ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို အီရန်သတိပေး

627

Pika (NP News) - ဇွန် ၂၄
အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်အစိုးရက အမေရိကန်ကို သတိပေးတဲ့ မိန့်ခွန်းတစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အီရန်စစ်ဘက်ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဒီစစ်ပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စတင်နိုင်ပေမယ့် အဲဒါကိုအဆုံးသတ်သွားမယ့်လူတွေက ကျွန်တော်တို့ပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ဟာ ပြင်းထန်တဲ့အကျိုးဆက်တွေရှိတဲ့ အားကောင်းတဲ့စစ်ဆင်ရေးတွေကို ပြန်လည်ကြုံတွေ့ရလိမ့်မယ်လို့လည်း ၎င်းကသတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ဇွန်လ(၂၁)ရက်နေ့မှာ အီရန်ရဲ့ နျူကလီးယားစက်ရုံ(၃)ခုကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ Fordow၊ Natanz နဲ့ Esfahan မြို့တို့မှာရှိတဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ကြီးမားပြီးတိကျတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အီရန်အပေါ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ရေးအရအောင်မြင်တဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အီရန်အနေနဲ့ ငြိမ်းချမ်းရေးမရယူဘူးဆိုရင် နောက်ထပ်တိုက်ခိုက်မှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် အီရန်အစိုးရရဲ့ သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
zawgyi version
ဗုံးႀကဲတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ကို အီရန္သတိေပး
Pika (NP News) - ဇြန္ ၂၄
အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို အေမရိကန္က ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္အစိုးရက အေမရိကန္ကို သတိေပးတဲ့ မိန႔္ခြန္းတစ္ခုကို ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။
အီရန္စစ္ဘက္ကြပ္ကဲမႈဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "ဒီစစ္ပြဲကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က စတင္ႏိုင္ေပမယ့္ အဲဒါကိုအဆုံးသတ္သြားမယ့္လူေတြက ကြၽန္ေတာ္တို႔ပဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဗုံးႀကဲတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ဟာ ျပင္းထန္တဲ့အက်ိဳးဆက္ေတြရွိတဲ့ အားေကာင္းတဲ့စစ္ဆင္ေရးေတြကို ျပန္လည္ႀကဳံေတြ႕ရလိမ့္မယ္လို႔လည္း ၎ကသတိေပးေျပာဆိုခဲ့ပါတယ္။ အေမရိကန္အစိုးရဟာ ၿပီးခဲ့တဲ့ဇြန္လ(၂၁)ရက္ေန႔မွာ အီရန္ရဲ႕ န်ဴကလီးယားစက္႐ုံ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံဟာ Fordow၊ Natanz နဲ႔ Esfahan ၿမိဳ႕တို႔မွာရွိတဲ့ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ႀကီးမားၿပီးတိက်တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။
အီရန္အေပၚလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြဟာ စစ္ေရးအရေအာင္ျမင္တဲ့ လုပ္ေဆာင္မႈတစ္ခုျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အီရန္အေနနဲ႔ ၿငိမ္းခ်မ္းေရးမရယူဘူးဆိုရင္ ေနာက္ထပ္တိုက္ခိုက္မႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ အီရန္အစိုးရရဲ႕ သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။