ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ ရှိနေပေမယ့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ၇ နှစ်တိုင်တိုင် မြင့်တက်လာ

 479

ရောင်နီ (NP News) - ဒီဇင်ဘာ ၅

ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေး စစ်လက်နက်ရောင်းချရေးကုမ္ပဏီ ၁ဝဝ မှ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှု များ ရောင်းချမှုဟာ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေ ရှိနေပေမယ့်လည်း ၂ဝ၂၁ ခုနှစ်မှာ ၁.၉ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း Stockholm International Peace Research Institute (SIPRI) မှ အချက် အလက်အသစ်အရ သိရပါတယ်။

၂ဝ၁၉ - ၂ဝ၂ဝ ပြည့်နှစ်အတွင်း လက်နက်ရောင်းချမှု ၁.၁ ရာခိုင်နှုန်း အရှိန်မြှင့်တက်လာပြီးနောက် ၂ဝ၂၁ ခုနှစ်မှာ ၁.၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဟာ သတ္တမနှစ်မြောက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု မြင့်တက်တဲ့ နှစ် ဖြစ်လာစေခဲ့ကြောင်း SIPRI က ဖော်ပြခဲ့ပါတယ်။ ထောက်ပံ့ရေးကွင်းဆက်ပြဿနာများဟာ ၂ဝ၂၁ ခုနှစ်မှာ ကုန်သွယ်မှုကို ဆက်လက်ထိန်းထားနိုင်ပေမယ့် ယူကရိန်းစစ်ပွဲရလဒ်ကြောင့် ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း SIPRI မှ ပြောကြားပါတယ်။

“လက်နက်ကုမ္ပဏီကြီးတွေနဲ့ အသေးစားလက်နက်ကုမ္ပဏီတွေ နှစ်ခုစလုံး ဒီနှစ်အတွင်းမှာ ထိခိုက်ခဲ့တယ်။ Airbus နဲ့ General Dynamics ကဲ့သို့သော ကုမ္ပဏီအချို့ဟာ လုပ်သားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်" လို့ ၄င်းက ဆိုပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုဟာ ကမ္ဘာတစ်ဝှမ်းရှိ လက်နက်ကုမ္ပဏီများအတွက် ထောက်ပံ့ရေးကွင်းဆက်စိန်ခေါ်မှုများ တိုးလာစေခဲ့ပါတယ်။ အနောက်နိုင်ငံတွေအတွက် ရုရှားဟာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ကုန်ကြမ်းများကို အများဆုံးထောက်ပံ့တဲ့နိုင်ငံဖြစ်တာကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ယူကရိန်း - ရုရှားစစ်ပွဲဟာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ ခဲယမ်း မီးကျောက်တွေနဲ့ တခြားပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် အဟန့်အတားဖြစ်စေခဲ့ကာ ရုရှားထံမှ အခြားထုတ်လုပ်သူများထံ တစ်ပိုင်းလျှပ်ကူးကိရိယာများ ပေးပို့ဖို့နဲ့ ငွေပေးချေမှုအတွက် ခက်ခဲစေခဲ့ပါတယ်။

တရုတ်လက်နက်ကုမ္ပဏီ ရှစ်ခုကတော့ စုစုပေါင်း လက်နက်ရောင်းချရမှု ဒေါ်လာ ၁ဝ၉ ဘီလျံရှိပြီး အရင်နှစ်ကထက် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။ ပြင်သစ်ရဲ့ Dassault Aviation Group ဟာလည်း Rafale တိုက်ခိုက်ရေးလေယာဉ် ၂၅ စီး ပို့ဆောင်ခြင်းဖြင့် ၂ဝ၂၁ ခုနှစ်မှာ ရောင်းအား ၅၉ ရာခိုင်နှုန်းအထိရှိခဲ့ကာ ဒေါ်လာ ၆.၃ ဘီလျံအထိ တိုးမြင့်လာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဥရောပရှိ ကုမ္ပဏီများဟာ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများနဲ့ ရုန်းကန်ခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ကုမ္ပဏီအများစုမှာ ဆုံးရှုံးမှုများ ရှိလာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေထာက္ပံ့ေရးကြင္းဆက္ျပႆနာမ်ား ရွိေနေပမယ့္ ကမာၻလုံးဆိုင္ရာ လက္နက္ေရာင္းခ်မႈ ၇ ႏွစ္တိုင္တိုင္ ျမင့္တက္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၅

ကမာၻ႔အႀကီးဆုံး ကာကြယ္ေရး စစ္လက္နက္ေရာင္းခ်ေရးကုမၸဏီ ၁ဝဝ မွ လက္နက္နဲ႔ စစ္ဘက္ဆိုင္ရာ ဝန္ေဆာင္မႈ မ်ား ေရာင္းခ်မႈဟာ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာေတြ ရွိေနေပမယ့္လည္း ၂ဝ၂၁ ခုႏွစ္မွာ ၁.၉ ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့ေၾကာင္း Stockholm International Peace Research Institute (SIPRI) မွ အခ်က္ အလက္အသစ္အရ သိရပါတယ္။

