‘‘ဒီဂျစ်တယ်ယွမ်မှတစ်ဆင့် နိုင်ငံတော် အာဏာကို ဖြန့်ကြက်ခြင်း”
2133
တင်ဇာ (NP News) - အောက်တိုဘာ ၃၁
ဒီဂျစ်တယ်ငွေကြေးများ၏ ဖွံ့ဖြိုးတိုးတက် မှုသည် ကွဲပြားသော အခြေအနေ
အရပ်ရပ်တို့နှင့် အတူ ရှုပ်ထွေးကျယ်ပြန့်လာလျက်ရှိသည်။ ၎င်းတို့၏ အုပ်ချုပ်ဖွဲ့စည်းပုံပေါ်မူတည်၍ ဒီဂျစ်တယ် ငွေကြေး နယ်ပယ်တွင် ဗဟိုချုပ်ကိုင်မှုကင်းသော နိုင်ငံမဲ့ cryptocurrencies၊ ကော်ပိုရိတ် stablecoins များ၊ govcoins ဟုလူသိများသော ဗဟိုဘဏ်ဒီဂျစ်တယ် ငွေကြေးများ (CBDCs)ဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။
CBDC မှာမူ ဗဟိုဘဏ်နှင့် တိုက်ရိုက် သက်ဆိုင်နေသည့်အတွက် အစိုးရ၏ ချုပ်ကိုင်မှုစက် ဝန်းထဲတွင်ရှိနေသော ဒီဂျစ်တယ်ငွေကြေးဟု ဆိုရမည်။ CBDC သည် ငွေစက္ကူကို အစားထိုးရန် သို့မဟုတ် အတူယှဉ်တွဲရှိနေမည့် ငွေပေးချေမှု ပုံစံသစ်တစ်ခုလည်းဖြစ်သည်။ Blockchain နည်းပညာမှ ပံ့ပိုးပေးထားသော တရားဝင် ဒီဂျစ်တယ်မျိုးဆက် သစ်တစ်ခု အဖြစ် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာအတွက် အသုံးဝင်သော ဒီဂျစ်တယ်ငွေကြေး စနစ်လည်းဖြစ်လာမည်ဖြစ်သည်။ အင်အားကြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားသည် CBDC ၏ ကောင်းကျိုးဆိုးကျိုးများနှင့် ပတ်သက်၍ ယနေ့ထက် တိုင် သုံးသပ်နေရဆဲဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသည် CBDC ငွေကြေးအဖြစ် e-yuan (e-CNY) ကို ဖန်တီးခြင်းဖြင့် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီ ဖြစ်သည်။
တရုတ်ပြည်သူ့ဘဏ် (PBOC)သည် (၂၀၁၄)ခုနှစ်ကတည်းက ဗဟိုအစိုးရက ချုပ်ကိုင်သော ဒီဂျစ်တယ်ငွေကြေး ဆိုင်ရာ မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်ပုံစံများကို စတင်လုပ်ဆောင်ခဲ့သည်။ မူလက ဒီဂျစ် တယ်ငွေ ကြေး/အီလက်ထရွန်နစ်စနစ် (DCEP) ပရောဂျက်အဖြစ် စိတ်ကူးထားပြီး e-CNY ကို (၂၀၁၉) ခုနှစ်တွင် ရှေ့ပြေး အဖြစ် စတင်မိတ်ဆက်ခဲ့သည်။ ပရောဂျက်၏ တရားဝင်စာချုပ်အရ e-CNY ကို နေ့စဉ်ငွေ ပေးချေမှုများအတွက် ပြည်တွင်းသုံး CBDC အဖြစ် အဓိကဖန်တီးထားသော်လည်း မကြာမီကာလအတွင်း ယင်းကို နိုင်ငံတကာအသွင်သို့ ကူးပြောင်းရန် ဆန္ဒရှိနေသည်။ ၎င်းကို အသုံးပြုသည့် အရေအတွက်နှင့် ပတ်သက်၍ တရားဝင်ကိန်းဂဏန်းများမရှိသော် လည်း PBOC မှထုတ်ပြန်ချက်များအရ ဒီဂျစ်တယ် ပိုက်ဆံအိတ် (၂၆၁) သန်း ရှိကြောင်းဖော်ပြနေသည်။
