ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့ တရားရုံးတွင် အမှုရင်ဆိုင်နေသည့် မြင်ကွင်း ဗွီဒီယို နှစ်ခုပေါက်ကြားလာ

2224

သုတကျော် (NP News) - ဇွန် ၁၈
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့ အထူးသီးသန့်တရားရုံးတွင် အမှုရင်ဆိုင်နေသည့် မြင်ကွင်း ဗွီဒီယို နှစ်ခုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဖြတ်သန်းမှုအကြောင်း မှတ်တမ်းထားသည့် အချက်အလက်အချို့မှာ ဂါးဒီးယန်း သတင်းဌာနမှတစ်ဆင့် ပေါက်ကြားလာခဲ့သည်ကို တွေ့မြင်ရသည်။
ပထမ ဗွီဒီယိုသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်က ဖြစ်ပြီး ဒုတိယ ဗွီဒီယိုမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က ဖြစ်ကြောင်း ဗွီဒီယိုပါရက်စွဲအရ တွေ့မြင်ရကာ ဗွီဒီယို နှစ်ခု စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်က အကျီ အဖြူရောင်ကို ဝတ်ဆင်ထားသည်ကို တွေ့မြင်ရသည်။
အထူးတရားရုံး ဖြစ်သော်လည်း မည်သည့်နေရာတွင် စစ်ဆေးသည်ကို ဗွီဒီယိုအရ သိရခြင်း မရှိသော်လည်း ဗွီဒီယို နှစ်ခု အတွင်း Zoom သို့မဟုတ် ဗွီဒီယိုဖြင့် ထွက်ဆိုနေသူ နှစ်ဦး ပါဝင်ရာ ဒုတိယ ဗွီဒီယိုတွင် ထွက်ဆိုသူမှာ မက်စ်တပ်ထားသော်လည်း ဦးဟင်နရီ ဗန်ထီးယူ ဖြစ်ကြောင်း တွေ့မြင်ရသည်။
ဗွီဒီယိုပါ မြင်ကွင်းအရ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့နှစ်ဦးသည် တရားရုံးကို မထီမဲ့မြင်ပြုခြင်း၊ မလေးစားခြင်းများကို မပြုလုပ်ပဲ တရားရုံး၏ စစ်ဆေးမှုများကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြောင်း လည်း တွေ့မြင်ရသည်။
ဂါးဒီးယန်း သတင်းဌာနက ရရှိထားသော မှတ်တမ်းရ ဒေါ်အောင်ဆန်းစုကြည်သည် နံနက်ပိုင်း ၄ နာရီခွဲတွင် အိပ်ရာထကာ ည ၈ နာရီခွဲတွင် အိပ်စက်ကြောင်း ဖော်ပြထားသည်။ စားသောက်ခြင်း နှင့် ပတ်သက်သော မှတ်တမ်းအရ နေ့လယ်စာကို ထမင်းနှစ်ဇွန်း၊ ကြက်သား၊ ငါးအသားလုံးဟင်းချို၊ ချောကလက်နှစ်တုံးနှင့် နဂါးမောက်သီးတစ်စိတ်ဟု မှတ်တမ်းထားပြီး အခြား မှတ်တမ်းတစ်ခုတွင် နံနက်စာ အဖြစ် ကြက်ဥ ဟပ်ဖ်ရိုက် နှစ်လုံး၊ နေ့လယ်စာကို ထမင်း၊ အသား သို့မဟုတ် ငါး အနည်းငယ် နှင့် ညစာ အတွက် ဟင်းချို နှင့် ပေါင်မုန့်စားသည်ဟု ရေးသားထားသည်။

