ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပေးပို့မည့် ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ဆန်များ လှိုင်သာယာမြို့နယ်အတွင်း၌ အုပ်စုဖွဲ့ကြားဖြတ်လုယက်ခံရမှုများရှိနေဟုဆို

1227

NP News - နိုဝင်ဘာ ၂၈
ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပေးပို့မည့် ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ဆန်များကို လှိုင်သာယာမြို့နယ်အတွင်း၌ အုပ်စုဖွဲ့ကြားဖြတ်လုယက်ခံရမှုများရှိနေကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းက NP News ကို ပြောသည်။
ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တို့မှ ထွက်ရှိသည့် ဆန်၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များကို ဘုရင့်နောင် ကုန်စည်ဒိုင်သို့ သယ်ဆောင်တင်ပို့စဉ်အချိန် လှိုင်ယာသာမြို့နယ်အရောက်၌ အုပ်စုဖွဲ့လုယက်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။
“အခုဒီလို ၁ဝ လပိုင်း၊ ၁၁ လပိုင်းကနေပြီးတော့ ၅ လပိုင်းအထိကို နေ့စဉ်ကျွန်တော်တို့က ပို့ရတယ်။ သူတို့က ရာသီစပြီဆိုတာနဲ့ စခိုးပြီ။ ပထမဆုံးပြီးခဲ့တဲ့ တစ်ပတ်လောက်မှာ ကျွန်တော်တို့ ကားတစ်စီးကို လှိုင်သာယာမြို့ ဘီအိုစီနားက မီးပွိုင့်မှာ ကားကခဏလေးရပ်လိုက်တာနဲ့ လူ(၇)ယောက်လောက်က အောက်မှာ (၄) ယောက်လောက်က ဆိုင်ကယ်နဲ့ နေတယ်။ ကားပေါ်ကို (၃)ယောက်လောက်က ခုန်တက်ပြီးတော့ ကားပေါ်မှာ လုမှာဆိုးလို့စောင့်နေတဲ့ စပါယ်ယာကို ဓါးနဲ့ထောက်ပြီး တော့ သူတို့ကြိုက်တဲ့ ဈေးကြီးတဲ့ ငါးခြောက်(၃)အိတ်ကို ဆွဲချတယ်။ အဲဒီ(၃)အိတ်ရဲ့ ကာလပေါက်ဈေးက ၁၅ သိန်းလောက်ဖြစ်တယ်။ ဒါက ပထမ ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်စဉ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ပုဇွန်ခြောက်များ တင်ဆောင်လာသည့်ကားတစ်စီးအား လူ(၁၅)ဦးခန့်မှ ဓါးပြခြိမ်းခြောက်ကာ ကုန်တင်ကားအားရပ်ခိုင်းပြီး လုယက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုလောလောဆယ် (၃)ရက်လောက်က အဲဒီလိုပဲ အလားတူဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ (၂၁)ပေ ခြောက်ဘီး ကားတွေကို လူ(၁၅)ယောက်လောက် အုပ်စုနဲ့ ဆိုင်ကယ်တွေနဲ့လိုက်တယ်။ ပြီးလို့ရှိရင် ကားအရှိန်လျှော့လိုက်တဲ့ ယဉ်မောင်း ဘေးကို ကပ်လာပြီးတော့ ဓါးပြပြီး လမ်းဘေးချရပ်ခိုင်းတယ်။ ပြီးရင် သူတို့လိုချင်တဲ့ ပုဇွန်ခြောက်ချယူတယ်။ သူတို့ လိုချင်သလောက်ယူပြီးသွားတဲ့အခါမှာ ကုန်သည်ကားပိုင်ရှင်က သိန်းတစ်ရာကျော်ဖိုးလောက် နစ်နာသွားတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိအချိန်သည် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ ထွက်ရှိသည့်ရာသီချိန်ဖြစ်ပြီး ပြီးခဲ့သောနှစ် ရာသီချိန်တွင်လည်း အထက်ပါကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များက ပြောဆိုထားသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပေါ်ဆန်းဆန်များ တင်ပို့ရန်အတွက် သယ်ဆောင်လာသည့် ကုန်ကားတစ်စီးမှာလည်း လှိုင်သာယာမြို့နယ်အရောက်၌ ဆန်အိတ်(၅)အိတ်ထက်မနည်း အုပ်စုဖွဲ့လုယက်ခံခဲ့ရကြောင်း သိရသည်။
