မြန်မာနိုင်ငံအပြင် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း အောင်လအန်ဆန် ထုတ်ဖော်ပြောဆို

 565

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံအပြင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း ONE Championship ချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် (၃၇)နှစ်အရွယ်ရှိ မြန်မာစပါးအုံးမြွေအဖြစ် တင်စားခံရသော အောင်လအန်ဆန်သည် ဇန်နဝါရီလ ၁၄ ရက်က ထိုင်းနိုင်ငံတွင်းကျင်းပသော ONE Fight Night 6 ပွဲစဉ် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီဘတ်တို ဂါဗယ်အိုကို ပွဲစတင်ပြီး တစ်မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ယူခဲ့ပြီးနောက် မကြာမီ ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်က"ကျွန်တော်တို့နိုင်ငံဟာ လက်ရှိအချိန်မှာခက်ခဲနေပါတယ်။ မြန်မာနိုင်ငံသားများ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပေးပါတယ်။ကျွန်တော်တို့ နိုင်ငံသာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရရှိဖို့လိုအပ်တယ်" ဟုဆိုသည်။

အောင်လအန်ဆန်သည် ၎င်းအပေါ်အားပေးနေသည့် မြန်မာပရိသတ်များကို အထူးကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ အောင်လအန်ဆန်သည် အဆိုပါပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို တစ်မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ယူနိုင်ခြင်းကြောင့် ဆုကြေးငွေအမေရိကန်ဒေါ်လာ ၅ဝဝဝဝ ရရှိခဲ့ကြောင်းသိရသည်။

အောင်လအန်ဆန်က "ထိုင်းနိုင်ငံမှာကျင်းပတဲ့ ONE Fight Night 6 ပွဲစဉ်မှာ မြန်မာ နိုင်ငံသားအများကြီးရဲ့အားပေးသံကို ကြားနေရတယ်။ အားပေးဖို့အတွက်မြန်မာပရိသတ်တွေအများကြီးလာရောက်ခဲ့တယ်ဆိုတာသိရပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေ လာရောက်အားပေးနေတာကို သူတို့အားပေးတဲ့အသံတွေကို နား ထောင်ပြီး သိပါတယ်။ ဝင်ပေါက်နားမှာ မြန်မာနိုင်ငံသားတွေ သီချင်းဆိုသံကိုကြားသိရပြီးနောက် မြန်မာပရိသတ်အများကြီးလာရောက်အားပေးခဲ့တယ်ဆိုတာကိုသိပါတယ်"ဟုဆိုသည်။

အောင်လအန်ဆန်သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ONE Championship ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲအနိုင်ရထားပြီး ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်အလားအ လာကောင်းနေသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ အောင်လအန်ဆန် သည် လာမည့်မတ်လ နှင့် မေလအတွင်းကျင်းပမည့်ပွဲစဉ်များတွင် ထပ်မံယှဉ်ပြိုင်တိုက်ခိုက်လိုကြောင်း၊ ထိပ်ဆုံးကိုပြန်လည်တက်ရောက်ရန်ကြိုးပမ်းမည်ဖြစ်သလို စွန့်လွှတ်လိုက်ရသော ချန်ပီယံခါးပတ်ပြန်လည်ရယူနိုင်အောင် ကြိုးပမ်းမည်ဟု ကတိပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံအျပင္ တစ္ကမာၻလုံးၿငိမ္းခ်မ္းေရး ရရွိရန္လိုအပ္ေၾကာင္း ေအာင္လအန္ဆန္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅

