အမေရိကန်ထုတ် ဒုံးကျည်စနစ်များကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ် အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော

 782

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

ယူကရိန်းထံပေးပို့ကူညီနေတဲ့ အမေရိကန်ထုတ် ဒုံးကျည်စနစ်များကို ကာကွယ်နိုင်စွမ်းရှိတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်အသစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ အိမ်နီးချင်း ကာဇက်စတန်နိုင်ငံရှိ Sary Shagan ဒုံးကျည်စမ်းသပ်ရေးနေရာကနေ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်အသစ်ကို အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ဆိုပါတယ်။

အဆိုပါအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်အသစ်ကို လက်ရှိအချိန်မှာ နာမည်ပေးရခြင်းများ မရှိသေးကြောင်း၊ ရုရှားလေတပ်တပ်ဖွဲ့ဟာ ဝေဟင်နဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်က ဆိုပါတယ်။

ရုရှားလေတပ်ရဲ့ဒုံးကျည်ကာကွယ်ရေးအဖွဲ့အကြီးအကဲဗိုလ်ချုပ် ဆာဂေး ဂရက်ချက်က လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်က ပစ်မှတ်တွေကို တိကျသေချာပြီး ကာကွယ်နိုင်စွမ်းအပြည့်ရှိကြောင်း ဆိုပါတယ်။

ရုရှားဟာ ၄င်းတို့ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေ အဆင့်မြင့်တင်နိုင်ဖို့ ကြိုပမ်းနေခဲ့ရာ လေကြောင်းရန် ကာကွယ် ရေးဒုံးကျည်စနစ်အသစ်ကို နောက်ဆုံးအကြိမ်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အသစ်ဟာ အမေရိကန်ထုတ် စွမ်းရည်မြင့် (HIMARS) က ပစ်လိုက်တဲ့ အမြှောက်၊ ဒုံးကျည်စနစ်များကိုဖျက်ဆီးဖို့ ၊ စုံစမ်းထောက်လှမ်းဖို့ ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ရုရှား စစ်ဘက်က ပြောပါတယ်။

ယူကရိန်းဟာ စစ်ပွဲမှာ ဆိုဗီယက်ခေတ်သုံးလက်နက်များ ယခင်က အသုံးပြုခဲ့ပေမယ့် လက်ရှိအချိန်မှာ HIMARS ဒုံးကျည်များအပါအဝင် နေတိုးမဟာမိတ်အဖွဲ့က ပံ့ပိုးပေးထားတဲ့ ဒုံးကျည်၊ လက်နက်စနစ်တွေကို အသုံးပြုနေကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ကြောင့် ယူကရိန်းရဲ့ တိုက်ခိုက်မှုများကို တုံ့ပြန်ဖျက်ဆီးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

ရုရှားစစ်ဘက်က အမည်မဖော်လိုတဲ့အရာရှိတစ်ဦးက "လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ဟာ တိုက်ခိုက်လာမယ့်ဒုံးကျည်တွေကို စုံစမ်းထောက်လှမ်းဖို့၊ ခြေရာခံဖို့ နဲ့ တုံ့ပြန်ဖျက်ဆီးဖို့ အခက်အခဲပြဿနာမရှိပါဘူး" လို့ ပြောပါတယ်။

Zawgyi Version;
အေမရိကန္ထုတ္ ဒုံးက်ည္စနစ္မ်ားကို ဖ်က္ဆီးႏိုင္စြမ္းရွိတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ ေအာင္ျမင္စြာ ထုတ္လုပ္စမ္းသပ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

ယူကရိန္းထံေပးပို႔ကူညီေနတဲ့ အေမရိကန္ထုတ္ ဒုံးက်ည္စနစ္မ်ားကို ကာကြယ္ႏိုင္စြမ္းရွိတဲ့ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္အသစ္ကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားဘက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားဟာ အိမ္နီးခ်င္း ကာဇက္စတန္ႏိုင္ငံရွိ Sary Shagan ဒုံးက်ည္စမ္းသပ္ေရးေနရာကေန ေလေၾကာင္းရန္ ကာကြယ္ေရးဒုံးက်ည္စနစ္အသစ္ကို ေအာင္ျမင္စြာစမ္းသပ္ျပႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ဆိုပါတယ္။

အဆိုပါေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့တဲ့ ဒုံးက်ည္ကာကြယ္ေရးစနစ္အသစ္ကို လက္ရွိအခ်ိန္မွာ နာမည္ေပးရျခင္းမ်ား မရွိေသးေၾကာင္း၊ ႐ုရွားေလတပ္တပ္ဖြဲ႕ဟာ ေဝဟင္နဲ႔ ေလေၾကာင္းကေန တိုက္ခိုက္မႈေတြကိုကာကြယ္ႏိုင္ဖို႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ကို တီထြင္ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္က ဆိုပါတယ္။

႐ုရွားေလတပ္ရဲ႕ဒုံးက်ည္ကာကြယ္ေရးအဖြဲ႕အႀကီးအကဲဗိုလ္ခ်ဳပ္ ဆာေဂး ဂရက္ခ်က္က ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္က ပစ္မွတ္ေတြကို တိက်ေသခ်ာၿပီး ကာကြယ္ႏိုင္စြမ္းအျပည့္ရွိေၾကာင္း ဆိုပါတယ္။

႐ုရွားဟာ ၄င္းတို႔ရဲ႕ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြ အဆင့္ျမင့္တင္ႏိုင္ဖို႔ ႀကိဳပမ္းေနခဲ့ရာ ေလေၾကာင္းရန္ ကာကြယ္ ေရးဒုံးက်ည္စနစ္အသစ္ကို ေနာက္ဆုံးအႀကိမ္ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္စနစ္အသစ္ဟာ အေမရိကန္ထုတ္ စြမ္းရည္ျမင့္ (HIMARS) က ပစ္လိုက္တဲ့ အေျမႇာက္၊ ဒုံးက်ည္စနစ္မ်ားကိုဖ်က္ဆီးဖို႔ ၊ စုံစမ္းေထာက္လွမ္းဖို႔ ျပႆနာတစ္စုံတစ္ရာမရွိေၾကာင္း ႐ုရွား စစ္ဘက္က ေျပာပါတယ္။

ယူကရိန္းဟာ စစ္ပြဲမွာ ဆိုဗီယက္ေခတ္သုံးလက္နက္မ်ား ယခင္က အသုံးျပဳခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ HIMARS ဒုံးက်ည္မ်ားအပါအဝင္ ေနတိုးမဟာမိတ္အဖြဲ႕က ပံ့ပိုးေပးထားတဲ့ ဒုံးက်ည္၊ လက္နက္စနစ္ေတြကို အသုံးျပဳေနေၾကာင္း၊ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ႐ုရွားတပ္ဖြဲ႕ေတြဟာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ေၾကာင့္ ယူကရိန္းရဲ႕ တိုက္ခိုက္မႈမ်ားကို တုံ႔ျပန္ဖ်က္ဆီးသြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။

႐ုရွားစစ္ဘက္က အမည္မေဖာ္လိုတဲ့အရာရွိတစ္ဦးက "ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသစ္ဟာ တိုက္ခိုက္လာမယ့္ဒုံးက်ည္ေတြကို စုံစမ္းေထာက္လွမ္းဖို႔၊ ေျခရာခံဖို႔ နဲ႔ တုံ႔ျပန္ဖ်က္ဆီးဖို႔ အခက္အခဲျပႆနာမရွိပါဘူး" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.