လန်ဒန်မြို့တွင် နေထိုင်သည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဗြိတိန်အာဏာပိုင်များ ဖမ်းဆီး

 762

Pika (NP News) - ဒီဇင်ဘာ ၄

ဗြိတိန်အမျိုးသားရာဇဝတ်မှုအေဂျင်စီ(NCA) မှ အရာရှိများသည် ချမ်းသာသော ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို လန်ဒန်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာ(၃)ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ရှာဖွေဖမ်းဆီးခြင်းကို ရုရှားနှင့် ဆက်နွယ်နေသည့် သံသယရှိသူများကို ပစ်မှတ်ထားရန် အထူးဖွဲ့စည်း ထားသော အဖွဲ့အစည်းတစ်ခု (NCA) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဗြိတိန်အမျိုးသားရာဇဝတ်မှုအေဂျင်စီ(NCA) ၏ အေးဂျင့်(၅ဝ) ကျော်သည် အသက်(၅၈)နှစ်အရွယ် အမျိုးသား၏ သန်းပေါင်းများစွာတန်သည့်နေအိမ်ကို ဒီဇင်ဘာ(၁)ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးဌာန က သတင်းထုတ်ပြန်ခဲ့သည်၊၊

အဆိုပါ ရုရှားစီးပွားရေးလုပ်ငန်းရှင်ကို ငွေကြေးခဝါချမှု၊ ပြည်ထဲရေးဝန်ကြီးရုံးကို လိမ်လည်ရန်အတွက် ပူးပေါင်း ကြံစည်မှုတို့ဖြင့် စွဲချက်တင်ခဲ့ပြီး အာမခံနှင့် ပြန်လွှတ်ခဲ့ကြောင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ဗြိတိန်အမျိုးသားရာဇဝတ်မှုအေဂျင်စီ (NCA) သည် အဆိုပါအမျိုးသား၏အမည်ကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသော်လည်း Alfa Group ၏ ပူးတွဲတည်ထောင်သူ မီခေးလ်ဖရစ်ဒ်မန်း နှင့် နီးစပ်သူတစ်ဦးက ရဲတပ်ဖွဲ့သည် မီခေးလ်ဖရစ်ဒ်မန်းကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော်လည်း ရဲတပ်ဖွဲ့သည် ဖရစ်ဒ်မန်းကို ဖမ်းဆီးခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဖရစ်ဒ်မန်းသည် စွပ်စွဲမှုများနှင့် မသက်ဆိုင်ကြောင်း လက်ရှိအချိန်တွင် အိမ်မှာရှိနေပြီး ဖမ်းဆီးမခံရကြောင်း Alfa Bank ကုမ္ပဏီက ဆိုသည်။

ဖရစ်ဒ်မန်းက "ကျွန်တော် နေကောင်းပါတယ်၊၊ ဒီဇင်ဘာ(၄)ရက် အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းနေပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
လန္ဒန္ၿမိဳ႕တြင္ ေနထိုင္သည့္ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ၿဗိတိန္အာဏာပိုင္မ်ား ဖမ္းဆီး
Pika (NP News) - ဒီဇင္ဘာ ၄

ၿဗိတိန္အမ်ိဳးသားရာဇဝတ္မႈေအဂ်င္စီ(NCA) မွ အရာရွိမ်ားသည္ ခ်မ္းသာေသာ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို လန္ဒန္ရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးခဲ့ေၾကာင္း ဒီဇင္ဘာ(၃)ရက္က ထုတ္ျပန္ေၾကညာခဲ့သည္။

အဆိုပါ ရွာေဖြဖမ္းဆီးျခင္းကို ႐ုရွားႏွင့္ ဆက္ႏြယ္ေနသည့္ သံသယရွိသူမ်ားကို ပစ္မွတ္ထားရန္ အထူးဖြဲ႕စည္း ထားေသာ အဖြဲ႕အစည္းတစ္ခု (NCA) မွ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ၿဗိတိန္အမ်ိဳးသားရာဇဝတ္မႈေအဂ်င္စီ(NCA) ၏ ေအးဂ်င့္(၅ဝ) ေက်ာ္သည္ အသက္(၅၈)ႏွစ္အ႐ြယ္ အမ်ိဳးသား၏ သန္းေပါင္းမ်ားစြာတန္သည့္ေနအိမ္ကို ဒီဇင္ဘာ(၁)ရက္တြင္ ဝင္ေရာက္စီးနင္းခဲ့ေၾကာင္း တရားဥပေဒစိုးမိုးေရးဌာန က သတင္းထုတ္ျပန္ခဲ့သည္၊၊

အဆိုပါ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္ကို ေငြေၾကးခဝါခ်မႈ၊ ျပည္ထဲေရးဝန္ႀကီး႐ုံးကို လိမ္လည္ရန္အတြက္ ပူးေပါင္း ႀကံစည္မႈတို႔ျဖင့္ စြဲခ်က္တင္ခဲ့ၿပီး အာမခံႏွင့္ ျပန္လႊတ္ခဲ့ေၾကာင္း ေအဂ်င္စီက ထုတ္ျပန္ခဲ့သည္။ ၿဗိတိန္အမ်ိဳးသားရာဇဝတ္မႈေအဂ်င္စီ (NCA) သည္ အဆိုပါအမ်ိဳးသား၏အမည္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသာ္လည္း Alfa Group ၏ ပူးတြဲတည္ေထာင္သူ မီေခးလ္ဖရစ္ဒ္မန္း ႏွင့္ နီးစပ္သူတစ္ဦးက ရဲတပ္ဖြဲ႕သည္ မီေခးလ္ဖရစ္ဒ္မန္းကို ဖမ္းဆီးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း ရဲတပ္ဖြဲ႕သည္ ဖရစ္ဒ္မန္းကို ဖမ္းဆီးခဲ့ေသာ္လည္း အာမခံျဖင့္ ျပန္လႊတ္ေပးခဲ့ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလာခဲ့သည္။ သို႔ေသာ္လည္း ဖရစ္ဒ္မန္းသည္ စြပ္စြဲမႈမ်ားႏွင့္ မသက္ဆိုင္ေၾကာင္း လက္ရွိအခ်ိန္တြင္ အိမ္မွာရွိေနၿပီး ဖမ္းဆီးမခံရေၾကာင္း Alfa Bank ကုမၸဏီက ဆိုသည္။

ဖရစ္ဒ္မန္းက "ကြၽန္ေတာ္ ေနေကာင္းပါတယ္၊၊ ဒီဇင္ဘာ(၄)ရက္ အားလပ္ရက္မွာ သူငယ္ခ်င္းေတြနဲ႔အတူ အခ်ိန္ျဖဳန္းေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.