အချုပ်အခြာ အာဏာကိစ္စလား ၊ အမျိုးသားလုံခြုံရေး ကိစ္စလား
1235
သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၃ဝ
နိုင်ငံတကာ အရေးအခင်းများဖြစ်ကြသည့် အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခ တို့ကိုအာရုံစိုက်နေချိန်တွင် အိန္ဒိယနှင့် ကနေ ဒါနိုင်ငံတို့သည်လည်း ထိပ်တန်းသံတမန်များကို အပြန် အလှန် နှင်ထုတ်ခဲ့ကြသည်အထိ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာခဲ့သည်။ အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့ ၏ ဆက်ဆံရေးသမိုင်းကြောင်းတွင် တင်းမာမှုများရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ထိပ်တန်း သံတမန်များ ကိုနှင်ထုတ်သည့် ထိပ်တိုက်တွေ့ဆုံခဲ့သည့်အခြေအနေမျိုးအထိ ရောက်ရှိခဲ့ခြင်းမရှိပါ။ သို့သော် (၂၀၂၃) ခုနှစ်တွင် ကနေဒါအခြေစိုက် ဆစ်ခ်ခေါင်းဆောင် Hardeep Singh Nijjar လုပ်ကြံ သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆစ်ခ်ခေါင်းဆောင်မှာ အိန္ဒိယနိုင်ငံက အကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
Hardeep Singh Nijjar လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယထောက် လှမ်းရေးများ ပါဝင်ပတ်သက်နေသည်ဟု ကနေဒါဝန်ကြီးချုပ် က စွပ်စွဲပြောဆိုထားသည်။ ကနေဒါနိုင်ငံတွင် ဆစ်ခ်လူမျိုး (၇၇၀,ဝဝဝ)ခန့်နေထိုင်ကြရာ အိန္ဒိယနိုင်ငံ ပန် ဂျပ်ပြည်နယ်အပြင်ဘက် ဆစ်လူမျိုးအများဆုံးနေ ထိုင်သည့် အသိုက်အဝန်းတစ်ခုဖြစ်သည်။ ဆစ်ခ် ခွဲ ထွက်ရေးသမားများသည် (၁၉၈၀) နောက်ပိုင်းနှင့် (၁၉၉၀) အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံတွင် သွေးထွက်သံယိုပုန်ကန်မှုများပြုလုပ်ခဲ့ကြရာ အိန္ဒိယ နှင့် ကနေဒါ နိုင်ငံတို့ကြား ဆက်ဆံရေးအဆင်မပြေမှု များဖြစ်ခဲ့သည်။ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံနယ် စပ်ရှိ Khalistan ထောက်ခံလှုပ်ရှားမှုများကို ဆန့် ကျင်ခြင်းမရှိခဲ့သည့်အတွက်ကြောင့် အိန္ဒိယနိုင်ငံ၏ ပြင်းထန်သည့်ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။ အိန္ဒိယနိုင်ငံသည် ဆစ်ခ် သီးခြားပြည်နယ် တည်ထောင်လိုသူအုပ်စုများကို နှစ်ပေါင်းများစွာကတည်းက စောင့်ကြည့်နေခြင်းဖြစ် သည်ဟု ကနေဒါ အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။ နှစ်နိုင်ငံ အစိုးရတို့သည် ၎င်းတို့၏ သံအမတ် ကြီးများနှင့် ထိပ်တန်းသံတမန်များကို ပြန်လည်ခေါ်ယူခြင်း၊ ပြင်း ထန်သည့် အသုံးအနှုန်းများ ကိုအသုံး ပြု၍ သံတမန် ဆိုင်ရာကြေညာချက်များထုတ်ပြန်ခြင်းတို့ကို လူသိ ရှင်ကြားပြုလုပ်ခဲ့ကြသည်။ လက်ရှိ နှစ်နိုင်ငံဆက်ဆံ ရေးသည် သမိုင်းဝင်အရွေ့ဖြစ်သည်ဟု လေ့လာသူများကလည်း ဆိုကြသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဝန်ကြီးချုပ် ထရူးဒူ အစိုးရလက်ထက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီး စစ်အေးခေတ်ကာလ အတွင်း ရောက်ရှိနေခြင်းမျိုးဖြစ်ကြောင်း Conflicting Visions လေ့လာသူတစ်ဦးဖြစ်သူ Ryan Touhey ကလည်း ထောက်ပြထားသည်။
