“မောသစ်”ရွှေဆိုင်ပိုင်ရှင်၏ ရွှေထည်ပစ္စည်း အလေးချိန်(၁)ပိဿခန့်နှင့် ငွေကျပ်သိန်း(၁ဝဝ)ကျော် နေအိမ်ရှေ့တွင် ဓားပြတိုက်လုယက်ခံရ

881

NP News - ဒီဇင်ဘာ ၂၁
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်ပိုင်ရှင်၏ ရွှေထည်ပစ္စည်း အလေးချိန် (၁)ပိဿခန့် နှင့် ငွေကျပ် သိန်း(၁ဝဝ)ကျော် နေအိမ်ရှေ့တွင် ဓားပြတိုက်လုယက်ခံခဲ့ရကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂ဝ ရက်) ၊ နံနက်(၇)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ (၆၃)လမ်းနှင့် (၆၄)လမ်းကြား၊ (၁၃၉)(A)လမ်းပေါ် ရှိ “မောသစ်”ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၉)(A) လမ်း အကွက်အမှတ်- လလ- ၅/၃၂ တွင်နေထိုင်သူ မောသစ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းဆေပန်ခ(၃၈)သည် ရွှေဆိုင်သွားရောက် ဖွင့်လှစ်ရောင်းချရန်အတွက် ယာဉ်မောင်း ကိုစည်သူနှင့်အတူ နေအိမ်အရှေ့တွင် ရက်ထားသည့် TOYOTA SURF အစိမ်းရောင်ယာဉ်ပေါ်သို့ ရွှေထည်ပစ္စည်းများ အပါအဝင် ငွေများထည့်ထားသည့် ဆွဲခြင်း(၃)လုံး အား နေအိမ်မှကားပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်ချိန်တွင် ဓားပြတိုက်လုယက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဓားပြတိုက်လုယက်ခဲ့သော အမျိုးသား(၃)ဦးသည် ယာဉ်အမှတ်တပ်ဆင်ထားခြင်းမရှိသည့် 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၂)စီး ဖြင့် (၁၃၉)လမ်းအတိုင်း အနောက်ဘက်မှ အရှေ့ဘက်သို့ မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့ကားအနီးအရောက်တွင် သေနတ်အတိုဖြင့် မိုးပေါ်သို့ (၅)ချက်ထောင်ပစ်ပြီး မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်နေသည့် ရွှေထည်များနှင့် ငွေစက္ကူများထည့်ထားသည့် ဆွဲခြင်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
၎င်းတို့လုယက်ယူဆောင်သွားသည့် ဆွဲခြင်းများထဲတွင် ရွှေလက်စွပ်(၂၂၃)ကွင်း၊ ကျောက်နားကပ် (၁၉၉)ခု၊ ရွှေနားကပ်(၁၅၇)ရံ၊ ရွှေဆွဲသီး(၁ဝ၅)ခု၊ ကျောက်ဆွဲသီး(၂၇)ခု၊ ရွှေဆွဲကြိုး(၈၉)ကုံး၊ ရွှေကြိုးဆန်း(၁၆)ခု၊ ရွှေနားကွင်း(၄၇)ကွင်း၊ ရွှေနားဆွဲ(၁၃၈)ခု၊ တစ်ဖက်နားကပ်(၁၂၄)ခု၊ ရွှေလက် ကောက်(၆၁)ကွင်း၊ ရွှေဟန်းချိန်း(၃၂)ကွင်း၊ ရွှေကလစ်(၃၉)ခု၊ ရွှေဖီးချူး(၂)ခု၊ ကျောက်လက်စွပ် (၁၁၆)ခု စုစုပေါင်း ရွှေအလေးချိန် (၁)ပိဿခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၆ဝဝ ခန့်)နှင့် ငွေစက္ကူရောရာ ကျပ်သိန်း(၁ဝ၁)သိန်းခန့် တို့အား ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုယက်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လိုအပ်သော ပိတ်ဆို့စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