တရုတ်နိုင်ငံ၏ ခေတ်မီမြို့ကြီးများဖြစ်သည့် ရှန်ကျန်း၊ စုကျိုး၊ ချန်ဒူးနှင့် ရှောင်အန်းတို့တွင် စတင်စမ်းသပ် အသုံးပြုလျက် ရှိနေသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဖြန့်ကြက်အသုံးပြုနိုင်ရန်ကိုမူ စောင့်ဆိုင်း နေဆဲဖြစ်သည်။ လက်ရှိစမ်းသပ်မှုများ ၏ရလဒ်များကို အပြည့်အဝအကဲဖြတ်ပြီးပါက တစ်နိုင်ငံလုံး အတိုင်းအတာ အသုံးပြုနိုင်/မပြုနိုင် ကို ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး GDP ကို ကိုယ်စားပြုနေသည်။ ၎င်းသည် ငွေသားမဟုတ်သော စီးပွားရေးလုပ်ငန်းစုများအဖြစ် အသွင်ကူး ပြောင်းရန်အတွက် Alipay, WeChat Pay နှင့် UnionPay ကဲ့သို့သော ပလက် ဖောင်းများကို ဖန်တီးကာ ဒီဂျစ်တယ် ငွေကြေးကဏ္ဍတွင် ရှေ့မှဦးဆောင်နေသည်။ SWIFT ၏ အချက်အလက်များအရ ယွမ်ငွေ (RMB) သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများအတွက် စတုတ္ထမြောက် အများဆုံး ငွေကြေးဖြစ်လာသည်။
ဒီဂျစ်တယ်ယွမ် (e-yuan)ကို ထုတ်လုပ် ရခြင်း၏ ရည်ရွယ်ချက်သည် ဆန်းသစ်တီထွင်မှု တစ် ခုသာမကဘဲ တရုတ်၏ နိုင်ငံတော်အာဏာတည်မြဲ ခိုင်မာရေးအတွက်လည်း အထောက်အပံ့တစ်ခုဖြစ် လာနိုင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်က blockchain ၏အလားအလာကို အပြည့်အဝရရှိအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း အလေး ပေးပြော ကြားခဲ့ဖူးသည်။ e-yuan သည် ကုန်သွယ်မှု၊ အခွန်ကောက်ခံမှုနှင့် ကြွေးမြီများဆိုင်ရာ မဟာဗျူဟာ စီမံခန့်ခွဲမှု နှင့်ဆက်စပ်သော အမျိုးသားအကျိုးစီးပွားအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်သည့် ဒီဂျစ်တယ် ငွေကြေးမူဝါဒကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။ တစ်ဖန် ပြည်တွင်း၌ ၎င်း၏လည်ပတ်မှု တိုးပွားလာခြင်းနှင့်အမျှ ကွန်ရက်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး (FININT) အချက်အလက်များကို စုဆောင်းလာ နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ AI စနစ်များနှင့် big data ခွဲခြမ်း စိတ်ဖြာမှုတို့အပေါ် အခြေခံထားသော အရောင်းအဝယ်အားလုံးကို စောင့်ကြည့်ခြင်းဖြင့် သံသယဖြစ်ဖွယ် အပြုအမူပုံစံများကို ရှာဖွေဖော်ထုတ်နိုင်ပြီး အကြမ်းဖက်၊ ရာဇဝတ်မှု၊ အဖျက် အမှောင့်၊ အတိုက်အခံ သို့မဟုတ် ခွဲထွက်ရေးနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်များကို ခြေရာခံလာနိုင်မည်ဖြစ်သည်။
