မြန်မာလုပ်သား(၁ဝဝဝ)ခန့်ရှိသော စက်ရုံများသို့ သွားရောက်ကာ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးပေးမည်ဟု ထိုင်းရှိမြန်မာသံရုံး တရားဝင်ကြေညာ

 1192

ယွန်း (NP News) - ဇန်နဝါရီ ၁ဝ

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား(၁ဝဝဝ)နှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇန်နဝါရီလ ၁ဝ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ရွေ့ပြောင်းအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ စက်(၄)စုံ၊ ကောင်စစ်ဝန်ရုံး၊ ချင်းမိုင်မြို့တွင် စက်(၁)စုံဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ ထပ်မံရောက်ရှိလာသော Mobile စက်(၂)စုံဖြင့် နိုင်ငံကူးလက်မှတ်သက် တမ်းတိုးရန်ကျန်နေသည့် အင်အား(၁ဝဝဝ)ဦးနှင့် အထက်ရှိသော စက်ရုံများသို့ Mobile Team (၂)ဖွဲ့ခွဲ၍ အလှည့်ကျစေလွှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ၂ဝ၂၂/ ၂ဝ၂၃ ခုနှစ်၌ သက် တမ်းကုန်ဆုံးမည့် လုပ်သားများ၏ စာရင်းကို ဇန်နဝါရီလ(၂ဝ)ရက် နောက်ဆုံးထားပြီး သတ်မှတ်ထားသည့် ပုံစံဖြင့် ကောင်စစ်တာဝန်ခံ အရာရှိထံ ပေးပို့ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ဇန်နဝါရီ(၂ဝ)ရက်နေ့တွင် တင်ပြလာသော စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများကို ဇန်နဝါရီလ(၂၃)ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ တွေ့ဆုံပြီး အလှည့်ကျစနစ်ကို မဲနှိုက်၍ ရက်သက်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်ကျန်ရှိနေသည့် အင်အား(၁ဝဝဝ)ဦးအောက် ရှိသော စက်ရုံ၊ အလုပ်ရုံများကိုလည်း မြန်မာသံရုံးတွင် အလှည့်ကျခေါ်ယူပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်စတင်ထုတ်ပေးသည့်နေ့တွင် စနစ်တကျ စီတန်းခြင်းမရှိသောလူအုပ်ကြီးကြောင့် လမ်းပိတ်ဆို့ ခြင်းနှင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ကြောင်းလည်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာလုပ္သား(၁ဝဝဝ)ခန႔္ရွိေသာ စက္႐ုံမ်ားသို႔ သြားေရာက္ကာ ႏိုင္ငံကူးလက္မွတ္သက္ တမ္းတိုးေပးမည္ဟု ထိုင္းရွိျမန္မာသံ႐ုံး တရားဝင္ေၾကညာ
ယြန္း (NP News) - ဇန္နဝါရီ ၁ဝ

ထိုင္းႏိုင္ငံရွိ ျမန္မာလုပ္သား(၁ဝဝဝ)ႏွင့္ အထက္ရွိေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြားေရာက္ကာ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေပးမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးေၾကညာထားသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဇန္နဝါရီလ ၁ဝ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

ျမန္မာသံ႐ုံးအေနျဖင့္ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိေနေသာ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ ေ႐ြ႕ေျပာင္းအလုပ္သမားမ်ားအား ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ စက္(၄)စုံ၊ ေကာင္စစ္ဝန္႐ုံး၊ ခ်င္းမိုင္ၿမိဳ႕တြင္ စက္(၁)စုံျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ယခုအခါ ထပ္မံေရာက္ရွိလာေသာ Mobile စက္(၂)စုံျဖင့္ ႏိုင္ငံကူးလက္မွတ္သက္ တမ္းတိုးရန္က်န္ေနသည့္ အင္အား(၁ဝဝဝ)ဦးႏွင့္ အထက္ရွိေသာ စက္႐ုံမ်ားသို႔ Mobile Team (၂)ဖြဲ႕ခြဲ၍ အလွည့္က်ေစလႊတ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိုင္းႏိုင္ငံရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားအေနျဖင့္ ၂ဝ၂၂/ ၂ဝ၂၃ ခုႏွစ္၌ သက္ တမ္းကုန္ဆုံးမည့္ လုပ္သားမ်ား၏ စာရင္းကို ဇန္နဝါရီလ(၂ဝ)ရက္ ေနာက္ဆုံးထားၿပီး သတ္မွတ္ထားသည့္ ပုံစံျဖင့္ ေကာင္စစ္တာဝန္ခံ အရာရွိထံ ေပးပို႔ရန္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

ထိုကဲ့သို႔ ဇန္နဝါရီ(၂ဝ)ရက္ေန႔တြင္ တင္ျပလာေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ တာဝန္ရွိသူမ်ားကို ဇန္နဝါရီလ(၂၃)ရက္ေန႔တြင္ ျမန္မာသံ႐ုံး၊ ဗန္ေကာက္ၿမိဳ႕၌ ေတြ႕ဆုံၿပီး အလွည့္က်စနစ္ကို မဲႏႈိက္၍ ရက္သက္မွတ္ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရန္က်န္ရွိေနသည့္ အင္အား(၁ဝဝဝ)ဦးေအာက္ ရွိေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားကိုလည္း ျမန္မာသံ႐ုံးတြင္ အလွည့္က်ေခၚယူၿပီး ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာသံ႐ုံးအေနျဖင့္ ႏိုင္ငံကူးလက္မွတ္စတင္ထုတ္ေပးသည့္ေန႔တြင္ စနစ္တက် စီတန္းျခင္းမရွိေသာလူအုပ္ႀကီးေၾကာင့္ လမ္းပိတ္ဆို႔ ျခင္းႏွင့္ အခ်ိန္ၾကန႔္ၾကာမႈမ်ား ရွိခဲ့ေၾကာင္းလည္း ၿပီးခဲ့သည့္ ရက္ပိုင္းက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.