B21 Rider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ထုတ်ပြလိုက်မှုက ဝါဒဖြန့်ချိရေးအတွက်သာဖြစ်ကြောင်း တရုတ်မီဒီယာတွေ ဝေဖန်

 796

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြလိုက်တဲ့ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အသစ်ဟာ ဝါဒဖြန့်ချိရေး နမူနာပုံစံမျိုးဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာတွေက ရေးသားဖော်ပြလိုက်ပါတယ်။

အမေရိကန်စစ်ဘက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇ဝဝ နီးပါး အကုန်ကျခံ တည်ဆောက်မယ့် B21 Rider မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အသစ်ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပြီးနောက် တရုတ်မီဒီယာတွေက ရေးသားခဲ့တာဖြစ်ပါတယ်။ အဆိုပါဗုံးကြဲလေယာဉ်ဟာ ကမ္ဘာတဝှမ်းရှိ ဗုံးကြဲလေယာဉ်တွေထဲ ဆဌမမြောက် ဗုံးကြဲလေယာဉ်မျိုးဆက်ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က အဆိုပါကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်များ အတွင်း နောက်ဆုံးထုတ် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဖြစ်ကြောင်း၊ အဆိုပါကိုယ်ပျောက်ဗုံးကြဲလေယာဉ် ကို လေကြောင်းရန်ကာကွယ်ရေးစနစ်များ စုံစမ်းထောက်လှမ်းဖို့မလွယ်ကူသလို ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ အတွက် အခြားထောက်ပံ့ကူညီပေးရတာမျိုး ထပ်မံမလိုအပ်ကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောပါ တယ်။

အဆိုပါ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဟာ သမာရိုးကျလက်နက်များနဲ့ နျူကလီးယားလက်နက်များ တင်ဆောင် ပျံသန်းနိုင်မယ့်လေယာဉ်မျိုးဖြစ်ကြောင်း အမေရိကန်စစ်ဘက် က ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်သတင်းစာကတော့ တရုတ်စစ်ဘက်ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဆိုပြီး လွှတ်တော်ထံမှ ကာကွယ်ရေးအသုံးစရိတ်ပိုမိုရရှိအောင် B21 Rider အမည်ရှိ ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အသစ်တည်ဆောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံပိုင်မီဒီယာတွေက အမေရိကန်စစ်ဘက်က စစ်ရေးပိုမိုချဲ့ထွင်နိုင်ဖို့ နဲ့ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်ဖို့ စစ်ရေးအသုံးစရိတ်ပိုမိုတိုးမြင့်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ဝေဖန်ထားပါ တယ်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Northrop Grumman က B21 Rider မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်ဟာ အမေရိကန်လေတပ်အတွက် အနာဂတ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါ တယ်။

အမေရိကန်စစ်ဘက်ဟာ အဆိုပါဗုံးကြဲလေယာဉ်ကို လေထဲမှာ ပျံသန်းခြင်းများ မလုပ်ရသေးကြောင်း၊ မကြာမီ ပျံသန်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ပျံသန်းမှုများ လုပ်ဆောင်ပြီးချိန်မှာ အရေအတွက် တိုးမြင့် ထုတ်လုပ် သွားမှာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

Zawgyi Version;
B21 Rider ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ထုတ္ျပလိုက္မႈက ဝါဒျဖန႔္ခ်ိေရးအတြက္သာျဖစ္ေၾကာင္း တ႐ုတ္မီဒီယာေတြ ေဝဖန္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅

အေမရိကန္ႏိုင္ငံက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပလိုက္တဲ့ ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္အသစ္ဟာ ဝါဒျဖန႔္ခ်ိေရး နမူနာပုံစံမ်ိဳးျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္မီဒီယာေတြက ေရးသားေဖာ္ျပလိုက္ပါတယ္။

အေမရိကန္စစ္ဘက္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္ေဒၚလာသန္းေပါင္း ၇ဝဝ နီးပါး အကုန္က်ခံ တည္ေဆာက္မယ့္ B21 Rider မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္အသစ္ကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ၿပီးေနာက္ တ႐ုတ္မီဒီယာေတြက ေရးသားခဲ့တာျဖစ္ပါတယ္။ အဆိုပါဗုံးႀကဲေလယာဥ္ဟာ ကမာၻတဝွမ္းရွိ ဗုံးႀကဲေလယာဥ္ေတြထဲ ဆဌမေျမာက္ ဗုံးႀကဲေလယာဥ္မ်ိဳးဆက္ျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးလြိဳင္ေအာ္စတင္က အဆိုပါကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ဟာ ၿပီးခဲ့တဲ့ ၁ဝ ႏွစ္မ်ား အတြင္း ေနာက္ဆုံးထုတ္ မဟာဗ်ဴဟာေျမာက္ဗုံးႀကဲေလယာဥ္ျဖစ္ေၾကာင္း၊ အဆိုပါကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ ကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား စုံစမ္းေထာက္လွမ္းဖို႔မလြယ္ကူသလို ပစ္မွတ္ေတြကိုတိုက္ခိုက္ဖို႔ အတြက္ အျခားေထာက္ပံ့ကူညီေပးရတာမ်ိဳး ထပ္မံမလိုအပ္ေၾကာင္း၊ အေမရိကန္ကာကြယ္ေရးဝန္ႀကီး က ေျပာပါ တယ္။

အဆိုပါ ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ဟာ သမာ႐ိုးက်လက္နက္မ်ားနဲ႔ န်ဴကလီးယားလက္နက္မ်ား တင္ေဆာင္ ပ်ံသန္းႏိုင္မယ့္ေလယာဥ္မ်ိဳးျဖစ္ေၾကာင္း အေမရိကန္စစ္ဘက္ က ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံပိုင္ ဂလိုဘယ္လ္တိုင္းမ္သတင္းစာကေတာ့ တ႐ုတ္စစ္ဘက္ရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ဆိုၿပီး လႊတ္ေတာ္ထံမွ ကာကြယ္ေရးအသုံးစရိတ္ပိုမိုရရွိေအာင္ B21 Rider အမည္ရွိ ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ အသစ္တည္ေဆာက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာေတြက အေမရိကန္စစ္ဘက္က စစ္ေရးပိုမိုခ်ဲ႕ထြင္ႏိုင္ဖို႔ နဲ႔ ကာကြယ္ေရးပစၥည္းမ်ား ထုတ္လုပ္ႏိုင္ဖို႔ စစ္ေရးအသုံးစရိတ္ပိုမိုတိုးျမင့္ႏိုင္ဖို႔ ရည္႐ြယ္လုပ္ေဆာင္ျခင္းလည္းျဖစ္ေၾကာင္း ေဝဖန္ထားပါ တယ္။ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၸဏီ Northrop Grumman က B21 Rider မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲ ေလယာဥ္ဟာ အေမရိကန္ေလတပ္အတြက္ အနာဂတ္မွာ အဓိကအခန္းက႑က ပါဝင္လာမွာျဖစ္တယ္လို႔ ဆိုပါ တယ္။

အေမရိကန္စစ္ဘက္ဟာ အဆိုပါဗုံးႀကဲေလယာဥ္ကို ေလထဲမွာ ပ်ံသန္းျခင္းမ်ား မလုပ္ရေသးေၾကာင္း၊ မၾကာမီ ပ်ံသန္းမႈေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ ပ်ံသန္းမႈမ်ား လုပ္ေဆာင္ၿပီးခ်ိန္မွာ အေရအတြက္ တိုးျမင့္ ထုတ္လုပ္ သြားမွာျဖစ္ေၾကာင္း သတင္းေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.