ကော်ပိုရိတ် stablecoins, crypto currencies' တို့နှင့် မတူသော CBDC ၏ ထူးခြားချက်မှာ အမျိုးသား ရေးဝါဒကို ရှေ့တန်းတင်နိုင်ခြင်း ဖြစ်သည်။ ယင်းမှာ စတုတ္ထစက်မှုတော်လှန်ရေး၏ ဒီဂျစ်တယ်ခေတ်တွင်လည်း အမျိုးသားရေးဝါဒ ထွန်းကားလာနိုင်ကြောင်း သက်သေပြနေသည်။ e-CNY သည် ပြည်တွင်းရှိ တရုတ်လူမျိုးများ၏ အမျိုးသားရေး စိတ်ဓာတ်ကို ခိုင်မာစေရန် စွမ်းဆောင်နိုင်သကဲ့သို့ တရုတ်နိုင်ငံ၏ ‘‘ soft power”ကို နိုင်ငံရပ်ခြားတွင် ပျံ့နှံ့စေရေးအတွက် အလားအလာတစ်ခုလည်းဖြစ်နေသည်။ နိုင်ငံရေး ဘောဂဗေဒ၏ သဘောတရားအရ ငွေကြေး၏ အဆင့်အတန်းသည် နိုင်ငံတော်၏အာဏာ၊ ကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာတို့ကို ထင်ဟပ်စေသော ဂုဏ်သိက္ခာရှိသည့် ကြေးမုံပြင်တစ်ခုလည်း ဖြစ်သည်။
အထူးသဖြင့် e-trade မှတစ်ဆင့် မက်ခရိုနှင့် လက်လီစီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု ကြီးထွားလာသောကြောင့် ဒီဂျစ်တယ်ငွေကြေးစနစ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ e-CNY သည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP)၊ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (BRI)၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် နယ်စပ်ဖြတ်ကျော် ဘဏ်ငွေပေးချေမှုစနစ် (CIPS) ကဲ့သို့သော တရုတ် ဦးဆောင်သည့် အထင်ကရ ပထဝီဝင်စီးပွားရေးစီမံကိန်းများတွင် ပါဝင်လာ နိုင်သည်။ ထို့ပြင် အာရှ၊ အရှေ့အလယ်ပိုင်း၊ လက် တင်အမေရိကနှင့် အာဖရိကရှိ တရုတ်စီးပွားရေး မိတ်ဖက်များကို ပေးအပ်သော ချေးငွေနှင့် ဖွံ့ဖြိုးရေးအကူ အညီများတွင်လည်း e-CNY က ပါဝင်ပတ်သက်လာ မည်ဖြစ်သည်။
ယခုအခါ PBOC မှပိုင်ဆိုင်သော တရုတ်ငွေကြေးအင်စတီကျုသည် လုပ်ငန်းလည်ပတ်နိုင်သော multi-CBDC bridge ပရောဂျက် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆွစ်ဇာလန်အခြေစိုက် နိုင်ငံတကာ ငွေပေးချေရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ၎င်းသာ အောင်မြင်ပါက နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို အပြန်အလှန် လုပ်ဆောင်နိုင်မည့် ငွေကြေးဆိုင်ရာ အခြေခံ ပလက်ဖောင်းတစ်ခုရရှိ လာမည်ဖြစ်သည်။ တစ်ဖန် ဟောင်ကောင်၏ အနေအထားသည် ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးဝန်ဆောင်မှုပလပ်ဖောင်းတစ်ခုအဖြစ် အသုံးချရန် အလားအလာရှိသော နေရာတစ်ခုဖြစ်လာနိုင်သည်။ ဤသို့ဖြင့် ကြီး ထွားလာသော နိုင်ငံတကာချိတ်ဆက်မှုနှင့် ဈေးကွက် ချဲ့ထွင်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု များအတွက် e-CNY ကို အသုံးပြုလာကြမည် ဖြစ်သည်။
