ရေမှာ ပျော်ဝင်နေတဲ့ မိုက်ခရိုပလတ်စတစ်ကို ရေမြုပ်နဲ့ ဖယ်ရှားနိုင်

 76

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၆

မိုက်ခရိုပလတ်စတစ်ကို ရေသန့်ဗူး၊ မိခင်နို့နဲ့ နေရာတိုင်းမှာ တွေ့ရှိနိုင်ပြီး ၎င်းတို့ကို ဧဝရတ်တောင်ထိပ်နဲ့ ပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာတွေမှာ နေထိုင်တဲ့သတ္တဝါတွေမှာပါ တွေ့ရှိလာပါတယ်။
ပလတ်စတစ်အမှုန်အမွှားတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်စေပြီး ဂေဟစနစ်ကို အနှောင့်အယှက်ဖြစ်စေကာ လူ့ကျန်းမာရေးကိုလည်း ခြိမ်းခြောက်နေတဲ့အတွက် ဖယ်ရှားဖို့ ခက်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
တရုတ်နိုင်ငံ၊ Wuhan University မှ သုတေသနအဖွဲ့တစ်ဖွဲ့က ပြည်ကြီးငါးအရိုး၊ ဝါဂွမ်းနဲ့ ပြုလုပ်ထားတဲ့ ဇီဝဆွေးမြေ့နိုင်တဲ့ရေမြှုပ်ကို တီထွင်ခဲ့ပါတယ်။ ပြည်ကြီးငါးအရိုးမှာ ပါဝင်တဲ့ chitin နဲ့ ဝါဂွမ်းမှာ ပါဝင်တဲ့ cellulose ဟာ ရေထဲက ညစ်ညမ်းမှုတွေကို ဖယ်ရှားပေးတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းနှစ်ခုဖြစ်ပါတယ်။
အဲဒီနောက် ဆည်မြောင်းရေ၊ ကန်ရေ၊ ကန်ရေနဲ့ ပင်လယ်ရေ ရေနမူနာလေးခုနဲ့ စမ်းသပ်ခဲ့ရာ မိုက်ခရိုပလတ်စတစ် ၉၉.၉ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
"ကမ္ဘာဂြိုဟ်ဟာ မိုက်ခရိုပလတ်စတစ်ရဲ့ကြီးမားတဲ့ခြိမ်းခြောက်မှုအောက်မှာ ရှိနေပြီး ရေနေဂေဟစနစ်တွေက ပထမဆုံး ထိခိုက်ခံစားရတာဖြစ်တယ်" လို့ လေ့လာမှု ရေးသားသူက ရေးသားခဲ့ပါတယ်။ "ပလတ်စတစ်ထုတ်ကုန် လျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းနဲ့ ပြန်လည်အသုံးပြုခြင်း အပါအဝင် မူဝါဒအမျိုးမျိုးလုပ်နေတဲ့ကြားက မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုဟာ ပိုဆိုးလာတယ်" လို့ ၎င်းက ဆိုပါတယ်။

မိုက်ခရိုပလတ်စတစ်တွေဟာ ၅ မီလီမီတာထက်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှာလေးတွေဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က လေ့လာမှုတစ်ခုအရ သမုဒ္ဒရာကြမ်းပြင်မှာ မိုက်ခရိုပလတ်စတစ် မက်ထရစ်တန်ချိန် ၁၄ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ေရမွာ ေပ်ာ္ဝင္ေနတဲ့ မိုက္ခ႐ိုပလတ္စတစ္ကို ေရျမဳပ္နဲ႔ ဖယ္ရွားႏိုင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၆

မိုက္ခ႐ိုပလတ္စတစ္ကို ေရသန႔္ဗူး၊ မိခင္ႏို႔နဲ႔ ေနရာတိုင္းမွာ ေတြ႕ရွိႏိုင္ၿပီး ၎တို႔ကို ဧဝရတ္ေတာင္ထိပ္နဲ႔ ပင္လယ္ရဲ႕အနက္ရႈိင္းဆုံးေနရာေတြမွာ ေနထိုင္တဲ့သတၱဝါေတြမွာပါ ေတြ႕ရွိလာပါတယ္။
ပလတ္စတစ္အမႈန္အမႊားေတြဟာ ေတာ႐ိုင္းတိရစာၦန္ေတြကို ထိခိုက္ေစၿပီး ေဂဟစနစ္ကို အေႏွာင့္အယွက္ျဖစ္ေစကာ လူ႔က်န္းမာေရးကိုလည္း ၿခိမ္းေျခာက္ေနတဲ့အတြက္ ဖယ္ရွားဖို႔ ခက္တယ္လို႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားပါတယ္။
တ႐ုတ္ႏိုင္ငံ၊ Wuhan University မွ သုေတသနအဖြဲ႕တစ္ဖြဲ႕က ျပည္ႀကီးငါးအ႐ိုး၊ ဝါဂြမ္းနဲ႔ ျပဳလုပ္ထားတဲ့ ဇီဝေဆြးေျမ့ႏိုင္တဲ့ေရျမႇဳပ္ကို တီထြင္ခဲ့ပါတယ္။ ျပည္ႀကီးငါးအ႐ိုးမွာ ပါဝင္တဲ့ chitin နဲ႔ ဝါဂြမ္းမွာ ပါဝင္တဲ့ cellulose ဟာ ေရထဲက ညစ္ညမ္းမႈေတြကို ဖယ္ရွားေပးတဲ့ ေအာ္ဂဲနစ္ျဒပ္ေပါင္းႏွစ္ခုျဖစ္ပါတယ္။
အဲဒီေနာက္ ဆည္ေျမာင္းေရ၊ ကန္ေရ၊ ကန္ေရနဲ႔ ပင္လယ္ေရ ေရနမူနာေလးခုနဲ႔ စမ္းသပ္ခဲ့ရာ မိုက္ခ႐ိုပလတ္စတစ္ ၉၉.၉ ရာခိုင္ႏႈန္းအထိ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
"ကမာၻၿဂိဳဟ္ဟာ မိုက္ခ႐ိုပလတ္စတစ္ရဲ႕ႀကီးမားတဲ့ၿခိမ္းေျခာက္မႈေအာက္မွာ ရွိေနၿပီး ေရေနေဂဟစနစ္ေတြက ပထမဆုံး ထိခိုက္ခံစားရတာျဖစ္တယ္" လို႔ ေလ့လာမႈ ေရးသားသူက ေရးသားခဲ့ပါတယ္။ "ပလတ္စတစ္ထုတ္ကုန္ ေလွ်ာ့ခ်ျခင္း၊ စြန႔္ပစ္ပစၥည္း စီမံခန႔္ခြဲျခင္းနဲ႔ ျပန္လည္အသုံးျပဳျခင္း အပါအဝင္ မူဝါဒအမ်ိဳးမ်ိဳးလုပ္ေနတဲ့ၾကားက မိုက္ခ႐ိုပလတ္စတစ္ ညစ္ညမ္းမႈဟာ ပိုဆိုးလာတယ္" လို႔ ၎က ဆိုပါတယ္။

မိုက္ခ႐ိုပလတ္စတစ္ေတြဟာ ၅ မီလီမီတာထက္ေသးငယ္တဲ့ ပလတ္စတစ္အမႈန္အမႊာေလးေတြျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္က ေလ့လာမႈတစ္ခုအရ သမုဒၵရာၾကမ္းျပင္မွာ မိုက္ခ႐ိုပလတ္စတစ္ မက္ထရစ္တန္ခ်ိန္ ၁၄ သန္းရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.