ကနေဒါဝန်ကြီးချုပ်ဟောင်း Stephen Harper အစိုးရလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခဲ့သည်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးတို့တွင် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ Khalistan ကိစ္စသည် ထောင်စုနှစ်အစကတည်းက ကွယ်ပျောက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ဖန် ရုတ်တရက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်ဟောင်း Stephen Harper သည် ကနေဒါနိုင်ငံသား အသတ်ခံရခြင်းနှင့် အိန္ဒိယထောက်လှမ်းရေးများကြား ဆက်စပ်နိုင်ခြေ ရှိ သည်ဆိုသည့် စွပ်စွဲချက်မျိုးကိုမူ ကြုံတွေ့ခဲ့ရခြင်း မရှိခဲ့ပါ။ တရားဥပဒေစိုးမိုး ရေးကိုအလေးထားသည့် မည်သည့်နိုင်ငံမျှ နိုင်ငံ၏အချုပ်အခြာအာဏာအား ပြောင်ကျကျချိုးဖောက်ခြင်းမျိုးကို လက်ခံနိုင်မည် မဟုတ်ဟု ကနေဒါဝန်ကြီးချုပ် ထရူးဒူကလည်း ထုတ်ဖော်ပြောဆိုထားသည်။ ကနေဒါအစိုးရ၏ စွပ်စွဲ ချက်များသည် Trudeau အစိုးရ၏ နိုင်ငံရေး အာဂျင် ဒါတစ်ခုဖြစ်ပြီး မဲဆွယ်စည်းရုံးမှုပြုလုပ်နေခြင်းဖြစ် သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း တုံ့ပြန်ထားသည်။ အိန္ဒိယအစိုးရ သည် (၂၀၂၃) ခုနှစ် ဇွန်လတွင် ကနေဒါနိုင်ငံသား ပြုခွင့်ရထားသူ Hardeep Singh Nijjar အသတ်ခံရမှု အပါအဝင် ကနေဒါအခြေစိုက် ဆစ်ခ်ခွဲ ထွက်ရေးသမားများကိုပစ်မှတ်ထားနေသည်ဆိုသည့် စွပ်စွဲချက် များသည် အထောက်အထားမရှိဘဲ ပြောဆိုနေခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက လည်း သတင်းထုတ်ပြန်ခဲ့သည်။ ကနေဒါဝန် ကြီးချုပ်၏ အပြုအမူနှင့်ပြောဆိုချက်များသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေကြောင်း လည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသည် (၂၀၂၄) ခုနှစ် အောက်တိုဘာ (၁၄) ရက်တွင် Hardeep Singh Nijjar အသတ်ခံ ရမှုနှင့်ဆက်စပ်နေသည်ဆိုသည့် စွပ်စွဲချက်များ အပေါ်ငြင်းဆိုခဲ့ပြီး ကြိုတင်ဖန်တီးထားသည့် အဆိုပါ စွပ်စွဲချက်မှာ နိုင်ငံရေးအကျိုးအမြတ်ရလိုမှုအတွက် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကို အသုံးချသည့် မဟာ ဗျူဟာတစ်ရပ်ဖြစ်ကြောင်းလည်း တုံ့ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒူကမူ (၂၀၁၆) ခုနှစ်တွင် သူ၏ အစိုးရအဖွဲ့၌ ဆစ်ခ်လူမျိုး လေးဦးအထိ ပါဝင်ပြီး မိုဒီအစိုးရထက်ပင် ပိုမိုများပြားကြောင်း ထုတ်ဖော် ပြောဆိုဖူးသည်။ ဆစ်ခ်လူမျိုးများသည် ကနေဒါ နိုင်ငံရေးတွင် အတော်အတန်လွှမ်းမိုးထားကြပြီး ကနေဒါလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်(၁၅)နေရာရရှိထားကြရာ လူဦးရေ၏ (၂) ရာခိုင်နှုန်း ကို ကိုယ်စားပြုခွင့်ရရှိထားသည်။
အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားသွားခြင်းမှာ လုံးဝဥဿုံ ပျက်ပြားခြင်းမျိုးတော့ လည်း မဟုတ်ပါ။ နှစ်နိုင်ငံတို့သည် ကာလရှည်ကြာ ဆက်ဆံရေးရှိခဲ့ကြသည်။ ကနေဒါ နိုင်ငံသည် အကြီး မားဆုံးသော အိန္ဒိယနွယ်ဖွား အသိုက်အဝန်းကြီးထဲကတစ်ခုကို လက်ခံထားရခြင်းဖြစ်သည်။ အရေ အတွက်အားဖြင့် (၁.၃) သန်းရှိပြီး နိုင်ငံလူဦးရေ၏ (၄) ရာခိုင်နှုန်းခန့်ရှိသည်။ အိန္ဒိယနိုင်ငံသည် ကနေဒါ နိုင်ငံအတွက် ဦးစားပေးဈေးကွက်တစ်ခုဖြစ်ပြီး (၂၀၂၂) ခုနှစ်တွင် (၁၀) နိုင်ငံမြောက် အကြီးမားဆုံး ကုန် သွယ်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် (၂၀၁၈) ခုနှစ်မှစ၍ ကနေဒါ နိုင်ငံ၏ နိုင်ငံတကာကျောင်းသားအဓိက ရရှိရာ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။ တစ်ဖက်က ကြည့်ပါက နှစ်နိုင်ငံဆက်ဆံရေးမှာ လူမျိုးစု အသိုက်အဝန်းပြဿနာတစ်ခုထက် ပိုပြီး ကျယ်ပြန့်သည့် စဉ်းစားစရာများကလည်းရှိနေပြန်သည်။ လူမျိုးစုဆိုင်ရာပြဿနာရှိသကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်ရေး လည်း တိုးတက်လာပြီး ကျောင်းသားလဲလှယ်မှု အစီအစဉ်လည်း တိုးတက်လာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံကို