လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သော ကိုယ်စားလှယ်များကို သတိပြုရှောင်ရှားရန် UEC တိုက်တွန်း

559

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၂
လာမည့်ရွေးကောက်ပွဲ၌ အရည်အချင်းရှိ ကိုယ်စားလှယ်များကို ရွေးချယ်ရန်လိုအပ်ပြီး နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက်မှုများကို သတိပြုရှောင်ရှားရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက တိုက်တွန်းထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက အချိုးကျကိုယ်စားပြုစနစ်(PR) ပြောင်းလဲကျင့်သုံးနိုင်ရေးစကားဝိုင်းဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၂၃ ခုနှစ်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ရွေးကောက်တင် မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတို့တွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ဆိုသည်။
ပြီးခဲ့သော ရွေးကောက်ပွဲများ၌ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်ကို ချုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပြောင်းလဲကျင့်သုံးမည့် PR စနစ်သည် ပါတီကြီး၊ ပါတီငယ်၊ တိုင်းရင်းသားများ၊ လူနည်းစုများအားလုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် အချိုးကျကိုယ်စားပြုပါဝင်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီနေရာမှာ သတိပြုစေလိုတာကတော့ ဗဟိုနိုင်ငံရေးစနစ် ပိုမိုပေါ်လွင်လာမှာဖြစ်တဲ့အတွက် မတူကွဲပြားမှုများမှသည် တူညီသော စုစည်းမှုအင်အားများရရှိနိုင်အောင် နိုင်ငံရေးအမြင်၊ အမျိုးသားရေးအမြင်ဖြင့် တည်ဆောက်နိုင်ဖို့လိုပါတယ်။ ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ဦးစားပေးဖို့လိုပါမယ်။ ပါတီစုံပါဝင်လာတော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုများကို နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြော်အမြင်ရှိ ရှိဖြင့် သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်မည်ဖြစ်ပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ဆွေးနွေးပြောဆိုထားသည်။
လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ ပညာအရည်အချင်းသတ်မှတ်ရန်လည်း ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီပေါင်း (၉ဝ)ကျော်ရှိပြီး ၎င်းတို့အနက် ပြီးခဲ့သောရွေးကောက်ပွဲများတွင် ပါတီပေါင်း (၂ဝ) ကျော်သာ လွှတ်တော်ထိုင်ခုံနေရာများကို ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ ကိုယ်စားလှယ်ဦးရေ (၅ဝဝ)ကျော်ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ (၃)ပါတီရှိပြီး ကိုယ်စားလှယ်ဦးရေ (၁ဝဝ)ကျော် ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ (၇)ပါတီ၊ (၅ဝ) ဦးနှင့် (၁ဝဝ)ဦးကြား ယှဉ်ပြိုင်နိုင်သောပါတီ (၄)ပါတီ၊ (၁ဝ) ဦး နှင့် (၅ဝ) ဦးကြား ယှဉ်ပြိုင်သောပါတီ (၂၈)ပါတီနှင့် ကိုယ်စားလှယ် (၁ဝ)ဦးအောက်သာ ယှဉ်ပြိုင်နိုင်သည့်ပါတီ (၄၅)ပါတီအထိရှိကြောင်း သိရသည်။

