ပြည်တွင်း၌ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအနေဖြင့် (၄၁) ရက်ဆက်တိုက် (၁) ရာခိုင်နှုန်းအောက်သို့ကျဆင်းလာ

 536

ဖူးပြည့် (NP News) - ဒီဇင်ဘာ ၂၇

ပြည်တွင်း၌ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအနေဖြင့် (၄၁)ရက်ဆက်တိုက် (၁)ရာခိုင်နှုန်းအောက်သို့ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အ လက်များအရသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူ နာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်း မာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် (၄၁)ရက်ဆက်တိုက် (၁)ရာခိုင် နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက် ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမို လျှော့ချနိုင်ကြောင်းကို သုတေသနများအရ တွေ့ရှိရသည့် အတွက် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန်အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉)သန်းခွဲကျော်ကို စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆)သိန်း(၃)သောင်းကျော်ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆)သိန်းကျော်ရှိ ပြီဖြစ်ကြောင်းသိရသည်။COVID-19 ရောဂါဖြင့် သေဆုံးသူသည်လည်း ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉၄၉ဝ) ဦး ရှိကြောင်းသိရသည်။

လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးနှံထားပြီးသည့်လူဦးရေအနေဖြင့်လည်း (၃၇) သန်းခွဲကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။

zawgyi version
ျပည္တြင္း၌ ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈအေနျဖင့္ (၄၁) ရက္ဆက္တိုက္ (၁) ရာခိုင္ႏႈန္းေအာက္သို႔က်ဆင္းလာ
ဖူးျပည့္ (NP News) - ဒီဇင္ဘာ ၂၇

ျပည္တြင္း၌ ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈအေနျဖင့္ (၄၁)ရက္ဆက္တိုက္ (၁)ရာခိုင္ႏႈန္းေအာက္သို႔က်ဆင္းလာေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အ လက္မ်ားအရသိရသည္။

က်န္းမာေရးဝန္ႀကီးဌာနသည္ COVID-19 သံသယလူနာမ်ား၊ ဓာတ္ခြဲအတည္ျပဳလူ နာႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူမ်ားႏွင့္ အသြားအလာကန႔္သတ္ထားရွိသူမ်ားအား COVID-19 ေရာဂါ ရွိ၊ မရွိ ဓာတ္ခြဲစစ္ေဆးလ်က္ရွိသည္။

လက္ရွိအခ်ိန္တြင္ ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါသည္ ကမာၻတစ္ဝန္းလုံးတြင္ ျဖစ္ပြား၊ ေသဆုံးမႈအေနျဖင့္ ေလ်ာ့နည္းက်ဆင္းလာလ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္လည္း က်န္း မာေရးဝန္ႀကီးဌာန၏ ကိုဗစ္-၁၉ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းစဥ္မွ ေန႔စဥ္ဓာတ္ခြဲစစ္ေဆးမႈမ်ား၌ ေရာဂါပိုးေတြ႕ရွိမႈအေနျဖင့္ (၄၁)ရက္ဆက္တိုက္ (၁)ရာခိုင္ ႏႈန္းေအာက္သို႔ က်ဆင္းလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ထိုးႏွံထားသူမ်ားတြင္ ေရာဂါျပင္းထန္မႈ၊ ေဆး႐ုံတက္ေရာက္ကုသခံယူရမႈႏွင့္ ေသဆုံးမႈတို႔ကို ေလွ်ာ့ခ်ႏိုင္ၿပီး ထပ္ေဆာင္းကာကြယ္ ေဆးထိုးႏွံထားျခင္းျဖင့္ ေရာဂါျပင္းထန္မႈ၊ ေဆး႐ုံတက္ ေရာက္ကုသခံရမႈႏွင့္ ေသဆုံးမႈတို႔ကို ပိုမို ေလွ်ာ့ခ်ႏိုင္ေၾကာင္းကို သုေတသနမ်ားအရ ေတြ႕ရွိရသည့္ အတြက္ ကာကြယ္ေဆးမ်ားကို အႀကိမ္ျပည့္ထိုးႏွံရန္အတြက္လည္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ ယေန႔အထိ ဓာတ္ခြဲနမူနာစုစုေပါင္း (၉)သန္းခြဲေက်ာ္ကို စစ္ေဆးခဲ့ၿပီး COVID-19 ဓာတ္ခြဲ အတည္ျပဳလူနာ စုစုေပါင္း (၆)သိန္း(၃)ေသာင္းေက်ာ္ရွိကာ ျပန္လည္ေကာင္းမြန္လာသူ စုစုေပါင္း (၆)သိန္းေက်ာ္ရွိ ၿပီျဖစ္ေၾကာင္းသိရသည္။COVID-19 ေရာဂါျဖင့္ ေသဆုံးသူသည္လည္း ယေန႔အထိ ေသဆုံးသူစုစုေပါင္း (၁၉၄၉ဝ) ဦး ရွိေၾကာင္းသိရသည္။

လက္ရွိအခ်ိန္ထိ ကာကြယ္ေဆးထိုးႏွံထားၿပီးသည့္လူဦးေရအေနျဖင့္လည္း (၃၇) သန္းခြဲေက်ာ္ရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.