ငါန်းဇွန်မြို့ရှိ ရွာလမ်းဘေး၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၄)ဦး၏ ရုပ်အလောင်းများတွေ့ရှိ

 856

NP News - ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ရှိ ရွာလမ်းဘေး၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၄)ဦး၏ အလောင်းများ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၎င်းတို့(၄)ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၅)ရက်၊ နံနက်(၈)နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာနှင့် ရေဇင်းကျေးရွာသွား လမ်းဘေးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

သေဆုံးခဲ့သော အမျိုးသား(၄)ဦးသည် ရေဇင်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးစိန်အောင်(၅၆)နှစ်၊ ဦးစိန်မောင်မြင့် (၆၁)နှစ်၊ ဦးနိုင်ဝင်းဆွေ (၄၁)နှစ်နှင့် ဦးကျော်တင်(၅၄)နှစ်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့(၄)ဦးသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ပြီး ရုပ်အ လောင်းများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ အဆိုပါနေ့ နံနက်(၇)နာရီ (၄၅)မိနစ်အချိန်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၅၉(အေ)လမ်း၊ (၁ဝ၄)လမ်းနှင့် (၁ဝ၅)လမ်း ကြားတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ထုတ် ပြန်ထားသည်။

ကန်သာယာရပ်ကွက်တွင် နေထိုင်ပြီး အဆိုပါရပ်ကွက်တွင် ထမင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ဦးအောင်ကျော်ဦး(၅၃)နှစ်သည် နဖူးပြတ်ရှဒဏ်ရာ(၂)ချက်၊ ဦး ခေါင်းပြတ်ရှဒဏ်ရာ(၃)ချက်တို့ဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆို သည်။

၎င်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ငါန္းဇြန္ၿမိဳ႕ရွိ ႐ြာလမ္းေဘး၌ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၄)ဦး၏ ႐ုပ္အေလာင္းမ်ားေတြ႕ရွိ
NP News - ဒီဇင္ဘာ ၂၇

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕ရွိ ႐ြာလမ္းေဘး၌ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၄)ဦး၏ အေလာင္းမ်ား ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

၎တို႔(၄)ဦးအား ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၅)ရက္၊ နံနက္(၈)နာရီအခ်ိန္တြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ သားက်င္ေက်း႐ြာႏွင့္ ေရဇင္းေက်း႐ြာသြား လမ္းေဘးတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ေသဆုံးခဲ့ေသာ အမ်ိဳးသား(၄)ဦးသည္ ေရဇင္းေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္ၾကသည့္ ဦးစိန္ေအာင္(၅၆)ႏွစ္၊ ဦးစိန္ေမာင္ျမင့္ (၆၁)ႏွစ္၊ ဦးႏိုင္ဝင္းေဆြ (၄၁)ႏွစ္ႏွင့္ ဦးေက်ာ္တင္(၅၄)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။

၎တို႔(၄)ဦးသည္ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ျခင္းျဖစ္ၿပီး ႐ုပ္အ ေလာင္းမ်ားကို ငါန္းဇြန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ အဆိုပါေန႔ နံနက္(၇)နာရီ (၄၅)မိနစ္အခ်ိန္တြင္ မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ကြက္ ၅၉(ေအ)လမ္း၊ (၁ဝ၄)လမ္းႏွင့္ (၁ဝ၅)လမ္း ၾကားတြင္ အမ်ိဳးသားတစ္ဦး ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ ျပန္ထားသည္။

ကန္သာယာရပ္ကြက္တြင္ ေနထိုင္ၿပီး အဆိုပါရပ္ကြက္တြင္ ထမင္းဆိုင္ဖြင့္လွစ္ေရာင္းခ်ေနသည့္ ဦးေအာင္ေက်ာ္ဦး(၅၃)ႏွစ္သည္ နဖူးျပတ္ရွဒဏ္ရာ(၂)ခ်က္၊ ဦး ေခါင္းျပတ္ရွဒဏ္ရာ(၃)ခ်က္တို႔ျဖင့္ ေသဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆို သည္။

၎အား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၿပီး ေသဆုံးမႈႏွင့္ ပတ္သက္၍ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.