ပါကစ္စတန် နိုင်ငံကိုတံဆိပ်ကပ်သကဲ့သို့ အိန္ဒိယနိုင်ငံကိုဆန့် ကျင်သည့် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်း ပြုလုပ်နေသည်ဟုဆိုထား သည်။ ရံဖန်ရံခါတွင် ကနေဒါနိုင်ငံကို စွပ်စွဲပြောဆိုချက်များသည် ပါကစ္စတန်နိုင်ငံကို စွပ်စွဲပြောဆိုချက် များထက်ပင် ပိုမိုပြင်းထန်တတ်သည်။ Singh Nijjar အသတ်ခံရမှုနှင့်ဆက်စပ်၍ အိန္ဒိယနိုင်ငံသား (၄)ဦး ကို ကနေဒါအစိုးရကဖမ်းဆီးထားသည်။ Singh Nijjar သည် (၁၉၉၇) ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ရွှေ့ ပြောင်းရောက်ရှိလာပြီး (၂၀၁၅) ခုနှစ်တွင် ကနေဒါ နိုင်ငံသားဖြစ်လာခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ အပြင်ဘက်တွင် နေထိုင်ပြီး Khalistan အဖြစ် သိထားကြသည့်ဒေသတွင် သီးခြားဆစ်ခ်ပြည်နယ်အဖြစ် ရရှိနိုင်ရန် စည်းရုံးလှုံ့ဆော်နေသူတစ်ဦးဖြစ်သည်။ ၎င်းကို လူသတ်မှုတစ်ခုတွင် ပူးပေါင်းပါဝင်မှု၊ အကြမ်း ဖက်ဝါဒီဖြစ်မှုအတွက် အိန္ဒိယအာဏာပိုင်များက အလိုရှိနေခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် (၂၀၂၃) ခုနှစ်မှစ၍ Singh Nijjar အသတ်ခံရမှုကိစ္စကိုအကြောင်းပြုပြီး ကနေဒါ နိုင်ငံသားများကို ဗီဇာကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ဆစ်ခ်ခွဲထွက်ရေးသမားတစ်ဦးကို ကနေဒါ နိုင်ငံ တွင် လုပ်ကြံရန်ကြိုးစားမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏စွပ်စွဲပြောဆိုချက်များကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သကဲ့သို့ စွပ်စွဲချက်များနှင့် ပတ် သက်၍ ပူးပေါင်းဆောင်ရွက်ရန်လည်း ငြင်းဆိုခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒူကမူ အိန္ဒိယနိုင်ငံနှင့် ခိုင်မာ သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်မှု၏အရေးကြီးပုံကို အသိအမှတ်ပြုသကဲ့သို့ တစ်ဖက်တွင်လည်း ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်ကို ပစ်မှတ်ထားသည့် အိန္ဒိယနိုင်ငံ၏အပြုအမူကို လက်မခံနိုင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် ဆစ်ခ် သီးခြားပြည်နယ်တည်ထောင်ရေးအပေါ် ထပ်တူကျသည့်နားလည်မှု (shared under standing) မရှိပါက နှစ်နိုင်ငံကြားဆက်ဆံရေးသည်လည်း အဖုအထစ်များ ရှိနေဦးမည်သာဖြစ်သည်။ Kha listan လှုပ်ရှားမှုဆိုသည်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တွင် သီးခြားဆစ်ခ် ပြည်နယ်တစ်ခု တည်ထောင် နိုင်ရန်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ နှစ် နိုင်ငံလုံးသည် လက်ရှိ အခြေအနေကို မတူညီသည့် ရှုထောင့်အသီးသီးမှ ဆက်လက်ချဉ်းကပ်နေကြ ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် Khalistan လှုပ်ရှားမှုနှင့်ပတ်သက်၍ ကနေ ဒါနိုင်ငံကို နှစ်ပေါင်း များစွာ မျိုးသိပ်သည်းခံခဲ့ရသည်ဟုဆိုသည်။ ကနေဒါ နိုင်ငံ၏အပြုအမူမှာ အမျိုးသားလုံခြုံရေးနှင့် နယ် မြေတည်တံ့ခိုင်မြဲမှုအတွက် ကြီးမားသည့်ခြိမ်း ခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားသည်။ ကနေဒါနိုင် ငံရှိ ဆစ်ခ်မျိုးနွယ်စုအသိုက်အဝန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အသိုက်အဝန်းဖြစ်ပြီး သီးခြား ဆစ်ခ် ပြည်နယ်တစ်ခု တည်ထောင်ရေးလှုပ်ရှားမှုကို ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အိန္ဒိယနိုင်ငံ၏ စိုးရိမ်မှု အပေါ် မီးလောင်ရာလေပင့်ဆိုသကဲ့သို့ ဖြစ်စေသည်။ ကနေဒါနိုင်ငံကလည်း ဒီမိုကရက်တစ် တန်ဖိုး များ၏ ပင်မကျောရိုးတစ်ခုအဖြစ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားကြောင်း ပြောဆိုထားသည်။
အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာရပ်တည်ချက်မှာ အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ အင်အား ကြီးမားလာမှုအပေါ် တန်ပြန်ထိန်းညှိရန်ဖြစ်ရာ ၎င်း၏ သံတမန်ဆက်ဆံရေးအပေါ် ရှုပ်ထွေးမှုများ ပို၍ ဖြစ်စေနိုင်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား တန်ပြန်ထိန်းညှိရေးအပါအဝင် ၎င်း၏ မဟာဗျူဟာ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အမေရိကန်နိုင်ငံကို အရေးကြီး မဟာမိတ်အဖြစ် ရှုမြင်ထားသည်။ အမေရိကန်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အိန္ဒိယနိုင်ငံကို အင်ဒိုပစိဖိတ် မဟာဗျူဟာ၏မှတ်တိုင်တစ်ခု ရှုမြင်ထားသည်။ အမေရိ ကန်နှင့်အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးနက်ရှိုင်းလာမှုသည် ကာကွယ်ရေးနှင့်စီးပွားရေး မိတ်ဖက်ဖြစ်မှုမှ သည် နည်းပညာ လွှဲပြောင်းရေးအထိ ကျယ်ပြန့်လာသည်။
အိန္ဒိယနိုင်ငံသည် (၂၀၂၂) ခုနှစ်တွင်ဖော်ထုတ်ခဲ့သည့် ကနေဒါနိုင်ငံ၏ အင်ဒိုပစိဖိတ် မဟာဗျူ ဟာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေသည်။ တရားဝင်ထုတ်ပြန်သည့်မှတ်တမ်းများတွင် ကနေဒါ နိုင်ငံသည် တရုတ်နိုင်ငံကို အကျပ်အတည်းနိုင်ငံ (disruptive power) အဖြစ် ဖော်ပြထားပြီး အိန္ဒိယ အပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာရန်လိုအပ်ကြောင်း အလေးထား ပြောဆိုထားသည်။ အိန္ဒိယနိုင်ငံ၏ ကြီးထွားလာနေသည့် မဟာဗျူဟာ၊ စီးပွားရေးနှင့် လူဦးရေ အချိုး အစားတို့၏ အရေးပါမှုသည် ကနေဒါနိုင်ငံ၏ ပထဝီမဟာဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် သော့ချက်အဖြစ် ကနေဒါနိုင်ငံ၏ အင်ဒိုပစိဖိတ်မဟာဗျူဟာတွင် အလေးပေးဖော်ပြထားသည်။ သို့ဖြစ်ရာ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် Comprehensive Economic Partnership Agreement ဖြစ်လာစေရေး ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော် ကနေဒါ နိုင်ငံ၏စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတင်းမာလာပြီး ညှိနှိုင်းနေမှုများမှာလည်း ဆိုင်းငံ့ သွားခဲ့ပြီ ဖြစ်သည်။
မိုဒီအစိုးရကလည်း အိန္ဒိယနိုင်ငံ၏ မဟာ ဗျူဟာမြောက် တန်ဖိုးသည် အနောက်နိုင်ငံများအ တွက် အရေးပါနေခြင်းကြောင့် နိုင်ငံရပ်ခြားရှိ ဆစ်ခ် သီးခြားပြည်နယ်တည်ထောင်ရေးလှုပ်ရှားမှုကို ကိုင် တွယ်ခြင်းအပေါ် ဝေဖန်ခြင်းမှ လွတ်ကင်းလိမ့်မည်ဟု တွက်ချက်ကောင်း တွက်ချက်နိုင်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ဆောင်ရွက်ချက်အပေါ် လက်မခံနိုင်ကြောင်း အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ထံမှ မျှော်လင့်မထားသည့် တုံ့ပြန်မှုများကိုသာ ရရှိခဲ့သည်။ ကနေဒါဘက်ကကြည့်ပါက ကနေဒါမြေပေါ်တွင် အိန္ဒိယနိုင်ငံ၏အပြုအမူသည် အချုပ်အခြာအာဏာ ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ခြင်းအဖြစ် ရှုမြင်ထား သည်။ အိန္ဒိယနိုင်ငံဘက်ကမူ ဆစ်ခ်သီးခြားပြည်နယ် တည်ထောင်ရေး လှုပ်ရှားမှုအပေါ် ကနေဒါနိုင်ငံက ထောက်ပံ့နေခြင်းသည် အမျိုးသားလုံခြုံရေးကိစ္စ အဖြစ်ရှုမြင်ထားသည်။ မတူညီသည့် နှစ်ဖက်အမြင် ကိုညှိနှိုင်းရန်မှာ တူညီသည့် ဘုံပိုင်းခြေတစ်ခုရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက နှစ်ဖက်လုံးတွင် မဟာ ဗျူဟာမြောက် အကျိုးစီးပွားများရှိနေသည့်တိုင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အဖုအထစ်များ ရှိနေဦးမည်သာ ဖြစ်သည်။