သို့တိုင် နိုင်ငံတကာတွင် e-CNY အသုံးပြုလာနိုင်မှုနှင့် ပတ်သက်၍မူ သေချာပေါက် အာမ မခံနိုင်သေးပါ။ ထိုကဲ့သို့ နိုင်ငံတကာကို ချဲ့ထွင် ရာတွင်မူ သံခင်းတမန်ခင်း၊ ခေါင်းဆောင်ပိုင်းနှင့် သဘောတူညီမှုများကို ကျော်လွှားရန် လိုအပ်မည်ဖြစ် သကဲ့သို့ စည်းဘောင်များ၊ နည်းပညာနှင့် တရားစီရင် ရေးဆိုင်ရာ ပြဿနာများစသော အပြန်အလှန် ညှိ နှိုင်းရမည့်ကိစ္စများကို သဟဇာတဖြစ်အောင် ဆောင်ရွက်ရဦးမည်ဖြစ်သည်။
ဒီဂျစ်တယ်ငွေကြေးကို မူလက နိုင်ငံတော် အာဏာလွှမ်းမိုးချယ်လှယ်မှုကို ဖယ်ရှားနိုင်ရန် အတွက် တီထွင်ခဲ့ သော်လည်း ယခုအခါ ပါဝါနိုင်ငံရေးတွင် ဒီဂျစ်တယ်ငွေကြေး၏ အခန်းကဏ္ဍက လွှမ်းမိုးလာခဲ့ပြီဖြစ်သည်။ ဗဟိုချုပ် ကိုင်မှုကင်းသော cryptocurrencies နှင့် ကော်ပိုရိတ် crypto-asset များသည် နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံပိုင်လုပ်ငန်း၊ ပဋိပက္ခများ၊ ပါဝါပြိုင်ဆိုင်မှုများနှင့် ပထဝီဝင်နိုင်ငံ ရေးတို့တွင် ပါဝင်ပတ်သက်မှုများရှိလာခဲ့ပြီး အထူးသဖြင့် CBDC များက ပို၍ ကြီးမားသော သက်ရောက်နိုင်စွမ်းများ ရှိလာလေသည်။
ယခုအခါ တရုတ်သည် ပိုမိုရှုပ်ထွေးသော၊ သမားရိုးကျ မဟုတ်သော e-finance ၏ ပြိုင်ဆိုင်မှု ပြင်းထန်သော နယ်ပယ်တွင် ၎င်း၏ ကိုယ်ပိုင်ဒီဂျစ်တယ် ငွေကြေးကို စတင်မိတ်ဆက် အသုံးပြုလာပြီး ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ရန် လည်း စိတ်ကူးလျက် ရှိနေသည်။ တရုတ်၏ e-CNY သည် ခြေလှမ်းအစဖြစ် သော်လည်း ၎င်း၏ အလားအလာက မျှော်မှန်းထား သည်ထက် ပိုနေသည်။ CBDC ဘဏ်လုပ်ငန်းစနစ် သည် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေစိုးမိုးရေး တို့တွင်လည်း အတိအကျ လိုက်နာဆောင်ရွက်ကာ တရုတ်ဘဏ္ဍာရေးစနစ်ကို ခိုင်မာသော ကျောထောက်နောက်ခံ တစ်ခုအဖြစ် ရပ်တည်ပေးနေမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့ပထဝီဝင် နိုင်ငံရေးနယ်ပယ်တွင် အဘက်ဘက်မှ အင်အားကြီးထွား လာသော တရုတ်သည် ဒီဂျစ်တယ် ငွေကြေးကဏ္ဍတွင်လည်း အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်လာဦးမည်ဖြစ်ပြီး e-CNY သည် ပြည်တွင်းသုံး ဒီဂျစ်တယ် ငွေကြေးဆိုသော်ငြား ၎င်း၏ ကောင်းမွန်သော အလားအလာများကြောင့် နိုင်ငံတကာသုံး အဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိ/ မရှိကိုမူ ဆက်လက်လေ့လာ စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း။
