အမေရိကန်၏ နိုင်ထက်စီးနင်းဗိုလ်ကျလိုသော သံတမန်ဆက်ဆံရေးကို တရုတ်အစိုးရ ပြစ်တင်ဝေဖန်ခြင်းများ ပြုလုပ်

 532

Pika (NP News) - ဒီဇင်ဘာ ၄

တရုတ်သည် စည်းမျဥ်းများအခြေခံထားသော နိုင်ငံတကာအမိန့်များကို ခြိမ်းခြောက်နေသည်ဟု အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက အကြုံပြုပြောဆိုပြီးနောက် တရုတ်က အမေရိကန်သည် ၎င်း၏ နိုင်ထက်စီးနင်းပြုချင်သော သံတမန်ဆက်ဆံရေးများကို ရုတ်သိမ်းသင့်ကြောင်း ပြောဆိုခဲ့သည်၊၊

ဒီဇင်ဘာ(၂)ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများနှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က "အမေရိကန်ရဲ့ပြောဆိုမှုတွေဟာ အချက်အလက်တွေကို အခြေခံပြီးပြောဆိုတာမျိုးမဟုတ်ဘဲ စစ်အေးခေတ်မှာ အမြစ်တွယ်နေတဲ့ စိတ်ဓါတ်နဲ့ အယူဝါဒပိုင်းကို ဘက်လိုက်တဲ့ပြုမူပြောဆိုမှုတွေဆိုတာ သိသာပါတယ်။ အမေရိကန်ဟာ အတင်းအကျပ်ပြုလုပ်ခိုင်းတဲ့ သံတမန်ရေးပိုင်းမှာ ကျွမ်းကျင်ပြီး စီးပွားရေးပိတ်ဆို့မှုကနေ နည်းပညာပိုင်းပိတ်ဆို့မှုအထိ ပါဝင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်သည် တရုတ်နှင့်အပြုသဘောဆောင်သော ဆွေးနွေးပွဲများပြုလုပ်ရန် လမ်းဖွင့်ထားပြီး စစ်အေးတိုက်ပွဲများကို ရှာဖွေနေခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်၊၊

တရုတ်နိုင်ငံ၏အပြုအမူများသည် စည်းမျဥ်းအခြေခံသော နိုင်ငံတကာအမိန့်များကို ခြိမ်းခြောက်နေသလိုဖြစ်နေသည်ဟု နေတိုးအဖွဲ့ဝင်နိုင်ငံများက သဘောတူညီထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ ပြဿနာများကိုစတင်ရန် အင်အားသုံးနေသည့်နိုင်ငံသည် အမေရိကန်ဖြစ်ပြီး တရုတ်မဟုတ်ကြောင်း အမေရိကန်၏ စစ်ရေးအသုံးစရိတ်သည် နောက်ထပ်နိုင်ငံ(၉)နိုင်ငံ ပေါင်းစည်းခြင်းထက်တောင် ပိုများကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က "အီရတ်၊ အာဖဂန်နဲ့ လစ်ဗျားတို့လို နိုင်ငံတွေမှာ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် မရေမတွက်နိုင်တဲ့ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးတွေကို ဘယ်သူက ပျက်ပြားအောင်လုပ်နေတယ်ဆိုတာ သိသာပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္၏ ႏိုင္ထက္စီးနင္းဗိုလ္က်လိုေသာ သံတမန္ဆက္ဆံေရးကို တ႐ုတ္အစိုးရ ျပစ္တင္ေဝဖန္ျခင္းမ်ား ျပဳလုပ္
Pika (NP News) - ဒီဇင္ဘာ ၄

တ႐ုတ္သည္ စည္းမ်ဥ္းမ်ားအေျခခံထားေသာ ႏိုင္ငံတကာအမိန႔္မ်ားကို ၿခိမ္းေျခာက္ေနသည္ဟု အေမရိကန္ အႀကီးတန္းအရာရွိတစ္ဦးက အႀကဳံျပဳေျပာဆိုၿပီးေနာက္ တ႐ုတ္က အေမရိကန္သည္ ၎၏ ႏိုင္ထက္စီးနင္းျပဳခ်င္ေသာ သံတမန္ဆက္ဆံေရးမ်ားကို ႐ုတ္သိမ္းသင့္ေၾကာင္း ေျပာဆိုခဲ့သည္၊၊

ဒီဇင္ဘာ(၂)ရက္ကျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က အေမရိကန္၏ ႏိုင္ငံျခားေရးမူဝါဒမ်ားႏွင့္ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က "အေမရိကန္ရဲ႕ေျပာဆိုမႈေတြဟာ အခ်က္အလက္ေတြကို အေျခခံၿပီးေျပာဆိုတာမ်ိဳးမဟုတ္ဘဲ စစ္ေအးေခတ္မွာ အျမစ္တြယ္ေနတဲ့ စိတ္ဓါတ္နဲ႔ အယူဝါဒပိုင္းကို ဘက္လိုက္တဲ့ျပဳမူေျပာဆိုမႈေတြဆိုတာ သိသာပါတယ္။ အေမရိကန္ဟာ အတင္းအက်ပ္ျပဳလုပ္ခိုင္းတဲ့ သံတမန္ေရးပိုင္းမွာ ကြၽမ္းက်င္ၿပီး စီးပြားေရးပိတ္ဆို႔မႈကေန နည္းပညာပိုင္းပိတ္ဆို႔မႈအထိ ပါဝင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က အေမရိကန္သည္ တ႐ုတ္ႏွင့္အျပဳသေဘာေဆာင္ေသာ ေဆြးေႏြးပြဲမ်ားျပဳလုပ္ရန္ လမ္းဖြင့္ထားၿပီး စစ္ေအးတိုက္ပြဲမ်ားကို ရွာေဖြေနျခင္းမဟုတ္ေၾကာင္း ေျပာဆိုခဲ့သည္၊၊

တ႐ုတ္ႏိုင္ငံ၏အျပဳအမူမ်ားသည္ စည္းမ်ဥ္းအေျခခံေသာ ႏိုင္ငံတကာအမိန႔္မ်ားကို ၿခိမ္းေျခာက္ေနသလိုျဖစ္ေနသည္ဟု ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားက သေဘာတူညီထားေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ က မွတ္ခ်က္ျပဳ ေျပာဆိုခဲ့သည္။

ကမာၻတစ္ဝွမ္းရွိ ျပႆနာမ်ားကိုစတင္ရန္ အင္အားသုံးေနသည့္ႏိုင္ငံသည္ အေမရိကန္ျဖစ္ၿပီး တ႐ုတ္မဟုတ္ေၾကာင္း အေမရိကန္၏ စစ္ေရးအသုံးစရိတ္သည္ ေနာက္ထပ္ႏိုင္ငံ(၉)ႏိုင္ငံ ေပါင္းစည္းျခင္းထက္ေတာင္ ပိုမ်ားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရး ဆိုခြင့္ရွိသူ Zhao Lijian က ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian က "အီရတ္၊ အာဖဂန္နဲ႔ လစ္ဗ်ားတို႔လို ႏိုင္ငံေတြမွာ အေမရိကန္ရဲ႕စစ္ဆင္ေရးေတြေၾကာင့္ မေရမတြက္ႏိုင္တဲ့ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ႏိုင္ငံတကာနဲ႔ ေဒသတြင္းလုံၿခဳံေရး၊ တည္ၿငိမ္ေရးေတြကို ဘယ္သူက ပ်က္ျပားေအာင္လုပ္ေနတယ္ဆိုတာ သိသာပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.