KPop Demon Hunter ရဲ့အောင်မြင်မှုနဲ့အတူ ဗြိတိန်မှ စာသင်ကျောင်းတစ်ခုက K-pop သီချင်းတွေကို ပိတ်ပင်

88

ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ
ဗြိတိန်နိုင်ငံ တောင်ပိုင်း၊ ဒေါဆက်၊ ပူးလ်မြို့ရှိ Lilliput Church of England မူကြိုကျောင်းဟာ K-pop သီချင်းတွေကိုကန့်ကွက်တယ်လို့ ကြေညာခဲ့ပါတယ်။ KPop Demon Hunters(2025) ရဲ့နာမည်ကြီးသီချင်းတွေဟာ "Demon" ဆိုတဲ့အသုံးအနှုန်းတွေ ပါဝင်ပြီး အဲဒီသီချင်းတွေကို ကလေးတွေက ပျော်ပျော်ကြီး သီဆိုနေကြတာကိုကြားရတာ မိဘတွေအနေနဲ့ အလွန်အဆင်မပြေဖြစ်ခဲ့တာကြောင့် ကျောင်းက K-pop သီချင်းတွေကို ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။
မိဘတွေအတွက် "နတ်ဆိုး" ဆိုတဲ့စကားလုံးဟာ "ဘုရားသခင်နဲ့ ကောင်းမြတ်ခြင်းကို ဆန့်ကျင်တဲ့ ဝိညာဉ်ရေးရာအင်အားစုတွေကို နှိုးဆွပေးနေတယ်လို့ ယူဆကြပါတယ်။ ကျောင်းရဲ့ပြောကြားချက်အရ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို "သူတို့ရဲ့ယုံကြည်ချက်နဲ့မကိုက်ညီတဲ့အကြောင်းအရာတွေကိုလေးစားတဲ့အနေနဲ့ ကျောင်းမှာ ဒီသီချင်းတွေ မဆိုဖို့" တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ ကျောင်းရဲ့ယာယီကျောင်းအုပ်ကြီး မစ္စတာ လွိုက် အယ်လင်တန်ကတော့ “ခရစ်ယာန်ဘာသာဝင် အချို့အတွက် နတ်ဆိုးတွေအကြောင်း ရေရွတ်နေတာဟာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းနဲ့ ဆန့်ကျင်နေတာကြောင့် ခံစားရခက်စေပါတယ်" "ကျွန်တော်တို့ကတော့ ကလေးတွေ ရုပ်ရှင်၊ သီချင်းတွေအပေါ် ကြိုက်နှစ်သက်မှုဟာ မှားယွင်းနေတယ်လို့ မိဘတွေကို မပြောလိုပါဘူး" "ကျွန်ုပ်တို့ရဲ့အခန်းကဏ္ဍက ကလေးတွေကို သူတို့ရဲ့ရွယ်တူချင်းတချို့မှာ မတူညီတဲ့အမြင်တွေ ရှိနိုင်တယ်ဆိုတာ နားလည်အောင် ကူညီပေးဖို့နဲ့ အဲဒီရွယ်တူချင်းတွေရဲ့ယုံကြည်ချက်ကို ထိန်းသိမ်းရာမှာ ဘယ်လိုလေးစားပြီး ပံ့ပိုးပေးနိုင်မလဲဆိုတာကို ကူညီပေးနိုင်ဖို့ပါပဲ" လို့ ဆိုပါတယ်။
Netflix ရဲ့ KPop Demon Hunters ဇာတ်ကားမှာ ဗီလိန်အဖြစ် နတ်ဆိုးတွေ ပါဝင်ပြီး သူတို့ကို နှိမ်နှင်းတဲ့ K-pop အဖွဲ့ Huntrix ကို သူရဲကောင်းအဖြစ် ဖော်ပြထားပါတယ်။ ဇာတ်ကားမှာ ပါဝင်တဲ့ မြူးကြွတဲ့ သီချင်းသံတွေ၊ ပြီးပြည့်စုံတဲ့ ကကွက်နဲ့ ဆံပင်စတိုင်တွေဟာ ကမ္ဘာတဝန်း ရေပန်းစားခဲ့ပြီး ဇာတ်ဝင်တေးသီချင်းတွေထဲက "Golden" ဟာ ဂရမ်မီဆန်ကာတင်စာရင်းထဲထိ ရောက်ရှိခဲ့ပါတယ်။

