မြန်မာနိုင်ငံတွင်ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများဖွဲ့စည်းလျက်ရှိသော်လည်း ဥပဒေအတိုင်း လိုက်နာမှုအားနည်းနေ

 250

သက်ပိုင် (NP News) - စက်တင်ဘာလ ၄
မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းပေးလျက် ရှိ သည်နှင့်အညီ ဌာနဆိုင်ရာများနှင့် ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်လိုက်နာရန် များစွာ လိုအပ်ကြောင်း အငြိမ်းစားသစ်တောအရာရှိကြီး တစ်ဦးက သုံးသပ်ပြောဆိုသည်။
" အခုလိုသတ်မှတ်ပြီးရင် ဌာနဆိုင်ရာ တွေနဲ့ ပြည်သူတွေကတော့ အဓိကပေါ့။ ဌာနဆိုင်ရာ တွေက ထိန်းသိမ်းစောင့်ရှောက်တာတွေကို ဥပဒေ အတိုင်းလုပ်ဖို့လိုသလို ပြည်သူတွေဘက်ကလည်း ဒီဥပဒေတွေကို လိုက်နာဖို့လိုအပ်တယ်။ ဒါတွေ သာမလုပ်နိုင်ရင် ဘယ်လောက်ဧရိယာပဲ ဖွဲ့စည်း ဖွဲ့စည်း အကုန်ပြောင်မှာပါပဲ"ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နိုင်ငံတော်မှ သတ်မှတ်ထားသော ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ၌ သစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့် ဝိသမလောဘသားပြည်သူအချို့ ပေါင်းကာ သစ်ခုတ်ယူမှုများရှိနေကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
"ခုတ်တာကတော့ ခုတ်နေတာပဲ။ နွေ ဘက်ဆိုရင် ထင်းရောင်းဖို့ခုတ်တယ်။ ထင်းဆိုလို့ တစ်ပိုင်တစ်နိုင်ထင်းမဟုတ်ဘူးနော်။ စီးပွားဖြစ်ခုတ် တာ။ ကျန်တဲ့အချိန်တွေမှာဆိုရင် မဓမ ပင်တွေကို ခုတ်ပြီး ရောင်းတယ်။ သစ်တောက ဘိနယ်တာဝန်ခံ ဆိုတဲ့သူကလည်း ပုံမထားပြီးရော။ ခုတ်သာခုတ်စေ မကုန်စေနဲ့ ပုံစံမျိုးခုတ်ခိုင်းထားတာမျိုးလည်းရှိတယ် "ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ ဒီရေတောများကို ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရန်၊ ဂေဟစနစ် တည်ငြိမ်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင် မှုများ တိုးပွားလာစေရန်၊ ဒီရေတောများ၊ အပူပိုင်း ဒေသသစ်တောများ အပါအဝင် သဘာဝ သစ်တော များ စနစ်တကျ စီမံအုပ်ချုပ် ထိန်းသိမ်းဆောင်ရွက်ရန်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက် မပြတ် ထုတ်ယူရရှိရန်၊ ဒေသခံပြည်သူများအတွက် သစ်၊ ထင်း၊ ဝါးနှင့် သစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် သစ်တော၊ ရာသီဥတု၊ ဇီဝမျိုး စုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရေး စသည့်ရည် ရွယ်ချက်များဖြင့် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ် ကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အ တွက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) သို့ အဖွဲ့ဝင်နိုင်ငံများက တင်သွင်းကြရမည့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contri-bution - NDC) ကို မြန်မာနိုင်ငံက (၂၀၂၁)ခုနှစ်တွင် တင်သွင်းခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် အဓိက လုပ်ငန်းကဏ္ဍများအနက် သစ်တောကဏ္ဍကို အဓိ ကလုပ်ငန်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထား ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် (၂၀၂၅)ခုနှစ် ဇူလိုင်လ (၃၁)ရက်အထိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (၁၃၂၈)ခုအထိ ဖွဲ့စည်း၊ သတ်မှတ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာနမှ NP News သို့ပေးပို့သော အချက်လက်များအရ သိရ သည်။
ထိုသို့သက်မှတ်ရာတွင် ကြိုးဝိုင်း ကာကွယ်တော (၈၂၆) ခု၊ (၂၉၆၇၈၁၂) ဧကနှင့် ကြိုးပြင်ကာကွယ်တော (၅၀၂) ခု၊ (၁၃၇၂၅၂၁၉) ဧကအထိ ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံဧရိယာ(၂၅.၉၆) ရာခိုင်နှုန်းအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ႀကိဳးဝိုင္း၊ ႀကိဳးျပင္ ကာကြယ္ေတာမ်ားဖြဲ႕စည္းလ်က္ရွိေသာ္လည္း ဥပေဒအတိုင္း လိုက္နာမႈအားနည္းေန
သက္ပိုင္ (NP News) - စက္တင္ဘာလ ၄
ျမန္မာႏိုင္ငံတြင္ သစ္ေတာႀကိဳးဝိုင္းႏွင့္ ႀကိဳးျပင္ကာကြယ္ေတာမ်ားကို ဖြဲ႕စည္းေပးလ်က္ ရွိ သည္ႏွင့္အညီ ဌာနဆိုင္ရာမ်ားႏွင့္ ျပည္သူမ်ား အေနျဖင့္လည္း ပူးေပါင္းပါဝင္လိုက္နာရန္ မ်ားစြာ လိုအပ္ေၾကာင္း အၿငိမ္းစားသစ္ေတာအရာရွိႀကီး တစ္ဦးက သုံးသပ္ေျပာဆိုသည္။
" အခုလိုသတ္မွတ္ၿပီးရင္ ဌာနဆိုင္ရာ ေတြနဲ႔ ျပည္သူေတြကေတာ့ အဓိကေပါ့။ ဌာနဆိုင္ရာ ေတြက ထိန္းသိမ္းေစာင့္ေရွာက္တာေတြကို ဥပေဒ အတိုင္းလုပ္ဖို႔လိုသလို ျပည္သူေတြဘက္ကလည္း ဒီဥပေဒေတြကို လိုက္နာဖို႔လိုအပ္တယ္။ ဒါေတြ သာမလုပ္ႏိုင္ရင္ ဘယ္ေလာက္ဧရိယာပဲ ဖြဲ႕စည္း ဖြဲ႕စည္း အကုန္ေျပာင္မွာပါပဲ"ဟု ၎က ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္မွ သတ္မွတ္ထားေသာ ႀကိဳးဝိုင္းႀကိဳးျပင္ကာကြယ္ေတာမ်ား၌ သစ္ေတာဦးစီးဌာန တာဝန္ရွိသူမ်ားႏွင့္ ဝိသမေလာဘသားျပည္သူအခ်ိဳ႕ ေပါင္းကာ သစ္ခုတ္ယူမႈမ်ားရွိေနေၾကာင္း ေဒသခံမ်ား ထံမွ စုံစမ္းသိရွိရသည္။