zawgyi version
‘‘ ဒီဂ်စ္တယ္ယြမ္မွတစ္ဆင့္ ႏိုင္ငံေတာ္ အာဏာကို ျဖန႔္ၾကက္ျခင္း ”
တင္ဇာ (NP News) - ေအာက္တိုဘာ ၃၁
ဒီဂ်စ္တယ္ေငြေၾကးမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္ မႈသည္ ကြဲျပားေသာ အေျခအေန
အရပ္ရပ္တို႔ႏွင့္ အတူ ရႈပ္ေထြးက်ယ္ျပန႔္လာလ်က္ရွိသည္။ ၎တို႔၏ အုပ္ခ်ဳပ္ဖြဲ႕စည္းပုံေပၚမူတည္၍ ဒီဂ်စ္တယ္ ေငြေၾကး နယ္ပယ္တြင္ ဗဟိုခ်ဳပ္ကိုင္မႈကင္းေသာ ႏိုင္ငံမဲ့ cryptocurrencies၊ ေကာ္ပိုရိတ္ stablecoins မ်ား၊ govcoins ဟုလူသိမ်ားေသာ ဗဟိုဘဏ္ဒီဂ်စ္တယ္ ေငြေၾကးမ်ား (CBDCs)ဟူ၍ ခြဲျခားသတ္မွတ္ႏိုင္သည္။
CBDC မွာမူ ဗဟိုဘဏ္ႏွင့္ တိုက္႐ိုက္ သက္ဆိုင္ေနသည့္အတြက္ အစိုးရ၏ ခ်ဳပ္ကိုင္မႈစက္ ဝန္းထဲတြင္ရွိေနေသာ ဒီဂ်စ္တယ္ေငြေၾကးဟု ဆိုရမည္။ CBDC သည္ ေငြစကၠဴကို အစားထိုးရန္ သို႔မဟုတ္ အတူယွဥ္တြဲရွိေနမည့္ ေငြေပးေခ်မႈ ပုံစံသစ္တစ္ခုလည္းျဖစ္သည္။ Blockchain နည္းပညာမွ ပံ့ပိုးေပးထားေသာ တရားဝင္ ဒီဂ်စ္တယ္မ်ိဳးဆက္ သစ္တစ္ခု အျဖစ္ ဒီဇိုင္းထုတ္ထားၿပီး ၎တို႔သည္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာအတြက္ အသုံးဝင္ေသာ ဒီဂ်စ္တယ္ေငြေၾကး စနစ္လည္းျဖစ္လာမည္ျဖစ္သည္။ အင္အားႀကီး ႏိုင္ငံမ်ားႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံအမ်ားအျပားသည္ CBDC ၏ ေကာင္းက်ိဳးဆိုးက်ိဳးမ်ားႏွင့္ ပတ္သက္၍ ယေန႔ထက္ တိုင္ သုံးသပ္ေနရဆဲျဖစ္သည္။ ယခုအခါ တ႐ုတ္ႏိုင္ငံသည္ CBDC ေငြေၾကးအျဖစ္ e-yuan (e-CNY) ကို ဖန္တီးျခင္းျဖင့္ ေအာင္ျမင္မႈအတိုင္းအတာတစ္ခုအထိ ရရွိေနၿပီ ျဖစ္သည္။
တ႐ုတ္ျပည္သူ႔ဘဏ္ (PBOC)သည္ (၂၀၁၄)ခုႏွစ္ကတည္းက ဗဟိုအစိုးရက ခ်ဳပ္ကိုင္ေသာ ဒီဂ်စ္တယ္ေငြေၾကး ဆိုင္ရာ မဟာဗ်ဴဟာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေသးစိတ္ပုံစံမ်ားကို စတင္လုပ္ေဆာင္ခဲ့သည္။ မူလက ဒီဂ်စ္ တယ္ေငြ ေၾကး/အီလက္ထ႐ြန္နစ္စနစ္ (DCEP) ပေရာဂ်က္အျဖစ္ စိတ္ကူးထားၿပီး e-CNY ကို (၂၀၁၉) ခုႏွစ္တြင္ ေရွ႕ေျပး အျဖစ္ စတင္မိတ္ဆက္ခဲ့သည္။ ပေရာဂ်က္၏ တရားဝင္စာခ်ဳပ္အရ e-CNY ကို ေန႔စဥ္ေငြ ေပးေခ်မႈမ်ားအတြက္ ျပည္တြင္းသုံး CBDC အျဖစ္ အဓိကဖန္တီးထားေသာ္လည္း မၾကာမီကာလအတြင္း ယင္းကို ႏိုင္ငံတကာအသြင္သို႔ ကူးေျပာင္းရန္ ဆႏၵရွိေနသည္။ ၎ကို အသုံးျပဳသည့္ အေရအတြက္ႏွင့္ ပတ္သက္၍ တရားဝင္ကိန္းဂဏန္းမ်ားမရွိေသာ္ လည္း PBOC မွထုတ္ျပန္ခ်က္မ်ားအရ ဒီဂ်စ္တယ္ ပိုက္ဆံအိတ္ (၂၆၁) သန္း ရွိေၾကာင္းေဖာ္ျပေနသည္။
