နျူကလီးယားစစ်ပွဲမှာ အောင်နိုင်သူရှိမှာမဟုတ်ဘူးလို့ ရုရှားအစိုးရပြော
493
Pika (NP News) - ဒီဇင်ဘာ ၂၆
နျူကလီးယားစစ်ပွဲမှာ အောင်နိုင်သူရှိမှာမဟုတ်ကြောင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို နျူကလီးယားစစ်ပွဲကို မစတင်သင့်ဘူးလို့ ရုရှားနိုင်ငံက ယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ဒီဇင်ဘာလ(၂၅)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီလိုပြောဆိုချက်ဟာ ရုရှားနိုင်ငံရဲ့သည်းခံနိုင်မှုကို ဘယ်နိုင်ငံကမှ စမ်းသပ်နိုင်တယ်လို့ မဆိုလိုကြောင်းနဲ့ နိုင်ငံအကျိုးစီးပွားကို ရနိုင်သမျှနည်းလမ်းတွေအားလုံးနဲ့ ကာကွယ်သွားဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ဆာဂေးလာရော့ဗ်က သတိပေးပြောဆိုခဲ့ပါတယ်။ ၎င်းက "နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်တာမျိုး ရှိ/မရှိနဲ့ပတ်သက်ပြီး ရုရှားဘက်က ဘယ်တုန်းကမှ ဆွေးနွေးမှုတွေ မစတင်ခဲ့ပါဘူး။ နျူကလီးယားစစ်ပွဲမှာ အောင်နိုင်သူရှိမှာမဟုတ်ကြောင်း နဲ့ နျူကလီးယားစစ်ပွဲကို ဘယ်တော့မှ အစမပျိုးသင့်ဘူးလို့ ကျွန်တော်တို့ယုံကြည်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် နျူကလီးယာစစ်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ ယူဆထားတဲ့ ထုတ်ပြန်ချက်တွေအားလုံးဟာ အနောက်အုပ်စုနိုင်ငံတွေဆီကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆာဂေးလာရော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။
ဆာဂေးလာရော့ဗ်ဟာ US Strategic Command (STRATCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Thomas Buchanan ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ နျူကလီးယားတိုက်ခိုက်မှုတွေကို စတင်လုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေပေမယ့်လည်း အမေရိကန်အတွက် လက်ခံနိုင်စရာအကောင်းဆုံး စည်းကမ်းသတ်မှတ်ချက်တွေ ရှိလာမှသာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Thomas Buchanan က ပြီးခဲ့တဲ့လမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
zawgyi version
န်ဴကလီးယားစစ္ပြဲမွာ ေအာင္ႏိုင္သူရွိမွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၆
န်ဴကလီးယားစစ္ပြဲမွာ ေအာင္ႏိုင္သူရွိမွာမဟုတ္ေၾကာင္းနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို န်ဴကလီးယားစစ္ပြဲကို မစတင္သင့္ဘူးလို႔ ႐ုရွားႏိုင္ငံက ယုံၾကည္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ဒီဇင္ဘာလ(၂၅)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါေပမဲ့လည္း အဲဒီလိုေျပာဆိုခ်က္ဟာ ႐ုရွားႏိုင္ငံရဲ႕သည္းခံႏိုင္မႈကို ဘယ္ႏိုင္ငံကမွ စမ္းသပ္ႏိုင္တယ္လို႔ မဆိုလိုေၾကာင္းနဲ႔ ႏိုင္ငံအက်ိဳးစီးပြားကို ရႏိုင္သမွ်နည္းလမ္းေတြအားလုံးနဲ႔ ကာကြယ္သြားဖို႔ တြန႔္ဆုတ္ေနမွာမဟုတ္ဘူးလို႔ ဆာေဂးလာေရာ့ဗ္က သတိေပးေျပာဆိုခဲ့ပါတယ္။ ၎က "န်ဴကလီးယားလက္နက္ေတြ အသုံးျပဳႏိုင္တာမ်ိဳး ရွိ/မရွိနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ဘယ္တုန္းကမွ ေဆြးေႏြးမႈေတြ မစတင္ခဲ့ပါဘူး။ န်ဴကလီးယားစစ္ပြဲမွာ ေအာင္ႏိုင္သူရွိမွာမဟုတ္ေၾကာင္း နဲ႔ န်ဴကလီးယားစစ္ပြဲကို ဘယ္ေတာ့မွ အစမပ်ိဳးသင့္ဘူးလို႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ န်ဴကလီးယာစစ္ပြဲျဖစ္ပြားလာႏိုင္ေျခရွိတယ္လို႔ ယူဆထားတဲ့ ထုတ္ျပန္ခ်က္ေတြအားလုံးဟာ အေနာက္အုပ္စုႏိုင္ငံေတြဆီကေန ထြက္ေပၚလာတာျဖစ္တယ္လို႔ ဆာေဂးလာေရာ့ဗ္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဆာေဂးလာေရာ့ဗ္ဟာ US Strategic Command (STRATCOM) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေရတပ္ဗိုလ္ခ်ဳပ္ Thomas Buchanan ရဲ႕ မၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာေတြကို ကိုးကားၿပီး ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ န်ဴကလီးယားတိုက္ခိုက္မႈေတြကို စတင္လုပ္ေဆာင္ဖို႔အဆင္သင့္ျဖစ္ေနေပမယ့္လည္း အေမရိကန္အတြက္ လက္ခံႏိုင္စရာအေကာင္းဆုံး စည္းကမ္းသတ္မွတ္ခ်က္ေတြ ရွိလာမွသာ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ Thomas Buchanan က ၿပီးခဲ့တဲ့လမွာထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။