို မဲပေးမယ့် လူတွေကိုလည်း “မင်းတို့ကြိုးစားပြီးမဲပေးကြ၊ ကိုယ်ပေးချင်တဲ့ သင်္ကေတအမှတ်အသားကို ပေးနိုင်အောင်ကြိုးစားကြ။ ငါတို့ကိုယ်တိုင်လည်း မသိသေးဘူး။ Voter Education လုပ်ဖို့ငါတို့မှာ ဘယ်လိုပုံစံနဲ့ပြောရမယ်ဆိုတာထက် ငါလည်းစက်ကိုတောင် မမြင်ဖူးသေးဘူး။ ဓာတ်ပုံတွေလောက်မှာပဲ မြင်ဖူးသေးတယ်လို့ ပြောထားရတယ်” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲကာလတွင် အသုံးပြုမည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)မှာ အသုံးပြုရလွယ်ကူပြီး ပြည်သူများနားလည်လွယ်နိုင်သည့်အဆင့်တွင်ရှိနေကြောင်းနှင့် မကြာမီကာလတွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သဖြင့် Voter Education ကိုပိုမို ပြုလုပ်သင့် ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ တွဲဘက်ဥက္ကဌ ဦးထက်အောင်ကျော်က ပြောသည်။
“မဲပေးစက်တွေကတော့ တော်တော်ကို ရိုးရိုးရှင်းရှင်း တည်ဆာက်ထားတာဖြစ်တဲ့အတွက်ကြောင့် သိပ်တော့ခဲယဉ်းမယ် မထင်ပါဘူး။မဲပေးတဲ့အခါ ဘယ်လို ပေးရတယ်ဆိုတာကိုလည်း ဗွီဒီယိုတွေရိုက် ထားပြီးပြီလို့လည်း သိရတယ်။ ဒါတွေနဲ့ Voter Education ကို လုပ်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ ” ဟု ၎င်းက ရှင်းပြသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်တွင် လုပ်မည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ကို မဲများသူ အနိုင်ရ (FPTP)စနစ်ဖြင့် လည်းကောင်း၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့အား မဲများသူ အနိုင်ရစနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR) ပေါင်းစပ်ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ်မဲပေးစက် (Electronic Voting Machine – EVM) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ကြေညာထားပြီး လက်ရှိအချိန်တွင် Voter Educationနှင့်ပတ်သက်၍ လုပ်ဆောင်မှု နည်းပါးနေသေးကြောင်း နိုင်ငံရေးပါတီများကလည်း ထောက်ပြပြောဆိုမှုများရှိနေသည်။

Zawgyi version:
မဲေပးစက္ဆိုင္ရာအသိပညာေပးမႈမ်ားကို အျမန္ဆုံး ေဆာင္႐ြက္ရန္လိုအပ္ေန
သက္ပိုင္(NP News)စက္တင္ဘာ ၄
လာမည့္ေ႐ြးေကာက္ပြဲကာလတြင္ အသုံးျပဳမည့္ မဲေပးစက္မ်ားႏွင့္ပတ္သက္၍ ျပည္သူမ်ားအား အသိပညာေပးမႈမ်ားကို အျမန္ဆုံးေဆာင္႐ြက္ေပးရန္ လိုအပ္ေနေၾကာင္း ႏိုင္ငံေရးပါတီအသီးသီးမွ တာဝန္ရွိသူမ်ားက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
လက္ရွိတြင္ ရခိုင္မွ ျပည္သူမ်ားမွာ မဲေပးစက္ကို မျမင္ဖူးၾကေသးေၾကာင္းႏွင့္မိမိကိုယ္တိုင္လည္း မဲေပးစက္ကို အျပင္တြင္ ေတြ႕ျမင္ဖူးျခင္း မရွိေသးေၾကာင္း ရခိုင္အမ်ိဳးသားမ်ားပါတီ တည္ေထာင္သူ ဦးဘရွိန္က ဆိုသည္။
“ကြၽန္ေတာ္တို႔ကို မဲေပးမယ့္ လူေတြကိုလည္း “မင္းတို႔ႀကိဳးစားၿပီးမဲေပးၾက၊ ကိုယ္ေပးခ်င္တဲ့ သေကၤတအမွတ္အသားကို ေပးႏိုင္ေအာင္ႀကိဳးစားၾက။ ငါတို႔ကိုယ္တိုင္လည္း မသိေသးဘူး။ Voter Education လုပ္ဖို႔ငါတို႔မွာ ဘယ္လိုပုံစံနဲ႔ေျပာရမယ္ဆိုတာထက္ ငါလည္းစက္ကိုေတာင္ မျမင္ဖူးေသးဘူး။ ဓာတ္ပုံေတြေလာက္မွာပဲ ျမင္ဖူးေသးတယ္လို႔ ေျပာထားရတယ္” ဟု ၎ကဆိုသည္။
ေ႐ြးေကာက္ပြဲကာလတြင္ အသုံးျပဳမည့္ ျမန္မာအီလက္ထ႐ြန္နစ္မဲေပးစက္ (MEVM)မွာ အသုံးျပဳရလြယ္ကူၿပီး ျပည္သူမ်ားနားလည္လြယ္ႏိုင္သည့္အဆင့္တြင္ရွိေနေၾကာင္းႏွင့္ မၾကာမီကာလတြင္ ေ႐ြးေကာက္ပြဲက်င္းပေတာ့မည္ျဖစ္သျဖင့္ Voter Education ကိုပိုမို ျပဳလုပ္သင့္ ၿပီျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၏ တြဲဘက္ဥကၠဌ ဦးထက္ေအာင္ေက်ာ္က ေျပာသည္။
“မဲေပးစက္ေတြကေတာ့ ေတာ္ေတာ္ကို ႐ိုး႐ိုးရွင္းရွင္း တည္ဆာက္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ သိပ္ေတာ့ခဲယဥ္းမယ္ မထင္ပါဘူး။မဲေပးတဲ့အခါ ဘယ္လို ေပးရတယ္ဆိုတာကိုလည္း ဗြီဒီယိုေတြ႐ိုက္ ထားၿပီးၿပီလို႔လည္း သိရတယ္။ ဒါေတြနဲ႔ Voter Education ကို လုပ္လိုက္ရင္ေတာ့ အဆင္ေျပသြားမွာပါ ” ဟု ၎က ရွင္းျပသည္။
ေ႐ြးေကာက္ပြဲ အပိုင္း (၁) ကို ဒီဇင္ဘာ (၂၈) ရက္တြင္ လုပ္မည္ျဖစ္ရာ ျပည္သူ႔လႊတ္ေတာ္ကို မဲမ်ားသူ အႏိုင္ရ (FPTP)စနစ္ျဖင့္ လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔အား မဲမ်ားသူ အႏိုင္ရစနစ္အျပင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ေပါင္းစပ္က်င္းပမည္ဟု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC)က ေၾကညာထားသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ယခုက်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ အီလက္ထ႐ြန္နစ္မဲေပးစက္ (Electronic Voting Machine – EVM) ကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ေၾကညာထားၿပီး လက္ရွိအခ်ိန္တြင္ Voter Educationႏွင့္ပတ္သက္၍ လုပ္ေဆာင္မႈ နည္းပါးေနေသးေၾကာင္း ႏိုင္ငံေရးပါတီမ်ားကလည္း ေထာက္ျပေျပာဆိုမႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.