တ႐ုတ္ႏိုင္ငံ၏ ေခတ္မီၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ရွန္က်န္း၊ စုက်ိဳး၊ ခ်န္ဒူးႏွင့္ ေရွာင္အန္းတို႔တြင္ စတင္စမ္းသပ္ အသုံးျပဳလ်က္ ရွိေနသည္။ တစ္ႏိုင္ငံ လုံးအတိုင္းအတာျဖင့္ ျဖန႔္ၾကက္အသုံးျပဳႏိုင္ရန္ကိုမူ ေစာင့္ဆိုင္း ေနဆဲျဖစ္သည္။ လက္ရွိစမ္းသပ္မႈမ်ား ၏ရလဒ္မ်ားကို အျပည့္အဝအကဲျဖတ္ၿပီးပါက တစ္ႏိုင္ငံလုံး အတိုင္းအတာ အသုံးျပဳႏိုင္/မျပဳႏိုင္ ကို ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမည္ျဖစ္သည္။
တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ဒုတိယအႀကီးဆုံး GDP ကို ကိုယ္စားျပဳေနသည္။ ၎သည္ ေငြသားမဟုတ္ေသာ စီးပြားေရးလုပ္ငန္းစုမ်ားအျဖစ္ အသြင္ကူး ေျပာင္းရန္အတြက္ Alipay, WeChat Pay ႏွင့္ UnionPay ကဲ့သို႔ေသာ ပလက္ ေဖာင္းမ်ားကို ဖန္တီးကာ ဒီဂ်စ္တယ္ ေငြေၾကးက႑တြင္ ေရွ႕မွဦးေဆာင္ေနသည္။ SWIFT ၏ အခ်က္အလက္မ်ားအရ ယြမ္ေငြ (RMB) သည္ ကမာၻလုံးဆိုင္ရာ ေငြေပးေခ်မႈမ်ားအတြက္ စတုတၳေျမာက္ အမ်ားဆုံး ေငြေၾကးျဖစ္လာသည္။
ဒီဂ်စ္တယ္ယြမ္ (e-yuan)ကို ထုတ္လုပ္ ရျခင္း၏ ရည္႐ြယ္ခ်က္သည္ ဆန္းသစ္တီထြင္မႈ တစ္ ခုသာမကဘဲ တ႐ုတ္၏ ႏိုင္ငံေတာ္အာဏာတည္ၿမဲ ခိုင္မာေရးအတြက္လည္း အေထာက္အပံ့တစ္ခုျဖစ္ လာႏိုင္သည္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကိုယ္တိုင္က blockchain ၏အလားအလာကို အျပည့္အဝရရွိေအာင္ ႀကိဳးပမ္းရမည္ျဖစ္ေၾကာင္း အေလး ေပးေျပာ ၾကားခဲ့ဖူးသည္။ e-yuan သည္ ကုန္သြယ္မႈ၊ အခြန္ေကာက္ခံမႈႏွင့္ ေႂကြးၿမီမ်ားဆိုင္ရာ မဟာဗ်ဴဟာ စီမံခန႔္ခြဲမႈ ႏွင့္ဆက္စပ္ေသာ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အံဝင္ခြင္က်ျဖစ္ေစႏိုင္သည့္ ဒီဂ်စ္တယ္ ေငြေၾကးမူဝါဒကို အေကာင္ အထည္ေဖာ္ႏိုင္မည္ျဖစ္သည္။ တစ္ဖန္ ျပည္တြင္း၌ ၎၏လည္ပတ္မႈ တိုးပြားလာျခင္းႏွင့္အမွ် ကြန္ရက္မ်ားမွတစ္ဆင့္ အခ်ိန္ႏွင့္တစ္ေျပးညီ ေငြေၾကးဆိုင္ရာ ေထာက္လွမ္းေရး (FININT) အခ်က္အလက္မ်ားကို စုေဆာင္းလာ ႏိုင္မည္ျဖစ္သည္။
ထိုကဲ့သို႔ AI စနစ္မ်ားႏွင့္ big data ခြဲျခမ္း စိတ္ျဖာမႈတို႔အေပၚ အေျခခံထားေသာ အေရာင္းအဝယ္အားလုံးကို ေစာင့္ၾကည့္ျခင္းျဖင့္ သံသယျဖစ္ဖြယ္ အျပဳအမူပုံစံမ်ားကို ရွာေဖြေဖာ္ထုတ္ႏိုင္ၿပီး အၾကမ္းဖက္၊ ရာဇဝတ္မႈ၊ အဖ်က္ အေမွာင့္၊ အတိုက္အခံ သို႔မဟုတ္ ခြဲထြက္ေရးႏွင့္ ဆက္စပ္ေနသည့္ ပုဂၢိဳလ္မ်ားကို ေျခရာခံလာႏိုင္မည္ျဖစ္သည္။
