သထုံမြို့မှ မန္တလေးမြို့သို့ထွက်ခွါလာသော ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ထိခိုက်ပျက်စီးမှု များရှိခဲ့ပြီး ခရီးစဉ်များရပ်တန့်နေ

 1123

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်၊ သထုံမြို့မှ မန္တလေးမြို့ထွက်ခွာလာသော အတွဲ(၁၇)တွဲပါသည့်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ခရီးစဉ်များရပ်တန့်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် သထုံမြို့မှ ထွက်ခွာလာသော ကုန်တင်ရထားသည် မိုးကောင်းကျေးရွာနှင့် တံတားဦးကျေးရွာကြား၊ သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

အဆိုပါ အတွဲ(၁၇)တွဲပါသည့်ကုန်တင်ရထားကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကုန်တင်ရထား၏ (၇)တွဲမြောက်မှာ ရထားသံလမ်းဘီးလမ်းချော်ပျက်စီးခဲ့ပြီး လမ်းပိုင်းမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

၎င်းကုန်တင်ရထားပေါ်တွင် မီးရထားဝန်ထမ်း(၄)ဦးလိုက်ပါလာပြီး ၎င်းတို့မှာ ထိ ခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက NP News ကိုပြောသည်။

“အခုတော့ ရထားတွေ မထွက်ခွါနိုင်တော့ဘူး။ အခုရထားလက်မှတ်ဖိုးတွေ ပြန်အမ်း နေရတာပေါ့။ ဒီရန်ကုန်ကနေထွက်တာလည်း ပြန်အမ်းနေတယ်။ မော်လမြိုင်က မနက်ထွက်တာလည်း ပြန်အမ်းနေတယ်။ ရထားလမ်းတွေနဲ့ ရထားတွဲကို ပြန် ပြင်နေပြီ ဘယ်အချိန်ပြီးမလဲတော့ မသိဘူး။ ပြီးတာနဲ့ ပြန်ထွက်မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်)တွင် ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အစုန်အဆန်နေ့ရထား (၂)စင်း၏ ခရီးစဉ်များကို ဖျက် သိမ်းထားကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်လျက်ရှိပြီး မကြာမီပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း မီးရထားအသိုင်း အဝိုင်းက အသိပေးပြောဆိုထားသည်။

zawgyi version
သထုံၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ထြက္ခြါလာေသာ ရထားတစ္စင္း မိုင္းဆြဲတိုက္ခိုက္ခံရကာ ထိခိုက္ပ်က္စီးမႈ မ်ားရွိခဲ့ၿပီး ခရီးစဥ္မ်ားရပ္တန႔္ေန
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၄

မြန္ျပည္နယ္၊ သထုံၿမိဳ႕မွ မႏၲေလးၿမိဳ႕ထြက္ခြာလာေသာ အတြဲ(၁၇)တြဲပါသည့္ရထားတစ္စင္း မိုင္းဆြဲတိုက္ခိုက္ခံရကာ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး ခရီးစဥ္မ်ားရပ္တန႔္ေနေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၃ ရက္၊ ည ၇ နာရီအခ်ိန္ခန႔္တြင္ သထုံၿမိဳ႕မွ ထြက္ခြာလာေသာ ကုန္တင္ရထားသည္ မိုးေကာင္းေက်း႐ြာႏွင့္ တံတားဦးေက်း႐ြာၾကား၊ သိမ္ဆိပ္ႏွင့္ ဒုံးဝန္းဘူတာၾကားတြင္ မိုင္းဆြဲတိုက္ခိုက္ခံရျခင္းျဖစ္သည္။

အဆိုပါ အတြဲ(၁၇)တြဲပါသည့္ကုန္တင္ရထားကို PDF အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ ကုန္တင္ရထား၏ (၇)တြဲေျမာက္မွာ ရထားသံလမ္းဘီးလမ္းေခ်ာ္ပ်က္စီးခဲ့ၿပီး လမ္းပိုင္းမွာလည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

၎ကုန္တင္ရထားေပၚတြင္ မီးရထားဝန္ထမ္း(၄)ဦးလိုက္ပါလာၿပီး ၎တို႔မွာ ထိ ခိုက္ဒဏ္ရာရရွိခဲ့မႈ မရွိခဲ့ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ အဆင့္ျမင့္အရာရွိတစ္ဦးက NP News ကိုေျပာသည္။

“အခုေတာ့ ရထားေတြ မထြက္ခြါႏိုင္ေတာ့ဘူး။ အခုရထားလက္မွတ္ဖိုးေတြ ျပန္အမ္း ေနရတာေပါ့။ ဒီရန္ကုန္ကေနထြက္တာလည္း ျပန္အမ္းေနတယ္။ ေမာ္လၿမိဳင္က မနက္ထြက္တာလည္း ျပန္အမ္းေနတယ္။ ရထားလမ္းေတြနဲ႔ ရထားတြဲကို ျပန္ ျပင္ေနၿပီ ဘယ္အခ်ိန္ၿပီးမလဲေတာ့ မသိဘူး။ ၿပီးတာနဲ႔ ျပန္ထြက္မွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ထိုသို႔ မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ယေန႔ (ဒီဇင္ဘာလ ၁၄ ရက္)တြင္ ထြက္ခြာမည့္ ရန္ကုန္-ေမာ္လၿမိဳင္ အစုန္အဆန္ေန႔ရထား (၂)စင္း၏ ခရီးစဥ္မ်ားကို ဖ်က္ သိမ္းထားေၾကာင္း သိရသည္။

မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားကို အျမန္ဆုံးျပင္ဆင္လ်က္ရွိၿပီး မၾကာမီျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ လုပ္ေဆာင္ေနေၾကာင္း မီးရထားအသိုင္း အဝိုင္းက အသိေပးေျပာဆိုထားသည္။

Picture

MgThetlin

14/12/2022 17:37

အတော်ဆီုးတာပဲ

Picture

Ye Htun

14/12/2022 21:51

မျက်နှာဖြူတွေလုပ်ခဲ့တဲ့ရထားလမ်းကိုမိုင်းခွဲတာ..မျက်နှာဖြူကိုအိုးမည်းသုတ်တာဘဲ😁😁😁😂

Related news

© 2021. All rights reserved.