zawgyi version
အခ်ဳပ္အျခာ အာဏာ ကိစၥလား ၊ အမ်ိဳးသားလုံၿခဳံေရး ကိစၥလား
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၃ဝ
ႏိုင္ငံတကာ အေရးအခင္းမ်ားျဖစ္ၾကသည့္ အေရွ႕အလယ္ပိုင္းပဋိပကၡ၊ ႐ုရွား-ယူကရိန္း ပဋိပကၡ တို႔ကိုအာ႐ုံစိုက္ေနခ်ိန္တြင္ အိႏၵိယႏွင့္ ကေန ဒါႏိုင္ငံတို႔သည္လည္း ထိပ္တန္းသံတမန္မ်ားကို အျပန္ အလွန္ ႏွင္ထုတ္ခဲ့ၾကသည္အထိ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတင္းမာလာခဲ့သည္။ အိႏၵိယႏွင့္ ကေနဒါ ႏိုင္ငံတို႔ ၏ ဆက္ဆံေရးသမိုင္းေၾကာင္းတြင္ တင္းမာမႈမ်ားရွိခဲ့ဖူးေသာ္လည္း ယခုကဲ့သို႔ ထိပ္တန္း သံတမန္မ်ား ကိုႏွင္ထုတ္သည့္ ထိပ္တိုက္ေတြ႕ဆုံခဲ့သည့္အေျခအေနမ်ိဳးအထိ ေရာက္ရွိခဲ့ျခင္းမရွိပါ။ သို႔ေသာ္ (၂၀၂၃) ခုႏွစ္တြင္ ကေနဒါအေျခစိုက္ ဆစ္ခ္ေခါင္းေဆာင္ Hardeep Singh Nijjar လုပ္ႀကံ သတ္ျဖတ္ ခံရမႈႏွင့္ ပတ္သက္၍ ႏွစ္ႏိုင္ငံဆက္ဆံေရး တင္းမာလာခဲ့ျခင္းျဖစ္သည္။ အဆိုပါ ဆစ္ခ္ေခါင္းေဆာင္မွာ အိႏၵိယႏိုင္ငံက အၾကမ္းဖက္သမားအျဖစ္သတ္မွတ္ထားသည့္ ပုဂၢိဳလ္တစ္ဦး ျဖစ္သည္။
Hardeep Singh Nijjar လုပ္ႀကံ သတ္ျဖတ္ခံရမႈႏွင့္ပတ္သက္၍ အိႏၵိယေထာက္ လွမ္းေရးမ်ား ပါဝင္ပတ္သက္ေနသည္ဟု ကေနဒါဝန္ႀကီးခ်ဳပ္ က စြပ္စြဲေျပာဆိုထားသည္။ ကေနဒါႏိုင္ငံတြင္ ဆစ္ခ္လူမ်ိဳး (၇၇၀,ဝဝဝ)ခန႔္ေနထိုင္ၾကရာ အိႏၵိယႏိုင္ငံ ပန္ ဂ်ပ္ျပည္နယ္အျပင္ဘက္ ဆစ္လူမ်ိဳးအမ်ားဆုံးေန ထိုင္သည့္ အသိုက္အဝန္းတစ္ခုျဖစ္သည္။ ဆစ္ခ္ ခြဲ ထြက္ေရးသမားမ်ားသည္ (၁၉၈၀) ေနာက္ပိုင္းႏွင့္ (၁၉၉၀) အေစာပိုင္းကာလမ်ားတြင္ အိႏၵိယႏိုင္ငံတြင္ ေသြးထြက္သံယိုပုန္ကန္မႈမ်ားျပဳလုပ္ခဲ့ၾကရာ အိႏၵိယ ႏွင့္ ကေနဒါ ႏိုင္ငံတို႔ၾကား ဆက္ဆံေရးအဆင္မေျပမႈ မ်ားျဖစ္ခဲ့သည္။ ကေနဒါႏိုင္ငံသည္ အိႏၵိယႏိုင္ငံနယ္ စပ္ရွိ Khalistan ေထာက္ခံလႈပ္ရွားမႈမ်ားကို ဆန႔္ က်င္ျခင္းမရွိခဲ့သည့္အတြက္ေၾကာင့္ အိႏၵိယႏိုင္ငံ၏ ျပင္းထန္သည့္ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရ သည္။ အိႏၵိယႏိုင္ငံသည္ ဆစ္ခ္ သီးျခားျပည္နယ္ တည္ေထာင္လိုသူအုပ္စုမ်ားကို ႏွစ္ေပါင္းမ်ားစြာကတည္းက ေစာင့္ၾကည့္ေနျခင္းျဖစ္ သည္ဟု ကေနဒါ အစိုးရက ထုတ္ေဖာ္ေျပာဆိုထားသည္။ ႏွစ္ႏိုင္ငံ အစိုးရတို႔သည္ ၎တို႔၏ သံအမတ္ ႀကီးမ်ားႏွင့္ ထိပ္တန္းသံတမန္မ်ားကို ျပန္လည္ေခၚယူျခင္း၊ ျပင္း ထန္သည့္ အသုံးအႏႈန္းမ်ား ကိုအသုံး ျပဳ၍ သံတမန္ ဆိုင္ရာေၾကညာခ်က္မ်ားထုတ္ျပန္ျခင္းတို႔ကို လူသိ ရွင္ၾကားျပဳလုပ္ခဲ့ၾကသည္။ လက္ရွိ ႏွစ္ႏိုင္ငံဆက္ဆံ ေရးသည္ သမိုင္းဝင္အေ႐ြ႕ျဖစ္သည္ဟု ေလ့လာသူမ်ားကလည္း ဆိုၾကသည္။ ႏွစ္ႏိုင္ငံ ဆက္ဆံေရးသည္ ဝန္ႀကီးခ်ဳပ္ ထ႐ူးဒူ အစိုးရလက္ထက္တြင္ ပိုမိုဆိုး႐ြားလာခဲ့ၿပီး စစ္ေအးေခတ္ကာလ အတြင္း ေရာက္ရွိေနျခင္းမ်ိဳးျဖစ္ေၾကာင္း Conflicting Visions ေလ့လာသူတစ္ဦးျဖစ္သူ Ryan Touhey ကလည္း ေထာက္ျပထားသည္။
ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း Stephen Harper အစိုးရလက္ထက္တြင္ ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ခဲ့သည္။ အထူးသျဖင့္ ကုန္သြယ္ေရး၊ ပညာေရးႏွင့္ ျပည္သူအခ်င္းခ်င္းဆက္ဆံေရးတို႔တြင္ တိုးတက္လာခဲ့ျခင္းျဖစ္သည္။ Khalistan ကိစၥသည္ ေထာင္စုႏွစ္အစကတည္းက ကြယ္ေပ်ာက္ခဲ့ျခင္းျဖစ္ၿပီး ယခုတစ္ဖန္ ႐ုတ္တရက္ေပၚေပါက္လာခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ဝန္ႀကီးခ်ဳပ္ေဟာင္း Stephen Harper သည္ ကေနဒါႏိုင္ငံသား