ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အရပ်သားဦးဆောင်မှု နဲ့ အသွင်ကူးပြောင်းမှုများလုပ်ဆောင်ဖို့ သဘောတူလက်ခံ

 441

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာခဲ့တဲ့ အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ဖို့ နဲ့ အရပ်သားအစိုးရဦးဆောင် ပြီး ၂ နှစ်ကြာ အသွင်ကူးပြောင်းရေးလုပ်ငန်းများလုပ်ဆောင်နိုင်ဖို့ ဆူဒန်နိုင်ငံရဲ့အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ နိုင်ငံအာဏာကို အရပ်သားအုပ်စုများထံ ပြန်လည်လွဲပြောင်းပေးခဲ့ပြီး ဆူဒန်နိုင်ငံရေးပါတီတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ သဘောတူညီမှု မူဘောင်စာချုပ်ကို ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်က စစ်တပ်ကအရပ်သားခေါင်းဆောင် အိုမာအယ်ဘာရှားကို ရာထူးက ဖြုတ်ချ ကာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များ နဲ့ ဆူဒန်နိုင်ငံရေးအဖွဲ့များကြား အသွင်ကူးပြောင်း ရေးနဲ့ပတ်သက်ပြီး သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြအုပ်စုတွေထဲက အဆိုပါသဘောတူညီမှုအပေါ် ပြစ်တင်ရှုတ်ချမှုတွေရှိခဲ့ပြီး နိုင်ငံရေးပါတီတွေနဲ့ စစ်ခေါင်းဆောင်တို့ ရရှိခဲ့တဲ့ သဘောတူညီမှုစာချုပ်ကို ပယ်ချထားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်တွေနဲ့ အရပ်သားခေါင်းဆောင် အိုမာအယ်ဘာရှားကို သစ္စာခံတဲ့အုပ်စုများကြား သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ခါတွန်မြို့မှာ ပြုလုပ်ခဲ့ရာ ပြည်သူထောင်ချီဆန့်ကျင် ဆန္ဒပြမှုတွေလည်း ရှိခဲ့သိရပါတယ်။ အဆိုပါသဘောတူညီချက်ထဲမှာ အာဏာသိမ်းစစ်တပ်ဟာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ကာကွယ်ရေးကောင်စီမှာ ပါဝင် ခွင့်ရမှာဖြစ်သလို လုံခြုံရေးကိစ္စများမှာပဲ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အရပ်သား နိုင်ငံရေး ညွန့်ပေါင်းအဖွဲ့တွေထဲက ဝန်ကြီးချုပ်တစ်ဦးကိုရွေးချယ်ပြီး အသွင်ကူးပြောင်းရေးကာလကို ၂ နှစ် ကြာလုပ်ဆောင်ပြီးနောက် ရွေးကောက်ပွဲပြုလုပ်ဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Abdel Fattah al-Burhan က ဆူဒန်ပြည်သူတွေဟာ နိုင်ငံရေးကို အပြည့်အဝထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပြီး နိုင်ငံရေးမူဝါဒတွေကိုလည်း လမ်းညွှန်ဆောင်ရွက်ခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

၄င်းက "စစ်တပ်ဟာ စစ်တန်းလျားကို ပြန်မှာဖြစ်ပြီး အရပ်သားနိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲယှဉ်ပြိုင်ပြီး အစိုးရဖွဲ့ခွင့် ရတော့မှာပါ" လို့ပြောပါတယ်။
ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြအုပ်စုမှာ ပါဝင်သူတစ်ဦးက " ယုံကြည်မှုပျက်စီးသွားပြီ၊ စစ်တပ်ဟာ အာဏာသိမ်းမှုတွေကို ထပ်မံလုပ်ဆောင်နိုင်ဖွယ်ရှိတယ်။ အဓိက ပြဿနာက အာဏာသိမ်းခေါင်းဆောင် al-Burhan နဲ့ သူရဲ့လက်ထောက်ဖြစ်သူ ဟီမီတီတို့ဟာ အာဏာဆက်ရှိနေမှာဖြစ်တယ်။ စစ်အာဏာသိမ်းအုပ်စုဟာ ဆန္ဒပြပွဲတွေအတွင်း ပြည်သူတွေကို သတ်တယ်။ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ သူတို့ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ရှေ့ကိုဆက်သွားနေတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဆူဒန္အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြက အရပ္သားဦးေဆာင္မႈ နဲ႔ အသြင္ကူးေျပာင္းမႈမ်ားလုပ္ေဆာင္ဖို႔ သေဘာတူလက္ခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆

အာဏာသိမ္းၿပီးေနာက္ပိုင္းျဖစ္ပြားလာခဲ့တဲ့ အၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ႏိုင္ဖို႔ နဲ႔ အရပ္သားအစိုးရဦးေဆာင္ ၿပီး ၂ ႏွစ္ၾကာ အသြင္ကူးေျပာင္းေရးလုပ္ငန္းမ်ားလုပ္ေဆာင္ႏိုင္ဖို႔ ဆူဒန္ႏိုင္ငံရဲ႕အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြဟာ ႏိုင္ငံအာဏာကို အရပ္သားအုပ္စုမ်ားထံ ျပန္လည္လြဲေျပာင္းေပးခဲ့ၿပီး ဆူဒန္ႏိုင္ငံေရးပါတီေတြနဲ႔ အာဏာသိမ္း စစ္ေခါင္းေဆာင္တို႔ သေဘာတူညီမႈ မူေဘာင္စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။