zawgyi version
ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဦးဝင္းျမင့္တို႔ တရား႐ုံးတြင္ အမႈရင္ဆိုင္ေနသည့္ ျမင္ကြင္း ဗြီဒီယို ႏွစ္ခုေပါက္ၾကားလာ
သုတေက်ာ္ (NP News) - ဇြန္ ၁၈
ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဦးဝင္းျမင့္တို႔ အထူးသီးသန႔္တရား႐ုံးတြင္ အမႈရင္ဆိုင္ေနသည့္ ျမင္ကြင္း ဗြီဒီယို ႏွစ္ခုႏွင့္ ေဒၚေအာင္ဆန္းစုၾကည္၏ ေန႔စဥ္ျဖတ္သန္းမႈအေၾကာင္း မွတ္တမ္းထားသည့္ အခ်က္အလက္အခ်ိဳ႕မွာ ဂါးဒီးယန္း သတင္းဌာနမွတစ္ဆင့္ ေပါက္ၾကားလာခဲ့သည္ကို ေတြ႕ျမင္ရသည္။
ပထမ ဗြီဒီယိုသည္ ၂၀၂၂ ခုႏွစ္၊ ဩဂုတ္လ ၂၂ ရက္က ျဖစ္ၿပီး ဒုတိယ ဗြီဒီယိုမွာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္က ျဖစ္ေၾကာင္း ဗြီဒီယိုပါရက္စြဲအရ ေတြ႕ျမင္ရကာ ဗြီဒီယို ႏွစ္ခု စလုံးတြင္ ေဒၚေအာင္ဆန္းစုၾကည္က အက်ီ အျဖဴေရာင္ကို ဝတ္ဆင္ထားသည္ကို ေတြ႕ျမင္ရသည္။
အထူးတရား႐ုံး ျဖစ္ေသာ္လည္း မည္သည့္ေနရာတြင္ စစ္ေဆးသည္ကို ဗြီဒီယိုအရ သိရျခင္း မရွိေသာ္လည္း ဗြီဒီယို ႏွစ္ခု အတြင္း Zoom သို႔မဟုတ္ ဗြီဒီယိုျဖင့္ ထြက္ဆိုေနသူ ႏွစ္ဦး ပါဝင္ရာ ဒုတိယ ဗြီဒီယိုတြင္ ထြက္ဆိုသူမွာ မက္စ္တပ္ထားေသာ္လည္း ဦးဟင္နရီ ဗန္ထီးယူ ျဖစ္ေၾကာင္း ေတြ႕ျမင္ရသည္။
ဗြီဒီယိုပါ ျမင္ကြင္းအရ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဦးဝင္းျမင့္တို႔ႏွစ္ဦးသည္ တရား႐ုံးကို မထီမဲ့ျမင္ျပဳျခင္း၊ မေလးစားျခင္းမ်ားကို မျပဳလုပ္ပဲ တရား႐ုံး၏ စစ္ေဆးမႈမ်ားကို အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ေၾကာင္း လည္း ေတြ႕ျမင္ရသည္။
ဂါးဒီးယန္း သတင္းဌာနက ရရွိထားေသာ မွတ္တမ္းရ ေဒၚေအာင္ဆန္းစုၾကည္သည္ နံနက္ပိုင္း ၄ နာရီခြဲတြင္ အိပ္ရာထကာ ည ၈ နာရီခြဲတြင္ အိပ္စက္ေၾကာင္း ေဖာ္ျပထားသည္။ စားေသာက္ျခင္း ႏွင့္ ပတ္သက္ေသာ မွတ္တမ္းအရ ေန႔လယ္စာကို ထမင္းႏွစ္ဇြန္း၊ ၾကက္သား၊ ငါးအသားလုံးဟင္းခ်ိဳ၊ ေခ်ာကလက္ႏွစ္တုံးႏွင့္ နဂါးေမာက္သီးတစ္စိတ္ဟု မွတ္တမ္းထားၿပီး အျခား မွတ္တမ္းတစ္ခုတြင္ နံနက္စာ အျဖစ္ ၾကက္ဥ ဟပ္ဖ္႐ိုက္ ႏွစ္လုံး၊ ေန႔လယ္စာကို ထမင္း၊ အသား သို႔မဟုတ္ ငါး အနည္းငယ္ ႏွင့္ ညစာ အတြက္ ဟင္းခ်ိဳ ႏွင့္ ေပါင္မုန႔္စားသည္ဟု ေရးသားထားသည္။