အသတ္ခံရျခင္းႏွင့္ အိႏၵိယေထာက္လွမ္းေရးမ်ားၾကား ဆက္စပ္ႏိုင္ေျခ ရွိ သည္ဆိုသည့္ စြပ္စြဲခ်က္မ်ိဳးကိုမူ ႀကဳံေတြ႕ခဲ့ရျခင္း မရွိခဲ့ပါ။ တရားဥပေဒစိုးမိုး ေရးကိုအေလးထားသည့္ မည္သည့္ႏိုင္ငံမွ် ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာအား ေျပာင္က်က်ခ်ိဳးေဖာက္ျခင္းမ်ိဳးကို လက္ခံႏိုင္မည္ မဟုတ္ဟု ကေနဒါဝန္ႀကီးခ်ဳပ္ ထ႐ူးဒူကလည္း ထုတ္ေဖာ္ေျပာဆိုထားသည္။ ကေနဒါအစိုးရ၏ စြပ္စြဲ ခ်က္မ်ားသည္ Trudeau အစိုးရ၏ ႏိုင္ငံေရး အာဂ်င္ ဒါတစ္ခုျဖစ္ၿပီး မဲဆြယ္စည္း႐ုံးမႈျပဳလုပ္ေနျခင္းျဖစ္ သည္ဟု အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိဳလ္ကလည္း တုံ႔ျပန္ထားသည္။ အိႏၵိယအစိုးရ သည္ (၂၀၂၃) ခုႏွစ္ ဇြန္လတြင္ ကေနဒါႏိုင္ငံသား ျပဳခြင့္ရထားသူ Hardeep Singh Nijjar အသတ္ခံရမႈ အပါအဝင္ ကေနဒါအေျခစိုက္ ဆစ္ခ္ခြဲ ထြက္ေရးသမားမ်ားကိုပစ္မွတ္ထားေနသည္ဆိုသည့္ စြပ္စြဲခ်က္ မ်ားသည္ အေထာက္အထားမရွိဘဲ ေျပာဆိုေနျခင္းျဖစ္သည္ဟု အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဌာနက လည္း သတင္းထုတ္ျပန္ခဲ့သည္။ ကေနဒါဝန္ ႀကီးခ်ဳပ္၏ အျပဳအမူႏွင့္ေျပာဆိုခ်က္မ်ားသည္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ထိခိုက္ပ်က္စီးေစေၾကာင္း လည္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အိႏၵိယႏိုင္ငံသည္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာ (၁၄) ရက္တြင္ Hardeep Singh Nijjar အသတ္ခံ ရမႈႏွင့္ဆက္စပ္ေနသည္ဆိုသည့္ စြပ္စြဲခ်က္မ်ား အေပၚျငင္းဆိုခဲ့ၿပီး ႀကိဳတင္ဖန္တီးထားသည့္ အဆိုပါ စြပ္စြဲခ်က္မွာ ႏိုင္ငံေရးအက်ိဳးအျမတ္ရလိုမႈအတြက္ အိႏၵိယႏိုင္ငံ၏ ဂုဏ္သိကၡာကို အသုံးခ်သည့္ မဟာ ဗ်ဴဟာတစ္ရပ္ျဖစ္ေၾကာင္းလည္း တုံ႔ျပန္ခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ထ႐ူးဒူကမူ (၂၀၁၆) ခုႏွစ္တြင္ သူ၏ အစိုးရအဖြဲ႕၌ ဆစ္ခ္လူမ်ိဳး ေလးဦးအထိ ပါဝင္ၿပီး မိုဒီအစိုးရထက္ပင္ ပိုမိုမ်ားျပားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုဖူးသည္။ ဆစ္ခ္လူမ်ိဳးမ်ားသည္ ကေနဒါ ႏိုင္ငံေရးတြင္ အေတာ္အတန္လႊမ္းမိုးထားၾကၿပီး ကေနဒါလႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္(၁၅)ေနရာရရွိထားၾကရာ လူဦးေရ၏ (၂) ရာခိုင္ႏႈန္း ကို ကိုယ္စားျပဳခြင့္ရရွိထားသည္။
အိႏၵိယ-ကေနဒါ ႏွစ္ႏိုင္ငံဆက္ဆံေရး ပ်က္ျပားသြားျခင္းမွာ လုံးဝဥႆုံ ပ်က္ျပားျခင္းမ်ိဳးေတာ့ လည္း မဟုတ္ပါ။ ႏွစ္ႏိုင္ငံတို႔သည္ ကာလရွည္ၾကာ ဆက္ဆံေရးရွိခဲ့ၾကသည္။ ကေနဒါ ႏိုင္ငံသည္ အႀကီး မားဆုံးေသာ အိႏၵိယႏြယ္ဖြား အသိုက္အဝန္းႀကီးထဲကတစ္ခုကို လက္ခံထားရျခင္းျဖစ္သည္။ အေရ အတြက္အားျဖင့္ (၁.၃) သန္းရွိၿပီး ႏိုင္ငံလူဦးေရ၏ (၄) ရာခိုင္ႏႈန္းခန႔္ရွိသည္။ အိႏၵိယႏိုင္ငံသည္ ကေနဒါ ႏိုင္ငံအတြက္ ဦးစားေပးေဈးကြက္တစ္ခုျဖစ္ၿပီး (၂၀၂၂) ခုႏွစ္တြင္ (၁၀) ႏိုင္ငံေျမာက္ အႀကီးမားဆုံး ကုန္ သြယ္ေရး မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့သည္။ အိႏၵိယႏိုင္ငံသည္ (၂၀၁၈) ခုႏွစ္မွစ၍ ကေနဒါ ႏိုင္ငံ၏ ႏိုင္ငံတကာေက်ာင္းသားအဓိက ရရွိရာ အရင္းအျမစ္တစ္ခုလည္း ျဖစ္လာခဲ့သည္။ တစ္ဖက္က ၾကည့္ပါက ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ လူမ်ိဳးစု အသိုက္အဝန္းျပႆနာတစ္ခုထက္ ပိုၿပီး က်ယ္ျပန႔္သည့္ စဥ္းစားစရာမ်ားကလည္းရွိေနျပန္သည္။ လူမ်ိဳးစုဆိုင္ရာျပႆနာရွိသကဲ့သို႔ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး လည္း တိုးတက္လာၿပီး ေက်ာင္းသားလဲလွယ္မႈ အစီအစဥ္လည္း တိုးတက္လာခဲ့သည္။
