ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုတွေ ရပ်တန့်ဖို့ အစ္စရေးကို ဥရောပသမဂ္ဂသတိပေး
742
Pika (NP News) - မေ ၁၆
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်နေတာတွေ ရပ်တန့််ဖို့ အစ္စရေးကို ဥရောပသမဂ္ဂက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ရာဖဲလ်မြို့ကို ထိုးစစ်ဆင်နေတာတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဥရောပသမဂ္ဂနဲ့ အစ္စရေးနိုင်ငံကြား ဆက်ဆံရေးတွေ ပျက်ပြားသွားနိုင်တယ်လို့ သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ ရာဖဲလ်မြို့အတွင်းကို ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ ဥရောပသမဂ္ဂရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပေါ်လာမှာကိုစိုးရိမ်တာကြောင့် ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှု မလုပ်ဆောင်ဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေရှိနေပေမယ့်လည်း အစ္စရေးဘက်က ယခုလို ထိုးစစ်ဆင်မှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ် က "ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေတို ပိုမိုဆိုးရွားလာအောင်မလုပ်ဆောင်ဖို့နဲ့ ရာဖဲလ်မြို့ရဲ့ နယ်စပ်ဖြတ် ကျော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ အစ္စရေးကို တောင်းဆိုထားပါတယ်။ အစ္စရေးက ထိုးစစ်ဆင်မှုတွေကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ဥရောပသမဂ္ဂနဲ့ဆက်ဆံရေးတွေ ပျက်ပြားသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ အစ္စရေးရဲ့ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြုပေမယ့်လည်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့အညီ အရပ်သားတွေ ဘေးကင်းလုံခြုံမှုအတွက် သေချာအောင် လုပ်ဆောင်ရမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး(၃)သောင်းကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
Zawgyi Version;
Pika (NP News) - မေ ၁၆
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့ အစ္စရေးကို ဥရောပသမဂ္ဂက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။