ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တက်ရောက်မည်
506
Pika (NP News) - မေ ၁၆
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ထိုင်ဝမ်သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့အတွက် အမေရိကန် အရာရှိဟောင်းတွေကို ထိုင်ဝမ်ကို စေလွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မေလ(၂၀)ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချန်တေးရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့အတွက် အိမ်ဖြူတော်ရဲ့စီးပွားရေးအကြံပေးဟောင်း Brian Deese၊ ယခင်က နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အရာရှိ Richard Armitage၊ Brookings Institution မှ ထိုင်ဝမ်ကျွမ်းကျင်သူ Richard Bush နဲ့ အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို စီခံခန့်ခွဲတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းကို လုပ်ကိုင်နေသူ Laura Rosenberger တို့ကို ဂျိုးဘိုင်ဒန်က စေလွှတ်သွားမှာဖြစ်တယ်လို့ အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချန်တေးကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတစ်ဦးလို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထား ပေမယ့်လည်း ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ရပ်တည်ချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက “အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကို ရောက်ရှိပါလိမ့်မယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ပြီး အခြားခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ယင်းလုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်တာဖြစ်ပြီး အမေရိကန်ရဲ့မူဝါဒမှာ ပြောင်းလဲမှုတွေ ရှိမှာ မဟုတ်ဘူးလို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ထိုင္ဝမ္သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို အေမရိကန္ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ တက္ေရာက္မည္
Pika (NP News) - ေမ ၁၆
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ထိုင္ဝမ္သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔အတြက္ အေမရိကန္ အရာရွိေဟာင္းေတြကို ထိုင္ဝမ္ကို ေစလႊတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ေမလ(၂၀)ရက္မွာ က်င္းပမယ့္ ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတ လိုင္ခ်န္ေတးရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔အတြက္ အိမ္ျဖဴေတာ္ရဲ႕စီးပြားေရးအႀကံေပးေဟာင္း Brian Deese၊ ယခင္က ႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွ အရာရွိ Richard Armitage၊ Brookings Institution မွ ထိုင္ဝမ္ကြၽမ္းက်င္သူ Richard Bush နဲ႔ အေမရိကန္-ထိုင္ဝမ္ဆက္ဆံေရးကို စီခံခန႔္ခြဲတဲ့ အက်ိဳးအျမတ္မယူတဲ့အဖြဲ႕အစည္းကို လုပ္ကိုင္ေနသူ Laura Rosenberger တို႔ကို ဂ်ိဳးဘိုင္ဒန္က ေစလႊတ္သြားမွာျဖစ္တယ္လို႔ အေမရိကန္အစိုးရအႀကီးတန္းအရာရွိတစ္ဦးရဲ႕ ေျပာၾကားခ်က္ အရ သိရပါတယ္။
တ႐ုတ္အစိုးရဟာ ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတ လိုင္ခ်န္ေတးကို အႏၲရာယ္ရွိတဲ့ ခြဲထြက္ေရးသမားတစ္ဦးလို႔ သတ္မွတ္ထားတာလည္းျဖစ္ပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထား ေပမယ့္လည္း ထိုင္ဝမ္ဘက္ကေတာ့ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။
အေမရိကန္အစိုးရအႀကီးတန္းအရာရွိတစ္ဦးက “အဲဒီကိုယ္စားလွယ္အဖြဲ႕ဟာ ယခုသီတင္းပတ္အတြင္း ထိုင္ဝမ္ကို ေရာက္ရွိပါလိမ့္မယ္။ အဲဒီကိုယ္စားလွယ္အဖြဲ႕ဟာ ထိုင္ဝမ္သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ၿပီး အျခားေခါင္းေဆာင္အမ်ားအျပားနဲ႔ ေတြ႕ဆုံသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့အျပင္ ယင္းလုပ္ရပ္ဟာ လုပ္ထုံးလုပ္နည္းအတိုင္းလုပ္ေဆာင္တာျဖစ္ၿပီး အေမရိကန္ရဲ႕မူဝါဒမွာ ေျပာင္းလဲမႈေတြ ရွိမွာ မဟုတ္ဘူးလို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။