အိႏၵိယႏိုင္ငံသည္ ကေနဒါႏိုင္ငံကို ပါကစၥတန္ ႏိုင္ငံကိုတံဆိပ္ကပ္သကဲ့သို႔ အိႏၵိယႏိုင္ငံကိုဆန႔္ က်င္သည့္ အၾကမ္းဖက္သမားမ်ားကို ခိုလႈံခြင့္ေပးျခင္း၊ ေထာက္ပံ့ကူညီျခင္း ျပဳလုပ္ေနသည္ဟုဆိုထား သည္။ ရံဖန္ရံခါတြင္ ကေနဒါႏိုင္ငံကို စြပ္စြဲေျပာဆိုခ်က္မ်ားသည္ ပါကစၥတန္ႏိုင္ငံကို စြပ္စြဲေျပာဆိုခ်က္ မ်ားထက္ပင္ ပိုမိုျပင္းထန္တတ္သည္။ Singh Nijjar အသတ္ခံရမႈႏွင့္ဆက္စပ္၍ အိႏၵိယႏိုင္ငံသား (၄)ဦး ကို ကေနဒါအစိုးရကဖမ္းဆီးထားသည္။ Singh Nijjar သည္ (၁၉၉၇) ခုႏွစ္တြင္ ကေနဒါႏိုင္ငံသို႔ ေ႐ႊ႕ ေျပာင္းေရာက္ရွိလာၿပီး (၂၀၁၅) ခုႏွစ္တြင္ ကေနဒါ ႏိုင္ငံသားျဖစ္လာခဲ့သည္။ ထို႔ေနာက္ အိႏၵိယႏိုင္ငံ အျပင္ဘက္တြင္ ေနထိုင္ၿပီး Khalistan အျဖစ္ သိထားၾကသည့္ေဒသတြင္ သီးျခားဆစ္ခ္ျပည္နယ္အျဖစ္ ရရွိႏိုင္ရန္ စည္း႐ုံးလႈံ႕ေဆာ္ေနသူတစ္ဦးျဖစ္သည္။ ၎ကို လူသတ္မႈတစ္ခုတြင္ ပူးေပါင္းပါဝင္မႈ၊ အၾကမ္း ဖက္ဝါဒီျဖစ္မႈအတြက္ အိႏၵိယအာဏာပိုင္မ်ားက အလိုရွိေနျခင္းလည္း ျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ (၂၀၂၃) ခုႏွစ္မွစ၍ Singh Nijjar အသတ္ခံရမႈကိစၥကိုအေၾကာင္းျပဳၿပီး ကေနဒါ ႏိုင္ငံသားမ်ားကို ဗီဇာကန႔္သတ္မႈမ်ားျပဳလုပ္ခဲ့သည္။ ဆစ္ခ္ခြဲထြက္ေရးသမားတစ္ဦးကို ကေနဒါ ႏိုင္ငံ တြင္ လုပ္ႀကံရန္ႀကိဳးစားမႈႏွင့္ပတ္သက္၍ အေမရိကန္ႏိုင္ငံ၏စြပ္စြဲေျပာဆိုခ်က္မ်ားကိုလည္း ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည္။
အိႏၵိယႏိုင္ငံသည္ ကေနဒါႏိုင္ငံ၏ စြပ္စြဲခ်က္မ်ားကို ျငင္းဆိုခဲ့သကဲ့သို႔ စြပ္စြဲခ်က္မ်ားႏွင့္ ပတ္ သက္၍ ပူးေပါင္းေဆာင္႐ြက္ရန္လည္း ျငင္းဆိုခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ထ႐ူးဒူကမူ အိႏၵိယႏိုင္ငံႏွင့္ ခိုင္မာ သည့္ ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းထားရန္ လိုအပ္မႈ၏အေရးႀကီးပုံကို အသိအမွတ္ျပဳသကဲ့သို႔ တစ္ဖက္တြင္လည္း ဆစ္ခ္ခြဲထြက္ေရးေခါင္းေဆာင္ကို ပစ္မွတ္ထားသည့္ အိႏၵိယႏိုင္ငံ၏အျပဳအမူကို လက္မခံႏိုင္ေၾကာင္း ျပစ္တင္ရႈတ္ခ်ခဲ့သည္။ သို႔ေသာ္ ဆစ္ခ္ သီးျခားျပည္နယ္တည္ေထာင္ေရးအေပၚ ထပ္တူက်သည့္နားလည္မႈ (shared under standing) မရွိပါက ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးသည္လည္း အဖုအထစ္မ်ား ရွိေနဦးမည္သာျဖစ္သည္။ Kha listan လႈပ္ရွားမႈဆိုသည္မွာ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း တြင္ သီးျခားဆစ္ခ္ ျပည္နယ္တစ္ခု တည္ေထာင္ ႏိုင္ရန္ရည္႐ြယ္သည့္ လႈပ္ရွားမႈတစ္ခုျဖစ္သည္။ ႏွစ္ ႏိုင္ငံလုံးသည္ လက္ရွိ အေျခအေနကို မတူညီသည့္ ရႈေထာင့္အသီးသီးမွ ဆက္လက္ခ်ဥ္းကပ္ေနၾက ျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ Khalistan လႈပ္ရွားမႈႏွင့္ပတ္သက္၍ ကေန ဒါႏိုင္ငံကို ႏွစ္ေပါင္း မ်ားစြာ မ်ိဳးသိပ္သည္းခံခဲ့ရသည္ဟုဆိုသည္။ ကေနဒါ ႏိုင္ငံ၏အျပဳအမူမွာ အမ်ိဳးသားလုံၿခဳံေရးႏွင့္ နယ္ ေျမတည္တံ့ခိုင္ၿမဲမႈအတြက္ ႀကီးမားသည့္ၿခိမ္း ေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ထားသည္။ ကေနဒါႏိုင္ ငံရွိ ဆစ္ခ္မ်ိဳးႏြယ္စုအသိုက္အဝန္းသည္ ကမာၻေပၚတြင္ အႀကီးမားဆုံး အသိုက္အဝန္းျဖစ္ၿပီး သီးျခား ဆစ္ခ္ ျပည္နယ္တစ္ခု တည္ေထာင္ေရးလႈပ္ရွားမႈကို ေထာက္ပံ့ေပးေနျခင္းျဖစ္ရာ အိႏၵိယႏိုင္ငံ၏ စိုးရိမ္မႈ အေပၚ မီးေလာင္ရာေလပင့္ဆိုသကဲ့သို႔ ျဖစ္ေစသည္။ ကေနဒါႏိုင္ငံကလည္း ဒီမိုကရက္တစ္ တန္ဖိုး မ်ား၏ ပင္မေက်ာ႐ိုးတစ္ခုအျဖစ္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခြင့္ အပါအဝင္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို အေလးထားေၾကာင္း ေျပာဆိုထားသည္။
