လှိုင်သာယာမြို့နယ်တွင် တက္ကစီတစ်စီးက စက်ဘီးစီးလားသည့် လူ(၂)ဦး ဝင်တိုက်မိပြီးနောက် ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံး

 7060

သန့်ဇင် (NP News) - မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် တက္ကစီတစ်စီးက စက်ဘီးစီးလားသည့် လူ(၂)ဦး ဝင်တိုက်မိပြီး နောက် ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည့် ယနေ့(မေ ၁၉ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်က လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်၊ ဘုရင့်နောင်ပန်းခြံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီတက္ကစီက ပထမ စက်ဘီးစီးလာတဲ့ ကောင်လေးနဲ့ကောင်မလေးကို အရင်ဝင်တိုက်တာ။ ပြီးတော့မှ ဝါးတစ်ပြန် လောက်ရောက်တော့ ချောက်ထဲကို ထိုးကျပြီးမှောက်သွားတာ” ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးစီးလာသည့် အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦး နှင့် တက္ကစီယာဉ်မောင်းတို့သည်လည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရတာတော့ အခုတိုက်တဲ့ တက္ကစီသမားက မြို့ထဲမှာ ယာဉ်တိုက်မှုတစ်ခါ ဖြစ်လာသေးတယ်လို့ သိရတယ်။ အခုအဲဒီယာဉ်တိုက်မှုကနေပြီး ပစ္စည်းတစ်ခုခုကိုပြင်ဖို့လာရင်းနဲ့ ထွက်ပြေးလာတာလို့ သိရတယ်။ လာရင်းနဲ့မှ အခုလိုစက်ဘီးကိုထပ်တိုက်ပြီး ချောက်ထဲကျသွားတာ။ ကောင်မလေးနဲ့ ယာဉ်မောင်းကစိုးရိမ်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့်သေဆုံးသူအမျိုးသားကို သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းက လှိုင်သာယာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကူညီပေးခဲ့ ကြောင်း သိရသည်။

Zawgyi Version;
လႈိင္သာယာၿမိဳ႕နယ္တြင္ တကၠစီတစ္စီးက စက္ဘီးစီးလားသည့္ လူ(၂)ဦး ဝင္တိုက္မိၿပီးေနာက္ ေခ်ာက္ထဲထိုးက် တိမ္းေမွာက္ခဲ့ရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ေမ ၁၉

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ တကၠစီတစ္စီးက စက္ဘီးစီးလားသည့္ လူ(၂)ဦး ဝင္တိုက္မိၿပီး ေနာက္ ေခ်ာက္ထဲ ထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္ လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည့္ ယေန႔(ေမ ၁၉ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ရန္ကုန္-ပုသိမ္လမ္းမေပၚ၊ ဘုရင့္ေနာင္ပန္းၿခံေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီတကၠစီက ပထမ စက္ဘီးစီးလာတဲ့ ေကာင္ေလးနဲ႔ေကာင္မေလးကို အရင္ဝင္တိုက္တာ။ ၿပီးေတာ့မွ ဝါးတစ္ျပန္ ေလာက္ေရာက္ေတာ့ ေခ်ာက္ထဲကို ထိုးက်ၿပီးေမွာက္သြားတာ” ဟု ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ စက္ဘီးစီးလာသည့္ အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသားတစ္ဦးမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ႏွင့္ တကၠစီယာဥ္ေမာင္းတို႔သည္လည္း ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ သိရတာေတာ့ အခုတိုက္တဲ့ တကၠစီသမားက ၿမိဳ႕ထဲမွာ ယာဥ္တိုက္မႈတစ္ခါ ျဖစ္လာေသးတယ္လို႔ သိရတယ္။ အခုအဲဒီယာဥ္တိုက္မႈကေနၿပီး ပစၥည္းတစ္ခုခုကိုျပင္ဖို႔လာရင္းနဲ႔ ထြက္ေျပးလာတာလို႔ သိရတယ္။ လာရင္းနဲ႔မွ အခုလိုစက္ဘီးကိုထပ္တိုက္ၿပီး ေခ်ာက္ထဲက်သြားတာ။ ေကာင္မေလးနဲ႔ ယာဥ္ေမာင္းကစိုးရိမ္ရတယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ေသဆုံးသူအမ်ိဳးသားကို ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းက လႈိင္သာယာျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ(၂)ဦးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကူညီေပးခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.