မက္ကဆီကိုနိုင်ငံရှိ အကျဥ်းထောင်တစ်ခုမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ(၁၄)ဦး သေဆုံး

 480

Pika (NP News) - ဇန်နဝါရီ ၃

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Ciudad Juarez မြို့ရှိ အကျဥ်းထောင်တစ်ခုကို ဇန်နဝါရီ(၁)ရက်က သေနတ်သမား အများအပြား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အကျဥ်းထောင်လုံခြုံရေးသမားများ နှင့် လုံခြုံရေးအရာရှိများ အပါအဝင် အနည်းဆုံးလူ(၁၄)ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နောက်ထပ်လူ(၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နှစ်သစ်ကူးအားလပ်ရက်တွင် အကျဥ်းသားများ၏ မိသားစုဝင်များသည် ၎င်းတို့နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေချိန် မနက်(၇)နာရီခန့်တွင် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေနတ်သမားများသည် အကျဥ်းထောင်တွင် မပစ်ခတ်မီ လမ်းရှိ ရဲများကိုပစ်ခတ်ခဲ့ကြောင်း ရဲများက ၎င်းတို့ကို လိုက်လံဖမ်းဆီးခဲ့ရာ လေးဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့၏ကားကိုလည်း သိမ်းဆည်းထားနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် နောက်ထပ်သေနတ်သမားများသည် အကျဥ်းထောင်အပြင်ဖက်ရှိ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ အကျဥ်းသားအချို့ ထွက်ပြေးလွတ်မြောက်စေနိုင် ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အစိုးရရှေ့နေများက အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူလေးဦးကို ဖမ်းဆီးထားပြီး ၎င်းတို့သည် အကျဥ်းသား (သို့မဟုတ်) သေနတ်သမားများ ဟုတ်/မဟုတ် ဆိုသည့် အချက်ကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းသားများ လွတ်မြောက်သွားသလား ဆိုသည့်အချက်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်။ Ciudad Juarez မြို့ရှိ အကျဉ်းထောင်ထဲတွင် လူပေါင်း(၅ဝဝဝ) ကျော် သေဆုံးစေခဲ့သော Sinaloa ဂိုဏ်း နှင့် Juarez ဂိုဏ်းအဖွဲ့ဝင်များ ရှိကြောင်းလည်း သိရသည်။

အဆိုပါ ဂိုဏ်းအဖွဲ့ဝင်များသည် ပြိုင်ဖက်အုပ်စုများဖြစ်ပြီး ၎င်းတို့နှစ်ဖွဲ့ကြား တိုက်ပွဲသည် နောက်ဆုံးတွင် Sinaloa ဂိုဏ်းအဖွဲ့ဝင်များက အနိုင်ရရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေချိန်အတွင်း အကျဥ်းထောင်ထဲတွင်လည်း ရန်ပွဲများဖြစ်ပွားခဲ့ရာ လူ(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရရှေ့နေများ က ပြောကြားခဲ့သည်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံရွိ အက်ဥ္းေထာင္တစ္ခုမွာ တိုက္ခိုက္မႈျဖစ္ပြားၿပီး အနည္းဆုံး လူ(၁၄)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၃

မကၠဆီကိုႏိုင္ငံေျမာက္ပိုင္း Ciudad Juarez ၿမိဳ႕ရွိ အက်ဥ္းေထာင္တစ္ခုကို ဇန္နဝါရီ(၁)ရက္က ေသနတ္သမား အမ်ားအျပား ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းေၾကာင့္ အက်ဥ္းေထာင္လုံၿခဳံေရးသမားမ်ား ႏွင့္ လုံၿခဳံေရးအရာရွိမ်ား အပါအဝင္ အနည္းဆုံးလူ(၁၄)ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေနာက္ထပ္လူ(၄)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ႏွစ္သစ္ကူးအားလပ္ရက္တြင္ အက်ဥ္းသားမ်ား၏ မိသားစုဝင္မ်ားသည္ ၎တို႔ႏွင့္ေတြ႕ဆုံရန္ ေစာင့္ဆိုင္းေနခ်ိန္ မနက္(၇)နာရီခန႔္တြင္ အဆိုပါတိုက္ခိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေသနတ္သမားမ်ားသည္ အက်ဥ္းေထာင္တြင္ မပစ္ခတ္မီ လမ္းရွိ ရဲမ်ားကိုပစ္ခတ္ခဲ့ေၾကာင္း ရဲမ်ားက ၎တို႔ကို လိုက္လံဖမ္းဆီးခဲ့ရာ ေလးဦးကို ဖမ္းမိခဲ့ၿပီး ၎တို႔၏ကားကိုလည္း သိမ္းဆည္းထားႏိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ ေနာက္ထပ္ေသနတ္သမားမ်ားသည္ အက်ဥ္းေထာင္အျပင္ဖက္ရွိ အျခားလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားရျခင္းအေၾကာင္းအရင္းမွာ အက်ဥ္းသားအခ်ိဳ႕ ထြက္ေျပးလြတ္ေျမာက္ေစႏိုင္ ရန္အတြက္ လုပ္ေဆာင္ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း အစိုးရေရွ႕ေနမ်ားက အေစာပိုင္းတြင္ ေျပာၾကားခဲ့ေသာ္လည္း စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။ အဆိုပါတိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္ လူေလးဦးကို ဖမ္းဆီးထားၿပီး ၎တို႔သည္ အက်ဥ္းသား (သို႔မဟုတ္) ေသနတ္သမားမ်ား ဟုတ္/မဟုတ္ ဆိုသည့္ အခ်က္ကို လက္ရွိအခ်ိန္အထိ မသိရွိရေသးေၾကာင္းသိရသည္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္ အက်ဥ္းသားမ်ား လြတ္ေျမာက္သြားသလား ဆိုသည့္အခ်က္ကိုလည္း ရွင္းရွင္းလင္းလင္း မသိရွိရေသးေၾကာင္း သိရသည္။ Ciudad Juarez ၿမိဳ႕ရွိ အက်ဥ္းေထာင္ထဲတြင္ လူေပါင္း(၅ဝဝဝ) ေက်ာ္ ေသဆုံးေစခဲ့ေသာ Sinaloa ဂိုဏ္း ႏွင့္ Juarez ဂိုဏ္းအဖြဲ႕ဝင္မ်ား ရွိေၾကာင္းလည္း သိရသည္။

အဆိုပါ ဂိုဏ္းအဖြဲ႕ဝင္မ်ားသည္ ၿပိဳင္ဖက္အုပ္စုမ်ားျဖစ္ၿပီး ၎တို႔ႏွစ္ဖြဲ႕ၾကား တိုက္ပြဲသည္ ေနာက္ဆုံးတြင္ Sinaloa ဂိုဏ္းအဖြဲ႕ဝင္မ်ားက အႏိုင္ရရွိခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားေနခ်ိန္အတြင္း အက်ဥ္းေထာင္ထဲတြင္လည္း ရန္ပြဲမ်ားျဖစ္ပြားခဲ့ရာ လူ(၁၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ား က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.