“အခုဟာက ဆန်ရယ်၊ ငါးခြောက်ရယ်၊ ပုဇွန်ခြောက်ရယ်ကို သူတို့က နေ့စဉ်လို လုနေတာ။ မနက် ၇ နာရီကနေ ၁ဝ နာရီအတွင်း လုနေတဲ့ ဖြစ်စဉ်တွေချည်ပဲ။ အဲဒီဘေးမှာလည်း လူတွေအကုန်ရှိတယ်။ လုနေတာကိုလည်း လူတော်တော်များများ မြင်ကြတယ်။ အခုလောလောဆယ် ဖျာပုံမြို့က ထွက်တဲ့ဟာတွေကိုပဲ အလုခံနေရ တယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ လုယက်ခံရမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကူညီဖြေရှင်းကာ အရေးယူဆောင်ရွက်ပေးရန်လည်း လုပ်ငန်းရှင်များက တောင်းဆိုထားသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်အချို့မှ ဆန်၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် တင်ဆောင်သည့် ကုန်ကားများမှာ နေ့စဉ် အစီးရေ (၂ဝ)ခန့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
အဆိုပါကားတစ်စီးလျှင် တင်ဆောင်လာသည့် ကုန်ချိန်တန်ဖိုးမှာ ငွေကျပ်သိန်း (၅ဝဝ)နှင့် သိန်း(၁ဝဝဝ)ကြားတွင်ရှိကြောင်းလည်း လုပ်ငန်းရှင်များက ဆိုထား သည်။

zawgyi version
ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ ေပးပို႔မည့္ ငါးေျခာက္၊ ပုဇြန္ေျခာက္ႏွင့္ ဆန္မ်ား လႈိင္သာယာၿမိဳ႕နယ္အတြင္း၌ အုပ္စုဖြဲ႕ၾကားျဖတ္လုယက္ခံရမႈမ်ားရွိေနဟုဆို
NP News - ႏိုဝင္ဘာ ၂၈
ရန္ကုန္ၿမိဳ႕ရွိ ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ ေပးပို႔မည့္ ငါးေျခာက္၊ ပုဇြန္ေျခာက္ႏွင့္ ဆန္မ်ားကို လႈိင္သာယာၿမိဳ႕နယ္အတြင္း၌ အုပ္စုဖြဲ႕ၾကားျဖတ္လုယက္ခံရမႈမ်ားရွိေနေၾကာင္း ေရထြက္ကုန္လုပ္ငန္းရွင္အသိုင္းအဝိုင္းက NP News ကို ေျပာသည္။
ဧရာဝတီတိုင္းရွိ ဖ်ာပုံ၊ ေဒးဒရဲ၊ ဘိုကေလးၿမိဳ႕တို႔မွ ထြက္ရွိသည့္ ဆန္၊ ငါးပိ၊ ငါးေျခာက္၊ ပုဇြန္ေျခာက္မ်ားကို ဘုရင့္ေနာင္ ကုန္စည္ဒိုင္သို႔ သယ္ေဆာင္တင္ပို႔စဥ္အခ်ိန္ လႈိင္ယာသာၿမိဳ႕နယ္အေရာက္၌ အုပ္စုဖြဲ႕လုယက္ခံေနရျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုဒီလို ၁ဝ လပိုင္း၊ ၁၁ လပိုင္းကေနၿပီးေတာ့ ၅ လပိုင္းအထိကို ေန႔စဥ္ကြၽန္ေတာ္တို႔က ပို႔ရတယ္။ သူတို႔က ရာသီစၿပီဆိုတာနဲ႔ စခိုးၿပီ။ ပထမဆုံးၿပီးခဲ့တဲ့ တစ္ပတ္ေလာက္မွာ ကြၽန္ေတာ္တို႔ ကားတစ္စီးကို လႈိင္သာယာၿမိဳ႕ ဘီအိုစီနားက မီးပြိဳင့္မွာ ကားကခဏေလးရပ္လိုက္တာနဲ႔ လူ(၇)ေယာက္ေလာက္က ေအာက္မွာ (၄) ေယာက္ေလာက္က ဆိုင္ကယ္နဲ႔ ေနတယ္။ ကားေပၚကို (၃)ေယာက္ေလာက္က ခုန္တက္ၿပီးေတာ့ ကားေပၚမွာ လုမွာဆိုးလို႔ေစာင့္ေနတဲ့ စပါယ္ယာကို ဓါးနဲ႔ေထာက္ၿပီး ေတာ့ သူတို႔ႀကိဳက္တဲ့ ေဈးႀကီးတဲ့ ငါးေျခာက္(၃)အိတ္ကို ဆြဲခ်တယ္။ အဲဒီ(၃)အိတ္ရဲ႕ ကာလေပါက္ေဈးက ၁၅ သိန္းေလာက္ျဖစ္တယ္။ ဒါက ပထမ ၿပီးခဲ့တဲ့ တစ္ပတ္က ျဖစ္စဥ္” ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အလားတူ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း ပုဇြန္ေျခာက္မ်ား တင္ေဆာင္လာသည့္ကားတစ္စီးအား လူ(၁၅)ဦးခန႔္မွ ဓါးျပၿခိမ္းေျခာက္ကာ ကုန္တင္ကားအားရပ္ခိုင္းၿပီး လုယက္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အခုေလာေလာဆယ္ (၃)ရက္ေလာက္က အဲဒီလိုပဲ အလားတူျဖစ္စဥ္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ (၂၁)ေပ ေျခာက္ဘီး ကားေတြကို လူ(၁၅)ေယာက္ေလာက္ အုပ္စုနဲ႔ ဆိုင္ကယ္ေတြနဲ႔လိုက္တယ္။ ၿပီးလို႔ရွိရင္ ကားအရွိန္ေလွ်ာ့လိုက္တဲ့ ယဥ္ေမာင္း ေဘးကို ကပ္လာၿပီးေတာ့ ဓါးျပၿပီး လမ္းေဘးခ်ရပ္ခိုင္းတယ္။ ၿပီးရင္ သူတို႔လိုခ်င္တဲ့ ပုဇြန္ေျခာက္ခ်ယူတယ္။ သူတို႔ လိုခ်င္သေလာက္ယူၿပီးသြားတဲ့အခါမွာ ကုန္သည္ကားပိုင္ရွင္က သိန္းတစ္ရာေက်ာ္ဖိုးေလာက္ နစ္နာသြားတယ္” ဟု လုပ္ငန္းရွင္တစ္ဦးက ဆက္လက္ေျပာသည္။
လက္ရွိအခ်ိန္သည္ ငါးပိ၊ ငါးေျခာက္၊ ပုဇြန္ေျခာက္မ်ား ထြက္ရွိသည့္ရာသီခ်ိန္ျဖစ္ၿပီး ၿပီးခဲ့ေသာႏွစ္ ရာသီခ်ိန္တြင္လည္း အထက္ပါကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးေၾကာင္း ေရထြက္ကုန္လုပ္ငန္းရွင္မ်ားက ေျပာဆိုထားသည္။
ထို႔ျပင္ ယခုရက္ပိုင္းအတြင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ ေပၚဆန္းဆန္မ်ား တင္ပို႔ရန္အတြက္ သယ္ေဆာင္လာသည့္ ကုန္ကားတစ္စီးမွာလည္း လႈိင္သာယာၿမိဳ႕နယ္အေရာက္၌ ဆန္အိတ္(၅)အိတ္ထက္မနည္း အုပ္စုဖြဲ႕လုယက္ခံခဲ့ရေၾကာင္း သိရသည္။
“အခုဟာက ဆန္ရယ္၊ ငါးေျခာက္ရယ္၊ ပုဇြန္ေျခာက္ရယ္ကို သူတို႔က ေန႔စဥ္လို လုေနတာ။ မနက္ ၇ နာရီကေန ၁ဝ နာရီအတြင္း လုေနတဲ့ ျဖစ္စဥ္ေတြခ်ည္ပဲ။ အဲဒီေဘးမွာလည္း လူေတြအကုန္ရွိတယ္။ လုေနတာကိုလည္း လူေတာ္ေတာ္မ်ားမ်ား ျမင္ၾကတယ္။ အခုေလာေလာဆယ္ ဖ်ာပုံၿမိဳ႕က ထြက္တဲ့ဟာေတြကိုပဲ အလုခံေနရ တယ္” ဟု လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ထိုကဲ့သို႔ လုယက္ခံရမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ထိထိေရာက္ေရာက္ ကူညီေျဖရွင္းကာ အေရးယူေဆာင္႐ြက္ေပးရန္လည္း လုပ္ငန္းရွင္မ်ားက ေတာင္းဆိုထားသည္။
ဧရာဝတီတိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕မွ ဆန္၊ ငါးပိ၊ ငါးေျခာက္၊ ပုဇြန္ေျခာက္ တင္ေဆာင္သည့္ ကုန္ကားမ်ားမွာ ေန႔စဥ္ အစီးေရ (၂ဝ)ခန႔္ ရန္ကုန္ၿမိဳ႕ရွိ ဘုရင့္ေနာင္ကုန္စည္ဒိုင္းသို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါကားတစ္စီးလွ်င္ တင္ေဆာင္လာသည့္ ကုန္ခ်ိန္တန္ဖိုးမွာ ေငြက်ပ္သိန္း (၅ဝဝ)ႏွင့္ သိန္း(၁ဝဝဝ)ၾကားတြင္ရွိေၾကာင္းလည္း လုပ္ငန္းရွင္မ်ားက ဆိုထား သည္။