၂ဝ၁၉ - ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း လက္နက္ေရာင္းခ်မႈ ၁.၁ ရာခိုင္ႏႈန္း အရွိန္ျမႇင့္တက္လာၿပီးေနာက္ ၂ဝ၂၁ ခုႏွစ္မွာ ၁.၉ ရာခိုင္ႏႈန္းျမင့္တက္လာျခင္းဟာ သတၱမႏွစ္ေျမာက္ ကမာၻလုံးဆိုင္ရာ လက္နက္ေရာင္းခ်မႈ ျမင့္တက္တဲ့ ႏွစ္ ျဖစ္လာေစခဲ့ေၾကာင္း SIPRI က ေဖာ္ျပခဲ့ပါတယ္။ ေထာက္ပံ့ေရးကြင္းဆက္ျပႆနာမ်ားဟာ ၂ဝ၂၁ ခုႏွစ္မွာ ကုန္သြယ္မႈကို ဆက္လက္ထိန္းထားႏိုင္ေပမယ့္ ယူကရိန္းစစ္ပြဲရလဒ္ေၾကာင့္ ပိုမိုဆိုး႐ြားလာဖြယ္ရွိေၾကာင္း SIPRI မွ ေျပာၾကားပါတယ္။

“လက္နက္ကုမၸဏီႀကီးေတြနဲ႔ အေသးစားလက္နက္ကုမၸဏီေတြ ႏွစ္ခုစလုံး ဒီႏွစ္အတြင္းမွာ ထိခိုက္ခဲ့တယ္။ Airbus နဲ႔ General Dynamics ကဲ့သို႔ေသာ ကုမၸဏီအခ်ိဳ႕ဟာ လုပ္သားရွားပါးမႈ ျပႆနာနဲ႔ ရင္ဆိုင္ေနရတယ္" လို႔ ၄င္းက ဆိုပါတယ္။

၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလက ယူကရိန္းကို ႐ုရွားရဲ႕က်ဴးေက်ာ္ဝင္ေရာက္မႈဟာ ကမာၻတစ္ဝွမ္းရွိ လက္နက္ကုမၸဏီမ်ားအတြက္ ေထာက္ပံ့ေရးကြင္းဆက္စိန္ေခၚမႈမ်ား တိုးလာေစခဲ့ပါတယ္။ အေနာက္ႏိုင္ငံေတြအတြက္ ႐ုရွားဟာ လက္နက္ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ကုန္ၾကမ္းမ်ားကို အမ်ားဆုံးေထာက္ပံ့တဲ့ႏိုင္ငံျဖစ္တာေၾကာင့္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြဟာ ယူကရိန္း - ႐ုရွားစစ္ပြဲဟာ ေဒၚလာဘီလ်ံေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ ခဲယမ္း မီးေက်ာက္ေတြနဲ႔ တျခားပစၥည္းေတြ ပို႔ေဆာင္ဖို႔အတြက္ အဟန႔္အတားျဖစ္ေစခဲ့ကာ ႐ုရွားထံမွ အျခားထုတ္လုပ္သူမ်ားထံ တစ္ပိုင္းလွ်ပ္ကူးကိရိယာမ်ား ေပးပို႔ဖို႔နဲ႔ ေငြေပးေခ်မႈအတြက္ ခက္ခဲေစခဲ့ပါတယ္။

တ႐ုတ္လက္နက္ကုမၸဏီ ရွစ္ခုကေတာ့ စုစုေပါင္း လက္နက္ေရာင္းခ်ရမႈ ေဒၚလာ ၁ဝ၉ ဘီလ်ံရွိၿပီး အရင္ႏွစ္ကထက္ ၆ ဒသမ ၃ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ သိရပါတယ္။ ျပင္သစ္ရဲ႕ Dassault Aviation Group ဟာလည္း Rafale တိုက္ခိုက္ေရးေလယာဥ္ ၂၅ စီး ပို႔ေဆာင္ျခင္းျဖင့္ ၂ဝ၂၁ ခုႏွစ္မွာ ေရာင္းအား ၅၉ ရာခိုင္ႏႈန္းအထိရွိခဲ့ကာ ေဒၚလာ ၆.၃ ဘီလ်ံအထိ တိုးျမင့္လာခဲ့ပါတယ္။ သို႔ေပမယ့္လည္း ဥေရာပရွိ ကုမၸဏီမ်ားဟာ ေထာက္ပံ့ေရးကြင္းဆက္ျပတ္ေတာက္မႈမ်ားနဲ႔ ႐ုန္းကန္ခဲ့ရၿပီး စစ္ဘက္ဆိုင္ရာ အာကာသယာဥ္ကုမၸဏီအမ်ားစုမွာ ဆုံးရႈံးမႈမ်ား ရွိလာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.