ျမန္မာႏိုင္ငံအျပင္ တစ္ကမာၻလုံး ၿငိမ္းခ်မ္းေရး ရရွိရန္ လိုအပ္ေၾကာင္း ONE Championship ခ်န္ပီယံေဟာင္းျဖစ္သူ ေအာင္လအန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အသက္ (၃၇)ႏွစ္အ႐ြယ္ရွိ ျမန္မာစပါးအုံးေႁမြအျဖစ္ တင္စားခံရေသာ ေအာင္လအန္ဆန္သည္ ဇန္နဝါရီလ ၁၄ ရက္က ထိုင္းႏိုင္ငံတြင္းက်င္းပေသာ ONE Fight Night 6 ပြဲစဥ္ ဘရာဇီးတိုက္ခိုက္ေရးသမား ဂီဘတ္တို ဂါဗယ္အိုကို ပြဲစတင္ၿပီး တစ္မိနစ္ေက်ာ္အတြင္း အလဲထိုးအႏိုင္ယူခဲ့ၿပီးေနာက္ မၾကာမီ ယင္းကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ONE Championship ၏ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံေဟာင္းျဖစ္သူ ေအာင္လအန္ဆန္က"ကြၽန္ေတာ္တို႔ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာခက္ခဲေနပါတယ္။ ျမန္မာႏိုင္ငံသားမ်ား ၿငိမ္းခ်မ္းေစဖို႔အတြက္ ဆုေတာင္းေပးပါတယ္။ကြၽန္ေတာ္တို႔ ႏိုင္ငံသာမက တစ္ကမာၻလုံး ၿငိမ္းခ်မ္းေရးရရွိဖို႔လိုအပ္တယ္" ဟုဆိုသည္။

ေအာင္လအန္ဆန္သည္ ၎အေပၚအားေပးေနသည့္ ျမန္မာပရိသတ္မ်ားကို အထူးေက်းဇူးတင္ေၾကာင္းထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေအာင္လအန္ဆန္သည္ အဆိုပါပြဲစဥ္တြင္ ၿပိဳင္ဘက္ကစားသမားကို တစ္မိနစ္ေက်ာ္အတြင္း အလဲထိုးအႏိုင္ယူႏိုင္ျခင္းေၾကာင့္ ဆုေၾကးေငြအေမရိကန္ေဒၚလာ ၅ဝဝဝဝ ရရွိခဲ့ေၾကာင္းသိရသည္။

ေအာင္လအန္ဆန္က "ထိုင္းႏိုင္ငံမွာက်င္းပတဲ့ ONE Fight Night 6 ပြဲစဥ္မွာ ျမန္မာ ႏိုင္ငံသားအမ်ားႀကီးရဲ႕အားေပးသံကို ၾကားေနရတယ္။ အားေပးဖို႔အတြက္ျမန္မာပရိသတ္ေတြအမ်ားႀကီးလာေရာက္ခဲ့တယ္ဆိုတာသိရပါတယ္။ ျမန္မာႏိုင္ငံက ပရိသတ္ေတြ လာေရာက္အားေပးေနတာကို သူတို႔အားေပးတဲ့အသံေတြကို နား ေထာင္ၿပီး သိပါတယ္။ ဝင္ေပါက္နားမွာ ျမန္မာႏိုင္ငံသားေတြ သီခ်င္းဆိုသံကိုၾကားသိရၿပီးေနာက္ ျမန္မာပရိသတ္အမ်ားႀကီးလာေရာက္အားေပးခဲ့တယ္ဆိုတာကိုသိပါတယ္"ဟုဆိုသည္။

ေအာင္လအန္ဆန္သည္ ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့သည့္ ONE Championship ပြဲစဥ္သုံးပြဲတြင္ ႏွစ္ပြဲအႏိုင္ရထားၿပီး ခ်န္ပီယံခါးပတ္ကို ျပန္လည္စိန္ေခၚခြင့္ရရန္အလားအ လာေကာင္းေနသည္ဟု သုံးသပ္မႈမ်ားလည္း ထြက္ေပၚေနသည္။ ေအာင္လအန္ဆန္ သည္ လာမည့္မတ္လ ႏွင့္ ေမလအတြင္းက်င္းပမည့္ပြဲစဥ္မ်ားတြင္ ထပ္မံယွဥ္ၿပိဳင္တိုက္ခိုက္လိုေၾကာင္း၊ ထိပ္ဆုံးကိုျပန္လည္တက္ေရာက္ရန္ႀကိဳးပမ္းမည္ျဖစ္သလို စြန႔္လႊတ္လိုက္ရေသာ ခ်န္ပီယံခါးပတ္ျပန္လည္ရယူႏိုင္ေအာင္ ႀကိဳးပမ္းမည္ဟု ကတိေပးေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.