ေကာ္ပိုရိတ္ stablecoins, crypto currencies' တို႔ႏွင့္ မတူေသာ CBDC ၏ ထူးျခားခ်က္မွာ အမ်ိဳးသား ေရးဝါဒကို ေရွ႕တန္းတင္ႏိုင္ျခင္း ျဖစ္သည္။ ယင္းမွာ စတုတၳစက္မႈေတာ္လွန္ေရး၏ ဒီဂ်စ္တယ္ေခတ္တြင္လည္း အမ်ိဳးသားေရးဝါဒ ထြန္းကားလာႏိုင္ေၾကာင္း သက္ေသျပေနသည္။ e-CNY သည္ ျပည္တြင္းရွိ တ႐ုတ္လူမ်ိဳးမ်ား၏ အမ်ိဳးသားေရး စိတ္ဓာတ္ကို ခိုင္မာေစရန္ စြမ္းေဆာင္ႏိုင္သကဲ့သို႔ တ႐ုတ္ႏိုင္ငံ၏ ‘‘ soft power”ကို ႏိုင္ငံရပ္ျခားတြင္ ပ်ံ႕ႏွံ႔ေစေရးအတြက္ အလားအလာတစ္ခုလည္းျဖစ္ေနသည္။ ႏိုင္ငံေရး ေဘာဂေဗဒ၏ သေဘာတရားအရ ေငြေၾကး၏ အဆင့္အတန္းသည္ ႏိုင္ငံေတာ္၏အာဏာ၊ ႂကြယ္ဝမႈႏွင့္ ဂုဏ္သိကၡာတို႔ကို ထင္ဟပ္ေစေသာ ဂုဏ္သိကၡာရွိသည့္ ေၾကးမုံျပင္တစ္ခုလည္း ျဖစ္သည္။
အထူးသျဖင့္ e-trade မွတစ္ဆင့္ မက္ခ႐ိုႏွင့္ လက္လီစီးပြားေရးလုပ္ငန္းမ်ားကို ဒီဂ်စ္တယ္ အသြင္ကူးေျပာင္းမႈ ႀကီးထြားလာေသာေၾကာင့္ ဒီဂ်စ္တယ္ေငြေၾကးစနစ္သည္ အဓိကအခန္းက႑မွ ပါဝင္လာမည္ျဖစ္သည္။ e-CNY သည္ ေဒသတြင္း ဘက္စုံစီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈ (RCEP)၊ ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္ခု (BRI)၊ အာရွအေျခခံ အေဆာက္အအုံ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ (AIIB) ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ဘဏ္ေငြေပးေခ်မႈစနစ္ (CIPS) ကဲ့သို႔ေသာ တ႐ုတ္ ဦးေဆာင္သည့္ အထင္ကရ ပထဝီဝင္စီးပြားေရးစီမံကိန္းမ်ားတြင္ ပါဝင္လာ ႏိုင္သည္။ ထို႔ျပင္ အာရွ၊ အေရွ႕အလယ္ပိုင္း၊ လက္ တင္အေမရိကႏွင့္ အာဖရိကရွိ တ႐ုတ္စီးပြားေရး မိတ္ဖက္မ်ားကို ေပးအပ္ေသာ ေခ်းေငြႏွင့္ ဖြံ႕ၿဖိဳးေရးအကူ အညီမ်ားတြင္လည္း e-CNY က ပါဝင္ပတ္သက္လာ မည္ျဖစ္သည္။
ယခုအခါ PBOC မွပိုင္ဆိုင္ေသာ တ႐ုတ္ေငြေၾကးအင္စတီက်ဳသည္ လုပ္ငန္းလည္ပတ္ႏိုင္ေသာ multi-CBDC bridge ပေရာဂ်က္ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ ဆြစ္ဇာလန္အေျခစိုက္ ႏိုင္ငံတကာ ေငြေပးေခ်ေရးဘဏ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိသည္။ ၎သာ ေအာင္ျမင္ပါက နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈမ်ားကို အျပန္အလွန္ လုပ္ေဆာင္ႏိုင္မည့္ ေငြေၾကးဆိုင္ရာ အေျခခံ ပလက္ေဖာင္းတစ္ခုရရွိ လာမည္ျဖစ္သည္။ တစ္ဖန္ ေဟာင္ေကာင္၏ အေနအထားသည္ ကမာၻ႔အဆင့္မီ ဘ႑ာေရးဝန္ေဆာင္မႈပလပ္ေဖာင္းတစ္ခုအျဖစ္ အသုံးခ်ရန္ အလားအလာရွိေသာ ေနရာတစ္ခုျဖစ္လာႏိုင္သည္။ ဤသို႔ျဖင့္ ႀကီး ထြားလာေသာ ႏိုင္ငံတကာခ်ိတ္ဆက္မႈႏွင့္ ေဈးကြက္ ခ်ဲ႕ထြင္မႈမ်ားေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ေငြေပးေခ်မႈ မ်ားအတြက္ e-CNY ကို အသုံးျပဳလာၾကမည္ ျဖစ္သည္။
