လာမည့်ပညာသင်နှစ်တွင် ပဲခူးတက္ကသိုလ်၌ ဘာသာရပ်(၃)ခုအတွက် Ph.D သင်တန်းများစတင်ဖွင့်လှစ်မည်

 676

ယွန်း (NP News) - ဒီဇင်ဘာ ၉

လာမည့် (၂ဝ၂၃- ၂ဝ၂၄) ပညာသင်နှစ်တွင် ပဲခူးတက္ကသိုလ်၌ ဘာသာရပ်(၃)ခုအတွက် Ph.D သင်တန်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၆)ရက်တွင် ပဲခူးတက္ကသိုလ်၌ ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်၏ အသက်သည် သုတေသနလုပ်ငန်းဖြစ်ပြီး သုတေသနလုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ရန် သုတေသနသုံးပစ္စည်းများအပါအဝင် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုပါ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာညွန့်ဖေမှ ဆိုသည်။

အလားတူ စာအုပ်စာတမ်းများဝယ်ယူနိုင်ရန် ဌာနတစ်ခုချင်းစီကို ရန်ပုံငွေများပံ့ပိုးပေးသွားမည်ဖြစ်ပြီး လာမည့် ၂ဝ၂၃- ၂ဝ၂၄ ပညာသင်နှစ်တွင် ပဲခူးတက္ကသိုလ်၌ ဘာသာရပ်(၃)ခုတွင် Ph.D သင်တန်းစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် ဆရာများအနေဖြင့်လည်း သင်ကြားရေးသာမက သုတေသနလုပ်ငန်းများ အောင်မြင်ရန်အတွက် ပူးပေါင်းကြိုးပမ်း၍ ကျောင်းသားများကို အမှန်တကယ်ပညာတတ်များ ဖြစ်စေရန် လေ့ကျင့်ပေးလိုကြောင်း ဒေါက်တာညွန့်ဖေမှတိုက်တွန်းပြောဆိုထား သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသည့် တက္ကသိုလ်များအနေဖြင့် ကချင်တွင်(၇)ခု၊ ကယားတွင်(၃)ခု၊ ကရင်တွင်(၃)ခု၊ ချင်းတွင်(၁)ခု၊ စစ်ကိုင်းတွင် (၁၃)ခု၊ တနင်္သာရီတွင်(၆)ခု၊ ပဲခူးတွင်(၇)ခု၊ မကွေးတွင်(၈)ခု၊ မန္တလေးတွင်(၃၂)ခု၊ မွန်တွင်(၃)ခု၊ ရခိုင်တွင်(၃)ခု၊ ရန်ကုန်တွင်(၃၃)ခု၊ ရှမ်းတွင်(၁၃)ခုနှင့် ဧရာဝတီတွင်(၉)ခုရှိကြောင်း သိရသည်။

Zawgyi Version;
လာမည့္ပညာသင္ႏွစ္တြင္ ပဲခူးတကၠသိုလ္၌ ဘာသာရပ္(၃)ခုအတြက္ Ph.D သင္တန္းမ်ားစတင္ဖြင့္လွစ္မည္
ယြန္း (NP News) - ဒီဇင္ဘာ ၉

လာမည့္ (၂ဝ၂၃- ၂ဝ၂၄) ပညာသင္ႏွစ္တြင္ ပဲခူးတကၠသိုလ္၌ ဘာသာရပ္(၃)ခုအတြက္ Ph.D သင္တန္းမ်ား စတင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၆)ရက္တြင္ ပဲခူးတကၠသိုလ္၌ က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တကၠသိုလ္၏ အသက္သည္ သုေတသနလုပ္ငန္းျဖစ္ၿပီး သုေတသနလုပ္ငန္းမ်ား ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ရန္ သုေတသနသုံးပစၥည္းမ်ားအပါအဝင္ ဓာတ္ခြဲခန္းသုံးပစၥည္းမ်ားကိုပါ ျဖည့္ဆည္းေပးသြားမည္ျဖစ္ေၾကာင္း ေဒါက္တာၫြန႔္ေဖမွ ဆိုသည္။

အလားတူ စာအုပ္စာတမ္းမ်ားဝယ္ယူႏိုင္ရန္ ဌာနတစ္ခုခ်င္းစီကို ရန္ပုံေငြမ်ားပံ့ပိုးေပးသြားမည္ျဖစ္ၿပီး လာမည့္ ၂ဝ၂၃- ၂ဝ၂၄ ပညာသင္ႏွစ္တြင္ ပဲခူးတကၠသိုလ္၌ ဘာသာရပ္(၃)ခုတြင္ Ph.D သင္တန္းစတင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ ဆရာမ်ားအေနျဖင့္လည္း သင္ၾကားေရးသာမက သုေတသနလုပ္ငန္းမ်ား ေအာင္ျမင္ရန္အတြက္ ပူးေပါင္းႀကိဳးပမ္း၍ ေက်ာင္းသားမ်ားကို အမွန္တကယ္ပညာတတ္မ်ား ျဖစ္ေစရန္ ေလ့က်င့္ေပးလိုေၾကာင္း ေဒါက္တာၫြန႔္ေဖမွတိုက္တြန္းေျပာဆိုထား သည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ဖြင့္လွစ္ထားသည့္ တကၠသိုလ္မ်ားအေနျဖင့္ ကခ်င္တြင္(၇)ခု၊ ကယားတြင္(၃)ခု၊ ကရင္တြင္(၃)ခု၊ ခ်င္းတြင္(၁)ခု၊ စစ္ကိုင္းတြင္ (၁၃)ခု၊ တနသၤာရီတြင္(၆)ခု၊ ပဲခူးတြင္(၇)ခု၊ မေကြးတြင္(၈)ခု၊ မႏၲေလးတြင္(၃၂)ခု၊ မြန္တြင္(၃)ခု၊ ရခိုင္တြင္(၃)ခု၊ ရန္ကုန္တြင္(၃၃)ခု၊ ရွမ္းတြင္(၁၃)ခုႏွင့္ ဧရာဝတီတြင္(၉)ခုရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.