ယာဉ်တိုက်မှုကိစ္စအတွက် လျော်ကြေးတောင်းရာမှ သားအမိနှစ်ဦး ဓားဖြင့် ခုတ်ခံရမှု လွိုင်ကော်မြို့၌ ဖြစ်ပွား

 984

NP News - ဒီဇင်ဘာ ၁၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဆိုင်ကယ်နှင့် ကားအက်စီးဒင့်ကိစ္စအတွက် လျော်ကြေးတောင်းရာမှ စကား များကြ ရာ သားအမိနှစ်ဦး ဓားဖြင့်ခုတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက် ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်၊ လောပိတ(ရှမ်းရွာ)တွင် ဖြစ်ပွားခဲ့ ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းထံမှ သိရသည်။

“ဖြစ်စဉ်ဖြစ်သွားတာတော့ မှန်ပါတယ်။ ကျွန်တော်တို့ကို လူနာလာသယ်ခိုင်းလို့ ကျွန်တော်တို့သွား သယ်ခဲ့ပါတယ်။ လူနာတွေကိုတော့ လွိုင်ကော်ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်” ဟု ရွှေလွိုင်ကော် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးမှ NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်မှာ လွိုင်ကော်မြို့၊ လောပိတ(ရှမ်းရွာ) တွင် နေထိုင်သူ ဒေါ်နန်းအောင်(၅၅)နှစ်သည် ၎င်း၏ သားဖြစ်သူ မောင်စိုင်းထက်ကျော်(၁၉)နှစ်နှင့်အတူ လျော်ကြေးသွားတောင်းရာမှ ဓားဖြင့် ခုတ်ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ဒေါ်နန်းအောင်သည် သားဖြစ်သူနှင့်အတူ ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် အက်ဆီးဒင့်ကိစ္စနှင့်ပတ်သက်၍ လျော်ကြေးသွားတောင်းရာ နှစ်ဦးနှစ်ဖက်စကားများပြီး အမျိုးသားတစ်ဦးမှ ၎င်းတို့သားအမိအား ဓားဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရသည်။

ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဒေါ်နန်းအောင်တွင် လက်ကောက်ဝတ်ထက်ပိုင်းပြတ်ဒဏ်ရာ၊ မောင်စိုင်းထက်ကျော် တွင် နောက်စေ့နှင့် မျက်ခုံးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ ဆို သည်။

လက်ရှိတွင် ၎င်းတို့သားအမိနှစ်ဦးသည် လွိုင်ကော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

Zawgyi Version;
ယာဥ္တိုက္မႈကိစၥအတြက္ ေလ်ာ္ေၾကးေတာင္းရာမွ သားအမိႏွစ္ဦး ဓားျဖင့္ ခုတ္ခံရမႈ လြိဳင္ေကာ္ၿမိဳ႕၌ ျဖစ္ပြား
NP News - ဒီဇင္ဘာ ၁၅

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ ကားအက္စီးဒင့္ကိစၥအတြက္ ေလ်ာ္ေၾကးေတာင္းရာမွ စကား မ်ားၾက ရာ သားအမိႏွစ္ဦး ဓားျဖင့္ခုတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၄)ရက္ ညေနပိုင္းတြင္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေလာပိတ(ရွမ္း႐ြာ)တြင္ ျဖစ္ပြားခဲ့ ေၾကာင္း ေ႐ႊလြိဳင္ေကာ္(ကယား) ပရဟိတအသင္းထံမွ သိရသည္။

“ျဖစ္စဥ္ျဖစ္သြားတာေတာ့ မွန္ပါတယ္။ ကြၽန္ေတာ္တို႔ကို လူနာလာသယ္ခိုင္းလို႔ ကြၽန္ေတာ္တို႔သြား သယ္ခဲ့ပါတယ္။ လူနာေတြကိုေတာ့ လြိဳင္ေကာ္ေဆး႐ုံႀကီးကို ပို႔ေပးလိုက္ပါတယ္” ဟု ေ႐ႊလြိဳင္ေကာ္ ပရဟိတအသင္းမွ တာဝန္ရွိသူ တစ္ဦးမွ NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္မွာ လြိဳင္ေကာ္ၿမိဳ႕၊ ေလာပိတ(ရွမ္း႐ြာ) တြင္ ေနထိုင္သူ ေဒၚနန္းေအာင္(၅၅)ႏွစ္သည္ ၎၏ သားျဖစ္သူ ေမာင္စိုင္းထက္ေက်ာ္(၁၉)ႏွစ္ႏွင့္အတူ ေလ်ာ္ေၾကးသြားေတာင္းရာမွ ဓားျဖင့္ ခုတ္ခံခဲ့ရျခင္းျဖစ္ ေၾကာင္း သိရသည္။

ေဒၚနန္းေအာင္သည္ သားျဖစ္သူႏွင့္အတူ ၿပီးခဲ့သည့္လတြင္ ျဖစ္ပြားခဲ့သည့္ အက္ဆီးဒင့္ကိစၥႏွင့္ပတ္သက္၍ ေလ်ာ္ေၾကးသြားေတာင္းရာ ႏွစ္ဦးႏွစ္ဖက္စကားမ်ားၿပီး အမ်ိဳးသားတစ္ဦးမွ ၎တို႔သားအမိအား ဓားျဖင့္ခုတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေ႐ႊလြိဳင္ေကာ္ပရဟိတအသင္းထံမွ သိရသည္။

ဓားျဖင့္ခုတ္ခံရျခင္းေၾကာင့္ ေဒၚနန္းေအာင္တြင္ လက္ေကာက္ဝတ္ထက္ပိုင္းျပတ္ဒဏ္ရာ၊ ေမာင္စိုင္းထက္ေက်ာ္ တြင္ ေနာက္ေစ့ႏွင့္ မ်က္ခုံးတို႔တြင္ ျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ေ႐ႊလြိဳင္ေကာ္(ကယား) ပရဟိတအသင္းမွ ဆို သည္။

လက္ရွိတြင္ ၎တို႔သားအမိႏွစ္ဦးသည္ လြိဳင္ေကာ္ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလ်က္ရွိၿပီး စိုးရိမ္စရာအေျခ အေန မရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.