Zawgyi Version:
KPop Demon Hunter ရဲ႕ေအာင္ျမင္မႈနဲ႔အတူ ၿဗိတိန္မွ စာသင္ေက်ာင္းတစ္ခုက K-pop သီခ်င္းေတြကို ပိတ္ပင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ
ၿဗိတိန္ႏိုင္ငံ ေတာင္ပိုင္း၊ ေဒါဆက္၊ ပူးလ္ၿမိဳ႕ရွိ Lilliput Church of England မူႀကိဳေက်ာင္းဟာ K-pop သီခ်င္းေတြကိုကန႔္ကြက္တယ္လို႔ ေၾကညာခဲ့ပါတယ္။ KPop Demon Hunters(2025) ရဲ႕နာမည္ႀကီးသီခ်င္းေတြဟာ "Demon" ဆိုတဲ့အသုံးအႏႈန္းေတြ ပါဝင္ၿပီး အဲဒီသီခ်င္းေတြကို ကေလးေတြက ေပ်ာ္ေပ်ာ္ႀကီး သီဆိုေနၾကတာကိုၾကားရတာ မိဘေတြအေနနဲ႔ အလြန္အဆင္မေျပျဖစ္ခဲ့တာေၾကာင့္ ေက်ာင္းက K-pop သီခ်င္းေတြကို ပိတ္ပင္လိုက္တယ္လို႔ ဆိုပါတယ္။
မိဘေတြအတြက္ "နတ္ဆိုး" ဆိုတဲ့စကားလုံးဟာ "ဘုရားသခင္နဲ႔ ေကာင္းျမတ္ျခင္းကို ဆန႔္က်င္တဲ့ ဝိညာဥ္ေရးရာအင္အားစုေတြကို ႏႈိးဆြေပးေနတယ္လို႔ ယူဆၾကပါတယ္။ ေက်ာင္းရဲ႕ေျပာၾကားခ်က္အရ မိဘေတြဟာ သူတို႔ရဲ႕ ကေလးေတြကို "သူတို႔ရဲ႕ယုံၾကည္ခ်က္နဲ႔မကိုက္ညီတဲ့အေၾကာင္းအရာေတြကိုေလးစားတဲ့အေနနဲ႔ ေက်ာင္းမွာ ဒီသီခ်င္းေတြ မဆိုဖို႔" ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။ ေက်ာင္းရဲ႕ယာယီေက်ာင္းအုပ္ႀကီး မစၥတာ လြိဳက္ အယ္လင္တန္ကေတာ့ “ခရစ္ယာန္ဘာသာဝင္ အခ်ိဳ႕အတြက္ နတ္ဆိုးေတြအေၾကာင္း ေရ႐ြတ္ေနတာဟာ ဘုရားသခင္ရဲ႕ ေကာင္းျမတ္ျခင္းနဲ႔ ဆန႔္က်င္ေနတာေၾကာင့္ ခံစားရခက္ေစပါတယ္" "ကြၽန္ေတာ္တို႔ကေတာ့ ကေလးေတြ ႐ုပ္ရွင္၊ သီခ်င္းေတြအေပၚ ႀကိဳက္ႏွစ္သက္မႈဟာ မွားယြင္းေနတယ္လို႔ မိဘေတြကို မေျပာလိုပါဘူး" "ကြၽႏ္ုပ္တို႔ရဲ႕အခန္းက႑က ကေလးေတြကို သူတို႔ရဲ႕႐ြယ္တူခ်င္းတခ်ိဳ႕မွာ မတူညီတဲ့အျမင္ေတြ ရွိႏိုင္တယ္ဆိုတာ နားလည္ေအာင္ ကူညီေပးဖို႔နဲ႔ အဲဒီ႐ြယ္တူခ်င္းေတြရဲ႕ယုံၾကည္ခ်က္ကို ထိန္းသိမ္းရာမွာ ဘယ္လိုေလးစားၿပီး ပံ့ပိုးေပးႏိုင္မလဲဆိုတာကို ကူညီေပးႏိုင္ဖို႔ပါပဲ" လို႔ ဆိုပါတယ္။
Netflix ရဲ႕ KPop Demon Hunters ဇာတ္ကားမွာ ဗီလိန္အျဖစ္ နတ္ဆိုးေတြ ပါဝင္ၿပီး သူတို႔ကို ႏွိမ္ႏွင္းတဲ့ K-pop အဖြဲ႕ Huntrix ကို သူရဲေကာင္းအျဖစ္ ေဖာ္ျပထားပါတယ္။ ဇာတ္ကားမွာ ပါဝင္တဲ့ ျမဴးႂကြတဲ့ သီခ်င္းသံေတြ၊ ၿပီးျပည့္စုံတဲ့ ကကြက္နဲ႔ ဆံပင္စတိုင္ေတြဟာ ကမာၻတဝန္း ေရပန္းစားခဲ့ၿပီး ဇာတ္ဝင္ေတးသီခ်င္းေတြထဲက "Golden" ဟာ ဂရမ္မီဆန္ကာတင္စာရင္းထဲထိ ေရာက္ရွိခဲ့ပါတယ္။