"ခုတ္တာကေတာ့ ခုတ္ေနတာပဲ။ ေႏြ ဘက္ဆိုရင္ ထင္းေရာင္းဖို႔ခုတ္တယ္။ ထင္းဆိုလို႔ တစ္ပိုင္တစ္ႏိုင္ထင္းမဟုတ္ဘူးေနာ္။ စီးပြားျဖစ္ခုတ္ တာ။ က်န္တဲ့အခ်ိန္ေတြမွာဆိုရင္ မဓမ ပင္ေတြကို ခုတ္ၿပီး ေရာင္းတယ္။ သစ္ေတာက ဘိနယ္တာဝန္ခံ ဆိုတဲ့သူကလည္း ပုံမထားၿပီးေရာ။ ခုတ္သာခုတ္ေစ မကုန္ေစနဲ႔ ပုံစံမ်ိဳးခုတ္ခိုင္းထားတာမ်ိဳးလည္းရွိတယ္ "ဟု ဧရာဝတီတိုင္းေဒသႀကီးမွ ေဒသခံ တစ္ဦးက ဆိုသည္။
အဆိုပါ ဒီေရေတာမ်ားကို ရာသီဥတု ေျပာင္းလဲမႈ ေလ်ာ့ပါးသက္သာေစရန္၊ ေဂဟစနစ္ တည္ၿငိမ္ေစရန္ႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ ဝန္ေဆာင္ မႈမ်ား တိုးပြားလာေစရန္၊ ဒီေရေတာမ်ား၊ အပူပိုင္း ေဒသသစ္ေတာမ်ား အပါအဝင္ သဘာဝ သစ္ေတာ မ်ား စနစ္တက် စီမံအုပ္ခ်ဳပ္ ထိန္းသိမ္းေဆာင္႐ြက္ရန္၊ သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား စဥ္ဆက္ မျပတ္ ထုတ္ယူရရွိရန္၊ ေဒသခံျပည္သူမ်ားအတြက္ သစ္၊ ထင္း၊ ဝါးႏွင့္ သစ္ေတာထြက္ပစၥည္း လိုအပ္ခ်က္မ်ား ျဖည့္ဆည္းရန္ႏွင့္ သစ္ေတာ၊ ရာသီဥတု၊ ဇီဝမ်ိဳး စုံမ်ိဳးကြဲႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ အျပည္ျပည္ဆိုင္ရာ ကတိကဝတ္မ်ား ျဖည့္ဆည္းႏိုင္ေရး စသည့္ရည္ ႐ြယ္ခ်က္မ်ားျဖင့္ သစ္ေတာႀကိဳးဝိုင္းႏွင့္ ႀကိဳးျပင္ ကာကြယ္ေတာမ်ားကို ဖြဲ႕စည္းတည္ေထာင္ရျခင္း ျဖစ္ ေၾကာင္း သိရသည္။
ရာသီဥတုေျပာင္းလဲမႈ ေလွ်ာ့ခ်ေရး အ တြက္ ကုလသမဂၢ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ကြန္ဗင္းရွင္း (UNFCCC) သို႔ အဖြဲ႕ဝင္ႏိုင္ငံမ်ားက တင္သြင္းၾကရမည့္ အမ်ိဳးသားအဆင့္ ရာသီဥတု ေျပာင္းလဲမႈ ေလွ်ာ့ခ်ေရးဆိုင္ရာ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္မည့္ လုပ္ငန္းအစီအစဥ္ (Nationally Determined Contri-bution - NDC) ကို ျမန္မာႏိုင္ငံက (၂၀၂၁)ခုႏွစ္တြင္ တင္သြင္းခဲ့ၿပီး ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ အဓိက လုပ္ငန္းက႑မ်ားအနက္ သစ္ေတာက႑ကို အဓိ ကလုပ္ငန္း က႑တစ္ရပ္အျဖစ္ ထည့္သြင္းထား ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၂၅)ခုႏွစ္ ဇူလိုင္လ (၃၁)ရက္အထိ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာ (၁၃၂၈)ခုအထိ ဖြဲ႕စည္း၊ သတ္မွတ္ႏိုင္ခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ၊ သစ္ေတာဦးစီးဌာနမွ NP News သို႔ေပးပို႔ေသာ အခ်က္လက္မ်ားအရ သိရ သည္။
ထိုသို႔သက္မွတ္ရာတြင္ ႀကိဳးဝိုင္း ကာကြယ္ေတာ (၈၂၆) ခု၊ (၂၉၆၇၈၁၂) ဧကႏွင့္ ႀကိဳးျပင္ကာကြယ္ေတာ (၅၀၂) ခု၊ (၁၃၇၂၅၂၁၉) ဧကအထိ ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ႏိုင္ငံဧရိယာ(၂၅.၉၆) ရာခိုင္ႏႈန္းအထိ ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.