သို႔တိုင္ ႏိုင္ငံတကာတြင္ e-CNY အသုံးျပဳလာႏိုင္မႈႏွင့္ ပတ္သက္၍မူ ေသခ်ာေပါက္ အာမ မခံႏိုင္ေသးပါ။ ထိုကဲ့သို႔ ႏိုင္ငံတကာကို ခ်ဲ႕ထြင္ ရာတြင္မူ သံခင္းတမန္ခင္း၊ ေခါင္းေဆာင္ပိုင္းႏွင့္ သေဘာတူညီမႈမ်ားကို ေက်ာ္လႊားရန္ လိုအပ္မည္ျဖစ္ သကဲ့သို႔ စည္းေဘာင္မ်ား၊ နည္းပညာႏွင့္ တရားစီရင္ ေရးဆိုင္ရာ ျပႆနာမ်ားစေသာ အျပန္အလွန္ ညႇိ ႏႈိင္းရမည့္ကိစၥမ်ားကို သဟဇာတျဖစ္ေအာင္ ေဆာင္႐ြက္ရဦးမည္ျဖစ္သည္။
ဒီဂ်စ္တယ္ေငြေၾကးကို မူလက ႏိုင္ငံေတာ္ အာဏာလႊမ္းမိုးခ်ယ္လွယ္မႈကို ဖယ္ရွားႏိုင္ရန္ အတြက္ တီထြင္ခဲ့ ေသာ္လည္း ယခုအခါ ပါဝါႏိုင္ငံေရးတြင္ ဒီဂ်စ္တယ္ေငြေၾကး၏ အခန္းက႑က လႊမ္းမိုးလာခဲ့ၿပီျဖစ္သည္။ ဗဟိုခ်ဳပ္ ကိုင္မႈကင္းေသာ cryptocurrencies ႏွင့္ ေကာ္ပိုရိတ္ crypto-asset မ်ားသည္ ႏိုင္ငံေတာ္လုံၿခဳံေရး၊ ႏိုင္ငံပိုင္လုပ္ငန္း၊ ပဋိပကၡမ်ား၊ ပါဝါၿပိဳင္ဆိုင္မႈမ်ားႏွင့္ ပထဝီဝင္ႏိုင္ငံ ေရးတို႔တြင္ ပါဝင္ပတ္သက္မႈမ်ားရွိလာခဲ့ၿပီး အထူးသျဖင့္ CBDC မ်ားက ပို၍ ႀကီးမားေသာ သက္ေရာက္ႏိုင္စြမ္းမ်ား ရွိလာေလသည္။
ယခုအခါ တ႐ုတ္သည္ ပိုမိုရႈပ္ေထြးေသာ၊ သမား႐ိုးက် မဟုတ္ေသာ e-finance ၏ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေသာ နယ္ပယ္တြင္ ၎၏ ကိုယ္ပိုင္ဒီဂ်စ္တယ္ ေငြေၾကးကို စတင္မိတ္ဆက္ အသုံးျပဳလာၿပီး ကမာၻတစ္ဝန္း ျဖန႔္ၾကက္ရန္ လည္း စိတ္ကူးလ်က္ ရွိေနသည္။ တ႐ုတ္၏ e-CNY သည္ ေျခလွမ္းအစျဖစ္ ေသာ္လည္း ၎၏ အလားအလာက ေမွ်ာ္မွန္းထား သည္ထက္ ပိုေနသည္။ CBDC ဘဏ္လုပ္ငန္းစနစ္ သည္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ဥပေဒစိုးမိုးေရး တို႔တြင္လည္း အတိအက် လိုက္နာေဆာင္႐ြက္ကာ တ႐ုတ္ဘ႑ာေရးစနစ္ကို ခိုင္မာေသာ ေက်ာေထာက္ေနာက္ခံ တစ္ခုအျဖစ္ ရပ္တည္ေပးေနမည္ ျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ ကမာၻ႔ပထဝီဝင္ ႏိုင္ငံေရးနယ္ပယ္တြင္ အဘက္ဘက္မွ အင္အားႀကီးထြား လာေသာ တ႐ုတ္သည္ ဒီဂ်စ္တယ္ ေငြေၾကးက႑တြင္လည္း အေရးပါေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာဦးမည္ျဖစ္ၿပီး e-CNY သည္ ျပည္တြင္းသုံး ဒီဂ်စ္တယ္ ေငြေၾကးဆိုေသာ္ျငား ၎၏ ေကာင္းမြန္ေသာ အလားအလာမ်ားေၾကာင့္ ႏိုင္ငံတကာသုံး အဆင့္သို႔ တက္လွမ္းႏိုင္ျခင္း ရွိ/ မရွိကိုမူ ဆက္လက္ေလ့လာ ေစာင့္ၾကည့္ရဦးမည္ျဖစ္ပါေၾကာင္း။