အိႏၵိယႏိုင္ငံ၏ မဟာဗ်ဴဟာရပ္တည္ခ်က္မွာ အင္ဒိုပစိဖိတ္ေဒသတြင္ တ႐ုတ္ႏိုင္ငံ အင္အား ႀကီးမားလာမႈအေပၚ တန္ျပန္ထိန္းညႇိရန္ျဖစ္ရာ ၎၏ သံတမန္ဆက္ဆံေရးအေပၚ ရႈပ္ေထြးမႈမ်ား ပို၍ ျဖစ္ေစႏိုင္သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံအား တန္ျပန္ထိန္းညႇိေရးအပါအဝင္ ၎၏ မဟာဗ်ဴဟာ အက်ိဳးစီးပြားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္အတြက္ အေမရိကန္ႏိုင္ငံကို အေရးႀကီး မဟာမိတ္အျဖစ္ ရႈျမင္ထားသည္။ အေမရိကန္ႏိုင္ငံကလည္း အျပန္အလွန္အားျဖင့္ အိႏၵိယႏိုင္ငံကို အင္ဒိုပစိဖိတ္ မဟာဗ်ဴဟာ၏မွတ္တိုင္တစ္ခု ရႈျမင္ထားသည္။ အေမရိ ကန္ႏွင့္အိႏၵိယႏိုင္ငံတို႔၏ ဆက္ဆံေရးနက္ရႈိင္းလာမႈသည္ ကာကြယ္ေရးႏွင့္စီးပြားေရး မိတ္ဖက္ျဖစ္မႈမွ သည္ နည္းပညာ လႊဲေျပာင္းေရးအထိ က်ယ္ျပန႔္လာသည္။
အိႏၵိယႏိုင္ငံသည္ (၂၀၂၂) ခုႏွစ္တြင္ေဖာ္ထုတ္ခဲ့သည့္ ကေနဒါႏိုင္ငံ၏ အင္ဒိုပစိဖိတ္ မဟာဗ်ဴ ဟာတြင္ အေရးပါသည့္အခန္းက႑မွပါဝင္ေနသည္။ တရားဝင္ထုတ္ျပန္သည့္မွတ္တမ္းမ်ားတြင္ ကေနဒါ ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို အက်ပ္အတည္းႏိုင္ငံ (disruptive power) အျဖစ္ ေဖာ္ျပထားၿပီး အိႏၵိယ အပါအဝင္ အင္ဒိုပစိဖိတ္ႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး ခိုင္မာရန္လိုအပ္ေၾကာင္း အေလးထား ေျပာဆိုထားသည္။ အိႏၵိယႏိုင္ငံ၏ ႀကီးထြားလာေနသည့္ မဟာဗ်ဴဟာ၊ စီးပြားေရးႏွင့္ လူဦးေရ အခ်ိဳး အစားတို႔၏ အေရးပါမႈသည္ ကေနဒါႏိုင္ငံ၏ ပထဝီမဟာဗ်ဴဟာ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရး အတြက္ ေသာ့ခ်က္အျဖစ္ ကေနဒါႏိုင္ငံ၏ အင္ဒိုပစိဖိတ္မဟာဗ်ဴဟာတြင္ အေလးေပးေဖာ္ျပထားသည္။ သို႔ျဖစ္ရာ ကေနဒါႏိုင္ငံသည္ အိႏၵိယႏိုင္ငံႏွင့္ Comprehensive Economic Partnership Agreement ျဖစ္လာေစေရး ညႇိႏႈိင္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။ သို႔ေသာ္ ကေနဒါ ႏိုင္ငံ၏စြပ္စြဲခ်က္မ်ားေၾကာင့္ ႏွစ္ႏိုင္ငံ သံတမန္ ဆက္ဆံေရးတင္းမာလာၿပီး ညႇိႏႈိင္းေနမႈမ်ားမွာလည္း ဆိုင္းငံ့ သြားခဲ့ၿပီ ျဖစ္သည္။
မိုဒီအစိုးရကလည္း အိႏၵိယႏိုင္ငံ၏ မဟာ ဗ်ဴဟာေျမာက္ တန္ဖိုးသည္ အေနာက္ႏိုင္ငံမ်ားအ တြက္ အေရးပါေနျခင္းေၾကာင့္ ႏိုင္ငံရပ္ျခားရွိ ဆစ္ခ္ သီးျခားျပည္နယ္တည္ေထာင္ေရးလႈပ္ရွားမႈကို ကိုင္ တြယ္ျခင္းအေပၚ ေဝဖန္ျခင္းမွ လြတ္ကင္းလိမ့္မည္ဟု တြက္ခ်က္ေကာင္း တြက္ခ်က္ႏိုင္သည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံ၏ေဆာင္႐ြက္ခ်က္အေပၚ လက္မခံႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံႏွင့္ ကေနဒါႏိုင္ငံတို႔ထံမွ ေမွ်ာ္လင့္မထားသည့္ တုံ႔ျပန္မႈမ်ားကိုသာ ရရွိခဲ့သည္။ ကေနဒါဘက္ကၾကည့္ပါက ကေနဒါေျမေပၚတြင္ အိႏၵိယႏိုင္ငံ၏အျပဳအမူသည္ အခ်ဳပ္အျခာအာဏာ ကို ေပၚေပၚတင္တင္ခ်ိဳးေဖာက္ျခင္းအျဖစ္ ရႈျမင္ထား သည္။ အိႏၵိယႏိုင္ငံဘက္ကမူ ဆစ္ခ္သီးျခားျပည္နယ္ တည္ေထာင္ေရး လႈပ္ရွားမႈအေပၚ ကေနဒါႏိုင္ငံက ေထာက္ပံ့ေနျခင္းသည္ အမ်ိဳးသားလုံၿခဳံေရးကိစၥ အျဖစ္ရႈျမင္ထားသည္။ မတူညီသည့္ ႏွစ္ဖက္အျမင္ ကိုညႇိႏႈိင္းရန္မွာ တူညီသည့္ ဘုံပိုင္းေျခတစ္ခုရွိရန္ လိုအပ္သည္။ သို႔မဟုတ္ပါက ႏွစ္ဖက္လုံးတြင္ မဟာ ဗ်ဴဟာေျမာက္ အက်ိဳးစီးပြားမ်ားရွိေနသည့္တိုင္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတြင္ အဖုအထစ္မ်ား ရွိေနဦးမည္သာ ျဖစ္သည္။