ဆူဒန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္က စစ္တပ္ကအရပ္သားေခါင္းေဆာင္ အိုမာအယ္ဘာရွားကို ရာထူးက ျဖဳတ္ခ် ကာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေခါင္းေဆာင္မ်ား နဲ႔ ဆူဒန္ႏိုင္ငံေရးအဖြဲ႕မ်ားၾကား အသြင္ကူးေျပာင္း ေရးနဲ႔ပတ္သက္ၿပီး သေဘာတူညီမႈေတြရရွိခဲ့တယ္လို႔ သိရပါတယ္။

အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပအုပ္စုေတြထဲက အဆိုပါသေဘာတူညီမႈအေပၚ ျပစ္တင္ရႈတ္ခ်မႈေတြရွိခဲ့ၿပီး ႏိုင္ငံေရးပါတီေတြနဲ႔ စစ္ေခါင္းေဆာင္တို႔ ရရွိခဲ့တဲ့ သေဘာတူညီမႈစာခ်ဳပ္ကို ပယ္ခ်ထားတယ္လို႔ သိရပါတယ္။

စစ္ေခါင္းေဆာင္ေတြနဲ႔ အရပ္သားေခါင္းေဆာင္ အိုမာအယ္ဘာရွားကို သစၥာခံတဲ့အုပ္စုမ်ားၾကား သေဘာတူညီမႈ လက္မွတ္ေရးထိုးပြဲကို ခါတြန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ရာ ျပည္သူေထာင္ခ်ီဆန႔္က်င္ ဆႏၵျပမႈေတြလည္း ရွိခဲ့သိရပါတယ္။ အဆိုပါသေဘာတူညီခ်က္ထဲမွာ အာဏာသိမ္းစစ္တပ္ဟာ ဝန္ႀကီးခ်ဳပ္ဦးေဆာင္တဲ့ကာကြယ္ေရးေကာင္စီမွာ ပါဝင္ ခြင့္ရမွာျဖစ္သလို လုံၿခဳံေရးကိစၥမ်ားမွာပဲ ပါဝင္ခြင့္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

အရပ္သား ႏိုင္ငံေရး ၫြန္႔ေပါင္းအဖြဲ႕ေတြထဲက ဝန္ႀကီးခ်ဳပ္တစ္ဦးကိုေ႐ြးခ်ယ္ၿပီး အသြင္ကူးေျပာင္းေရးကာလကို ၂ ႏွစ္ ၾကာလုပ္ေဆာင္ၿပီးေနာက္ ေ႐ြးေကာက္ပြဲျပဳလုပ္ဖို႔ စတဲ့အခ်က္ေတြ ပါဝင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

စစ္အာဏာသိမ္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Abdel Fattah al-Burhan က ဆူဒန္ျပည္သူေတြဟာ ႏိုင္ငံေရးကို အျပည့္အဝထိန္းခ်ဳပ္ခြင့္ရသြားမွာျဖစ္ၿပီး ႏိုင္ငံေရးမူဝါဒေတြကိုလည္း လမ္းၫႊန္ေဆာင္႐ြက္ခြင့္ရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

၄င္းက "စစ္တပ္ဟာ စစ္တန္းလ်ားကို ျပန္မွာျဖစ္ၿပီး အရပ္သားႏိုင္ငံေရးပါတီေတြက ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ၿပီး အစိုးရဖြဲ႕ခြင့္ ရေတာ့မွာပါ" လို႔ေျပာပါတယ္။
ဒါေပမယ့္ ဒီမိုကေရစီလိုလားတဲ့ ဆႏၵျပအုပ္စုမွာ ပါဝင္သူတစ္ဦးက " ယုံၾကည္မႈပ်က္စီးသြားၿပီ၊ စစ္တပ္ဟာ အာဏာသိမ္းမႈေတြကို ထပ္မံလုပ္ေဆာင္ႏိုင္ဖြယ္ရွိတယ္။ အဓိက ျပႆနာက အာဏာသိမ္းေခါင္းေဆာင္ al-Burhan နဲ႔ သူရဲ႕လက္ေထာက္ျဖစ္သူ ဟီမီတီတို႔ဟာ အာဏာဆက္ရွိေနမွာျဖစ္တယ္။ စစ္အာဏာသိမ္းအုပ္စုဟာ ဆႏၵျပပြဲေတြအတြင္း ျပည္သူေတြကို သတ္တယ္။ ဖမ္းဆီးထိန္းသိမ္းခဲ့တယ္။ သူတို႔ဟာ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိဘဲ ေရွ႕ကိုဆက္သြားေနတယ္" လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.