“ေမာသစ္”ေ႐ႊဆိုင္ပိုင္ရွင္၏ ေ႐ႊထည္ပစၥည္း အေလးခ်ိန္(၁)ပိႆခန႔္ႏွင့္ ေငြက်ပ္သိန္း(၁ဝဝ)ေက်ာ္ ေနအိမ္ေရွ႕တြင္ ဓားျပတိုက္လုယက္ခံရ
NP News - ဒီဇင္ဘာ ၂၁
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ “ေမာသစ္”ေ႐ႊဆိုင္ပိုင္ရွင္၏ ေ႐ႊထည္ပစၥည္း အေလးခ်ိန္ (၁)ပိႆခန႔္ ႏွင့္ ေငြက်ပ္ သိန္း(၁ဝဝ)ေက်ာ္ ေနအိမ္ေရွ႕တြင္ ဓားျပတိုက္လုယက္ခံခဲ့ရေၾကာင္း ျမန္ မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂ဝ ရက္) ၊ နံနက္(၇)နာရီအခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ည) ရပ္ကြက္၊ (၆၃)လမ္းႏွင့္ (၆၄)လမ္းၾကား၊ (၁၃၉)(A)လမ္းေပၚ ရွိ “ေမာသစ္”ေ႐ႊဆိုင္ပိုင္ရွင္၏ ေနအိမ္ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၁၃၉)(A) လမ္း အကြက္အမွတ္- လလ- ၅/၃၂ တြင္ေနထိုင္သူ ေမာသစ္ေ႐ႊဆိုင္ပိုင္ရွင္ ဦးစိုင္းေဆပန္ခ(၃၈)သည္ ေ႐ႊဆိုင္သြားေရာက္ ဖြင့္လွစ္ေရာင္းခ်ရန္အတြက္ ယာဥ္ေမာင္း ကိုစည္သူႏွင့္အတူ ေနအိမ္အေရွ႕တြင္ ရက္ထားသည့္ TOYOTA SURF အစိမ္းေရာင္ယာဥ္ေပၚသို႔ ေ႐ႊထည္ပစၥည္းမ်ား အပါအဝင္ ေငြမ်ားထည့္ထားသည့္ ဆြဲျခင္း(၃)လုံး အား ေနအိမ္မွကားေပၚသို႔ ေျပာင္းေ႐ႊ႕သယ္ေဆာင္ခ်ိန္တြင္ ဓားျပတိုက္လုယက္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။
ဓားျပတိုက္လုယက္ခဲ့ေသာ အမ်ိဳးသား(၃)ဦးသည္ ယာဥ္အမွတ္တပ္ဆင္ထားျခင္းမရွိသည့္ 110 အမ်ိဳးအစား အနက္ေရာင္ ဆိုင္ကယ္(၂)စီး ျဖင့္ (၁၃၉)လမ္းအတိုင္း အေနာက္ဘက္မွ အေရွ႕ဘက္သို႔ ေမာင္းႏွင္ေရာက္ရွိလာၿပီး ၎တို႔ကားအနီးအေရာက္တြင္ ေသနတ္အတိုျဖင့္ မိုးေပၚသို႔ (၅)ခ်က္ေထာင္ပစ္ၿပီး ေမာ္ေတာ္ယာဥ္ေပၚသို႔ တင္ေဆာင္ေနသည့္ ေ႐ႊထည္မ်ားႏွင့္ ေငြစကၠဴမ်ားထည့္ထားသည့္ ဆြဲျခင္းမ်ားအား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
၎တို႔လုယက္ယူေဆာင္သြားသည့္ ဆြဲျခင္းမ်ားထဲတြင္ ေ႐ႊလက္စြပ္(၂၂၃)ကြင္း၊ ေက်ာက္နားကပ္ (၁၉၉)ခု၊ ေ႐ႊနားကပ္(၁၅၇)ရံ၊ ေ႐ႊဆြဲသီး(၁ဝ၅)ခု၊ ေက်ာက္ဆြဲသီး(၂၇)ခု၊ ေ႐ႊဆြဲႀကိဳး(၈၉)ကုံး၊ ေ႐ႊႀကိဳးဆန္း(၁၆)ခု၊ ေ႐ႊနားကြင္း(၄၇)ကြင္း၊ ေ႐ႊနားဆြဲ(၁၃၈)ခု၊ တစ္ဖက္နားကပ္(၁၂၄)ခု၊ ေ႐ႊလက္ ေကာက္(၆၁)ကြင္း၊ ေ႐ႊဟန္းခ်ိန္း(၃၂)ကြင္း၊ ေ႐ႊကလစ္(၃၉)ခု၊ ေ႐ႊဖီးခ်ဴး(၂)ခု၊ ေက်ာက္လက္စြပ္ (၁၁၆)ခု စုစုေပါင္း ေ႐ႊအေလးခ်ိန္ (၁)ပိႆခန႔္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း ၂၆ဝဝ ခန႔္)ႏွင့္ ေငြစကၠဴေရာရာ က်ပ္သိန္း(၁ဝ၁)သိန္းခန႔္ တို႔အား ဓားျပတိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ လုယက္မႈက်ဴးလြန္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ လိုအပ္ေသာ ပိတ္ဆို႔စစ္ေဆးရွာေဖြမႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။