အမေရိကန်မှာ သစ်ကြားသီးနဲ့ ဆက်စပ်နေတဲ့ e.coli ဘတ်တီးရီးယားကူးစက်မှုနဲ့ပတ်သက်ပြီး CDC သတိပေး ထား

 167

ရောင်နီ (NP News) - မေ ၂

သစ်ကြားသီးနဲ့ ဆက်စပ်နေတဲ့ e.coli ဘတ်တီးရီးယားကူးစက်ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက အင်္ဂါနေ့(ဧပြီလ ၃၁ ရက်) မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဘတ်တီးရီးယားကြောင့် ပြည်နယ်နှစ်ခုမှ လူ ၁၂ ဦး ဖျားနာခဲ့ပြီး ခုနစ်ဦး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ၇ ဦးထဲက လူနှစ်ဦး ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှု ဖြစ်တဲ့ hemolytic uremic syndrome ရောဂါတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါရောဂါနဲ့ဆက်စပ်ပြီး သေဆုံးသူတော့ မရှိသေးပါဘူး။ CDC ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ ဖျားနာသူတိုင်းနီးပါး သဘာဝအစားအစာဆိုင်တွေမှာ ရောင်းချတဲ့ကယ်လီဖိုးနီးယား၊ Hollister ရှိ ကယ်လီဖိုးနီးယားမှ အသိအမှတ်ပြု အော်ဂဲနစ်ခြံ Gibson Farms မှ ထွက်ရှိတဲ့ သစ်ကြားသီးတွေ စားသုံးမိခဲ့တာ တွေ့ရှိခဲ့ပါတယ်။

ဝါရှင်တန်နဲ့ ကယ်လီဖိုးနီးယားမှာ Alaska၊ Arkansas၊ Arizona၊ Colorado၊ Hawaii၊ Idaho၊ Kansas၊ Louisiana၊ Montana၊ Nebraska၊ New Mexico၊ Nevada၊ Oregon၊ South ရှိ စတိုးဆိုင်တွေမှာ အဆိုပါ သစ်ကြားသီး ရောင်းချခဲ့တာဖြစ်ပြီး အချို့စတိုးဆိုင်တွေမှာ သစ်ကြားသီးအတုံးများတွေကို ပလပ်စတစ်အိတ်တွေနဲ့ ပြန်လည် ထုပ်ပိုးတယ်လို့ CDC မှ ပြောကြားခဲ့ပါတယ်။ အခုတော့ CDC က သစ်ကြားသီးကို ရောင်းချတဲ့ဆိုင်တွေကို ပြန်လည် သိမ်းဆည်းဖို့ တွန်းအားပေးထားပါတယ်။ သစ်ကြားသီးတွေဝယ်ပြီး မစားရသေးရင်လည်း လွှင့်ပစ်ပြီး ၎င်းနဲ့ထိတွေ့ ခဲ့တဲ့နေရာတွေကို သေချာဆေးကြော သန့်စင်ဖို့လည်း သတိပေးထားပါတယ်။

E. coli ဖျားနာသူ အများစုဟာ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ရှိပေမယ့် နာတာရှည်ရောဂါရှိသူတွေ ကတော့ ဗိုက်အောင့်ခြင်း၊ သွေးထွက်လွန်ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ကျောက်ကပ် အားနည်းခြင်းလို ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ သစ္ၾကားသီးနဲ႔ ဆက္စပ္ေနတဲ့ e.coli ဘတ္တီးရီးယားကူးစက္မႈနဲ႔ပတ္သက္ၿပီး CDC သတိေပး ထား
ေရာင္နီ (NP News) - ေမ ၂

သစ္ၾကားသီးနဲ႔ ဆက္စပ္ေနတဲ့ e.coli ဘတ္တီးရီးယားကူးစက္ျဖစ္ပြားမႈေတြ ရွိေနတယ္လို႔ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာက အဂၤါေန႔(ဧၿပီလ ၃၁ ရက္) မွာ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ဘတ္တီးရီးယားေၾကာင့္ ျပည္နယ္ႏွစ္ခုမွ လူ ၁၂ ဦး ဖ်ားနာခဲ့ၿပီး ခုနစ္ဦး ေဆး႐ုံတင္ခဲ့ရတယ္လို႔ သိရပါတယ္။ အဆိုပါ ၇ ဦးထဲက လူႏွစ္ဦး ေက်ာက္ကပ္ဆိုင္ရာခ်ိဳ႕ယြင္းမႈ ျဖစ္တဲ့ hemolytic uremic syndrome ေရာဂါေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အဆိုပါေရာဂါနဲ႔ဆက္စပ္ၿပီး ေသဆုံးသူေတာ့ မရွိေသးပါဘူး။ CDC ရဲ႕ စုံစမ္းစစ္ေဆးမႈတစ္ခုအရ ဖ်ားနာသူတိုင္းနီးပါး သဘာဝအစားအစာဆိုင္ေတြမွာ ေရာင္းခ်တဲ့ကယ္လီဖိုးနီးယား၊ Hollister ရွိ ကယ္လီဖိုးနီးယားမွ အသိအမွတ္ျပဳ ေအာ္ဂဲနစ္ၿခံ Gibson Farms မွ ထြက္ရွိတဲ့ သစ္ၾကားသီးေတြ စားသုံးမိခဲ့တာ ေတြ႕ရွိခဲ့ပါတယ္။

ဝါရွင္တန္နဲ႔ ကယ္လီဖိုးနီးယားမွာ Alaska၊ Arkansas၊ Arizona၊ Colorado၊ Hawaii၊ Idaho၊ Kansas၊ Louisiana၊ Montana၊ Nebraska၊ New Mexico၊ Nevada၊ Oregon၊ South ရွိ စတိုးဆိုင္ေတြမွာ အဆိုပါ သစ္ၾကားသီး ေရာင္းခ်ခဲ့တာျဖစ္ၿပီး အခ်ိဳ႕စတိုးဆိုင္ေတြမွာ သစ္ၾကားသီးအတုံးမ်ားေတြကို ပလပ္စတစ္အိတ္ေတြနဲ႔ ျပန္လည္ ထုပ္ပိုးတယ္လို႔ CDC မွ ေျပာၾကားခဲ့ပါတယ္။ အခုေတာ့ CDC က သစ္ၾကားသီးကို ေရာင္းခ်တဲ့ဆိုင္ေတြကို ျပန္လည္ သိမ္းဆည္းဖို႔ တြန္းအားေပးထားပါတယ္။ သစ္ၾကားသီးေတြဝယ္ၿပီး မစားရေသးရင္လည္း လႊင့္ပစ္ၿပီး ၎နဲ႔ထိေတြ႕ ခဲ့တဲ့ေနရာေတြကို ေသခ်ာေဆးေၾကာ သန႔္စင္ဖို႔လည္း သတိေပးထားပါတယ္။

E. coli ဖ်ားနာသူ အမ်ားစုဟာ တစ္ပတ္အတြင္း ျပန္လည္ေကာင္းမြန္လာေလ့ရွိေပမယ့္ နာတာရွည္ေရာဂါရွိသူေတြ ကေတာ့ ဗိုက္ေအာင့္ျခင္း၊ ေသြးထြက္လြန္ဝမ္းေလွ်ာျခင္း၊ အဖ်ားတက္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ ေက်ာက္ကပ္ အားနည္းျခင္းလို ျပင္းထန္တဲ့ လကၡဏာေတြ ခံစားရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.