ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ကုန်တင်ရထားတွဲတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ

 765

Pika (NP News) - ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံ ဆာဒေအိုခရိုင် ဆွန်ခလာမြို့တွင် ဒီဇင်ဘာ(၃)ရက်က ရထားလမ်းကို ဗုံးခွဲတိုက်ခိုက်မှုများကြောင့် ကုန်တင်ရထားတိမ်းမှောက်ခဲ့ကြောင်း အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့နှင့် မလေးရှားနိုင်ငံ ပဒန်းဘီဆာမြို့ကြား ပြေးဆွဲနေသော ကုန်တင်ရထား အမှတ်(၇ဝ၇) သည် tambon Tha Phor ရှိ Moo 2 ကျေးရွာရှိ Khlong Ngae မီးရထားဘူတာရုံသို့ ချဥ်းကပ်မောင်းနှင်လာချိန်တွင် ဗုံးခွဲတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရထားလမ်းပေါ်တွင် ဗုံးပေါက်ကွဲသံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီးနောက် ရထားမှာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

ထိုင်းအစိုးရပိုင် မီးရထားတာဝန်ရှိသူများနှင့် လုံခြုံရေးအေဂျင်စီမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာကို ဆက်လက်စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြပြီး ရထားတိမ်းမှောက်ခြင်းမှာ ဗုံးပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း အနက်(၂)မီတာခန့်ရှိသည့် ပေါက်ကွဲမှုဖြစ်ထားသော နေရာကိုတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းကုန်တင်ရထားကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် အိမ်လုပ်ဗုံးတစ်လုံးကို ဆင်ထားခဲ့သည်ဟု အာဏာပိုင်များက ယုံကြည်ကြောင်း သတင်းအရင်းအမြစ်များ က ဖော်ပြခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုများကြောင့် ရထားတွဲ(၂၀)မှ (၁၁)တွဲမှာ ရထားလမ်းပေါ်မှ ချော်ကျသွားခဲ့ပြီး ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် ရထားပေါ်တွင်ပါသော ယာဥ်မောင်းနှစ်ဦး၊ ရထားပြုပြင်ပညာရှင်တစ်ဦးနှင့် အခြားဝန်ထမ်းတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်းများ မရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါရထားသည် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ ‌ရာဘာအချပ်များ ပို့ဆောင်မည့် ရထားဖြစ်ကြောင်းလည်း သိရသည်။ ဗုံးရှင်းလင်း‌ရေးကျွမ်းကျင်သူများနှင့် လုံခြုံရေးအရာရှိများသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို ရှင်းလင်းပြီး အထောက်အထားများစုဆောင်းကာ ဒီဇင်ဘာ(၃)ရက် မွန်းလွဲပိုင်းတွင် သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ဗုံးရှင်းလင်း‌ရေးတာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးနောက် ဒီဇင်ဘာ(၄)ရက်တွင် စတင်၍ ပျက်စီးသွားသော ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း ဟတ်ယိုင်_ပဒန်းဘီဆာ ရထားလမ်းအား ရက်အတော်ကြာ ပိတ်ထားရဖွယ်ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္းႏိုင္ငံ ေတာင္ပိုင္းတြင္ ကုန္တင္ရထားတြဲတစ္စီး ဗုံးခြဲတိုက္ခိုက္ခံရ
Pika (NP News) - ဒီဇင္ဘာ ၄

ထိုင္းႏိုင္ငံ ဆာေဒအိုခ႐ိုင္ ဆြန္ခလာၿမိဳ႕တြင္ ဒီဇင္ဘာ(၃)ရက္က ရထားလမ္းကို ဗုံးခြဲတိုက္ခိုက္မႈမ်ားေၾကာင့္ ကုန္တင္ရထားတိမ္းေမွာက္ခဲ့ေၾကာင္း အဆိုပါဗုံးခြဲတိုက္ခိုက္မႈကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။

အဆိုပါဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားမရွိေၾကာင္း ထိုင္းအာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထိုင္းႏိုင္ငံ ဟတ္႐ိုင္ၿမိဳ႕ႏွင့္ မေလးရွားႏိုင္ငံ ပဒန္းဘီဆာၿမိဳ႕ၾကား ေျပးဆြဲေနေသာ ကုန္တင္ရထား အမွတ္(၇ဝ၇) သည္ tambon Tha Phor ရွိ Moo 2 ေက်း႐ြာရွိ Khlong Ngae မီးရထားဘူတာ႐ုံသို႔ ခ်ဥ္းကပ္ေမာင္းႏွင္လာခ်ိန္တြင္ ဗုံးခြဲတိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရထားလမ္းေပၚတြင္ ဗုံးေပါက္ကြဲသံကဲ့သို႔ က်ယ္ေလာင္စြာေပါက္ကြဲသံမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ရထားမွာ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းမီဒီယာမ်ားက ေဖာ္ျပထားသည္။

ထိုင္းအစိုးရပိုင္ မီးရထားတာဝန္ရွိသူမ်ားႏွင့္ လုံၿခဳံေရးေအဂ်င္စီမွ တာဝန္ရွိသူမ်ားသည္ အခင္းျဖစ္ပြားရာေနရာကို ဆက္လက္စစ္ေဆးျခင္းမ်ားလုပ္ေဆာင္ခဲ့ၾကၿပီး ရထားတိမ္းေမွာက္ျခင္းမွာ ဗုံးေပါက္ကြဲျခင္းေၾကာင့္ျဖစ္ေၾကာင္း အနက္(၂)မီတာခန႔္ရွိသည့္ ေပါက္ကြဲမႈျဖစ္ထားေသာ ေနရာကိုေတြ႕ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ယင္းကုန္တင္ရထားကို ပစ္မွတ္ထားတိုက္ခိုက္ရန္အတြက္ အိမ္လုပ္ဗုံးတစ္လုံးကို ဆင္ထားခဲ့သည္ဟု အာဏာပိုင္မ်ားက ယုံၾကည္ေၾကာင္း သတင္းအရင္းအျမစ္မ်ား က ေဖာ္ျပခဲ့သည္။

အဆိုပါဗုံးခြဲတိုက္ခိုက္မႈမ်ားေၾကာင့္ ရထားတြဲ(၂၀)မွ (၁၁)တြဲမွာ ရထားလမ္းေပၚမွ ေခ်ာ္က်သြားခဲ့ၿပီး ဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။ ဗုံးခြဲတိုက္ခိုက္ခံရမႈမ်ားေၾကာင့္ ရထားေပၚတြင္ပါေသာ ယာဥ္ေမာင္းႏွစ္ဦး၊ ရထားျပဳျပင္ပညာရွင္တစ္ဦးႏွင့္ အျခားဝန္ထမ္းတို႔မွာ ထိခိုက္ဒဏ္ရာရရွိျခင္းမ်ား မရွိခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါရထားသည္ ထိုင္းႏိုင္ငံမွ မေလးရွားႏိုင္ငံသို႔ ‌ရာဘာအခ်ပ္မ်ား ပို႔ေဆာင္မည့္ ရထားျဖစ္ေၾကာင္းလည္း သိရသည္။ ဗုံးရွင္းလင္း‌ေရးကြၽမ္းက်င္သူမ်ားႏွင့္ လုံၿခဳံေရးအရာရွိမ်ားသည္ ေပါက္ကြဲမႈျဖစ္ပြားရာေနရာကို ရွင္းလင္းၿပီး အေထာက္အထားမ်ားစုေဆာင္းကာ ဒီဇင္ဘာ(၃)ရက္ မြန္းလြဲပိုင္းတြင္ သိမ္းဆည္းခဲ့ေၾကာင္းသိရသည္။

ဗုံးရွင္းလင္း‌ေရးတာဝန္ရွိသူမ်ားက အခင္းျဖစ္ပြားရာေနရာကို ရွင္းလင္းၿပီးေနာက္ ဒီဇင္ဘာ(၄)ရက္တြင္ စတင္၍ ပ်က္စီးသြားေသာ ရထားလမ္းပိုင္းကို ျပန္လည္ျပဳျပင္ရန္လိုအပ္ေၾကာင္း ဟတ္ယိုင္_ပဒန္းဘီဆာ ရထားလမ္းအား ရက္အေတာ္ၾကာ ပိတ္ထားရဖြယ္ရွိေနေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.