zawgyi version
လာမည့္ေ႐ြးေကာက္ပြဲ၌ ႏိုင္ငံေရး၊ လူမ်ိဳးေရး၊ ဘာသာေရးအစြန္းေရာက္ေသာ ကိုယ္စားလွယ္မ်ားကို သတိျပဳေရွာင္ရွားရန္ UEC တိုက္တြန္း
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၂
လာမည့္ေ႐ြးေကာက္ပြဲ၌ အရည္အခ်င္းရွိ ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ရန္လိုအပ္ၿပီး ႏိုင္ငံေရး၊ လူမ်ိဳးေရးအစြန္းေရာက္မႈမ်ားကို သတိျပဳေရွာင္ရွားရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက တိုက္တြန္းထားသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ဦးခင္ေမာင္ဦးက အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ေျပာင္းလဲက်င့္သုံးႏိုင္ေရးစကားဝိုင္းေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ၂ဝ၂၃ ခုႏွစ္ေ႐ြးေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္ျဖင့္ ေျပာင္းလဲက်င့္သုံးေဆာင္႐ြက္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲမ်ားသည္ ဒီမိုကေရစီ၏ အေျခခံအုတ္ျမစ္ျဖစ္ၿပီး ေ႐ြးေကာက္တင္ ေျမႇာက္လိုက္ေသာ ျပည္သူ႔ကိုယ္စားလွယ္မ်ားသည္ ဥပေဒျပဳေရးႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းတို႔တြင္ ပါဝင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဦးခင္ေမာင္ဦးက ဆိုသည္။
ၿပီးခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ား၌ FPTP ေ႐ြးေကာက္ပြဲစနစ္အရ ပါတီတစ္ခုတည္းကသာ အာဏာသုံးရပ္ကို ခ်ဳပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး ယခုေျပာင္းလဲက်င့္သုံးမည့္ PR စနစ္သည္ ပါတီႀကီး၊ ပါတီငယ္၊ တိုင္းရင္းသားမ်ား၊ လူနည္းစုမ်ားအားလုံးသည္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးက႑မ်ားတြင္ အခ်ိဳးက်ကိုယ္စားျပဳပါဝင္လာမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။
“ဒီေနရာမွာ သတိျပဳေစလိုတာကေတာ့ ဗဟိုႏိုင္ငံေရးစနစ္ ပိုမိုေပၚလြင္လာမွာျဖစ္တဲ့အတြက္ မတူကြဲျပားမႈမ်ားမွသည္ တူညီေသာ စုစည္းမႈအင္အားမ်ားရရွိႏိုင္ေအာင္ ႏိုင္ငံေရးအျမင္၊ အမ်ိဳးသားေရးအျမင္ျဖင့္ တည္ေဆာက္ႏိုင္ဖို႔လိုပါတယ္။ ပါတီေတြက အရည္အခ်င္းရွိတဲ့ ကိုယ္စားလွယ္ေတြကို ဦးစားေပးဖို႔လိုပါမယ္။ ပါတီစုံပါဝင္လာေတာ့မွာျဖစ္တဲ့အတြက္ ႏိုင္ငံေရးအစြန္းေရာက္မႈ၊ လူမ်ိဳးေရး၊ ဘာသာေရး၊ ဝါဒေရးအစြန္းေရာက္မႈမ်ားကို ႏိုင္ငံေရးအသိ၊ ႏိုင္ငံေရးအေျမာ္အျမင္ရွိ ရွိျဖင့္ သတိျပဳေရွာင္ရွားႏိုင္ဖို႔ လိုအပ္မည္ျဖစ္ပါတယ္” ဟု ေကာ္မရွင္အဖြဲ႕ဝင္ဦးခင္ေမာင္ဦးက ေဆြးေႏြးေျပာဆိုထားသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ပတ္သက္၍ ပညာအရည္အခ်င္းသတ္မွတ္ရန္လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီေပါင္း (၉ဝ)ေက်ာ္ရွိၿပီး ၎တို႔အနက္ ၿပီးခဲ့ေသာေ႐ြးေကာက္ပြဲမ်ားတြင္ ပါတီေပါင္း (၂ဝ) ေက်ာ္သာ လႊတ္ေတာ္ထိုင္ခုံေနရာမ်ားကို ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မႈႏွင့္ပတ္သက္၍ ကိုယ္စားလွယ္ဦးေရ (၅ဝဝ)ေက်ာ္ယွဥ္ၿပိဳင္ႏိုင္သည့္ပါတီမွာ (၃)ပါတီရွိၿပီး ကိုယ္စားလွယ္ဦးေရ (၁ဝဝ)ေက်ာ္ ယွဥ္ၿပိဳင္ႏိုင္သည့္ပါတီမွာ (၇)ပါတီ၊ (၅ဝ) ဦးႏွင့္ (၁ဝဝ)ဦးၾကား ယွဥ္ၿပိဳင္ႏိုင္ေသာပါတီ (၄)ပါတီ၊ (၁ဝ) ဦး ႏွင့္ (၅ဝ) ဦးၾကား ယွဥ္ၿပိဳင္ေသာပါတီ (၂၈)ပါတီႏွင့္ ကိုယ္စားလွယ္ (၁ဝ)ဦးေအာက္သာ ယွဥ္ၿပိဳင္ႏိုင္သည့္ပါတီ (၄၅)ပါတီအထိရွိေၾကာင္း သိရသည္။