တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးမှာကြား

143

သန့်ဇင် (NP News) - ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ ကျောက်မီးသွေးအခြောက် ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကတိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းက ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကိုသွားရောက် ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆင့် (၂) အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အဆင့်(၂)အတွက် ပြည်ပမှမှာယူထားသော တည်ဆောက်ရေးပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိပါက အမြန်ထုတ်ယူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ အဆင့် (၂) ကျောက်မီး သွေးအခြောက်ခံစက်တည်ဆောက်ခြင်းလုပ်ငန်းများသည် (၇၈) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆင့်(၂)အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်း လုပ်ငန်းများသည် စက်တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လက်ရှိ ဓာတ်အားပေးစက်(၂)လုံးမှ ဓာတ်အား ၉၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးလျက်ရှိရာမှ ၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်၍ ဓာတ်အားထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ဓာတ္အားေပးစက္႐ုံ၏ ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ျခင္း လုပ္ငန္းမ်ား အျမန္ၿပီးစီးရန္ ျပည္ေထာင္စုဝန္ႀကီးမွာၾကား
သန႔္ဇင္ (NP News) - ဇြန္ ၁၉
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္ရွိ တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ဓာတ္အားေပးစက္႐ုံ၏ ေက်ာက္မီးေသြးအေျခာက္ ခံစက္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား အျမန္ၿပီးစီးရန္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းကတိုက္တြန္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ဇြန္လ ၁၇ ရက္၊ နံနက္ပိုင္းက ပင္ေလာင္းၿမိဳ႕နယ္ရွိ တီက်စ္ေက်ာက္မီးေသြး သုံးေရေႏြးေငြ႕ ဓာတ္အားေပးစက္႐ုံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေနမႈအေျခအေနကိုသြားေရာက္ ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆင့္ (၂) အျဖစ္ ေဆာင္႐ြက္လ်က္ရွိေသာ ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား အျမန္ၿပီးစီးႏိုင္ေရးေဆာင္႐ြက္သြားရန္ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆင့္(၂)အတြက္ ျပည္ပမွမွာယူထားေသာ တည္ေဆာက္ေရးပစၥည္းမ်ား ဆိပ္ကမ္းသို႔ေရာက္ရွိပါက အျမန္ထုတ္ယူႏိုင္ေရး ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္သြားရန္လည္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။
ပင္ေလာင္းၿမိဳ႕နယ္ရွိ တီက်စ္ေက်ာက္မီးေသြး သုံးေရေႏြးေငြ႕ဓာတ္အားေပးစက္႐ုံ၏ အဆင့္ (၂) ေက်ာက္မီး ေသြးအေျခာက္ခံစက္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားသည္ (၇၈) ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆင့္(၂)အျဖစ္ ေဆာင္႐ြက္လ်က္ရွိေသာ ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ျခင္း လုပ္ငန္းမ်ားသည္ စက္တင္ဘာလအတြင္း ရာႏႈန္းျပည့္ၿပီးစီးႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ေက်ာက္မီးေသြးအေျခာက္ခံစက္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးသြားပါက လက္ရွိ ဓာတ္အားေပးစက္(၂)လုံးမွ ဓာတ္အား ၉၀ မဂၢါဝပ္ထုတ္လုပ္ေပးလ်က္ရွိရာမွ ၁၂၀ မဂၢါဝပ္သို႔ တိုးျမႇင့္၍ ဓာတ္အားထုတ္လုပ္သြားႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။