တရုတ်ရဲ့စစ်ရေးတည်ဆောက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား

571

Pika (NP News) - ဒီဇင်ဘာ ၂၆
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှီအိုင်ဝါယာဟာ တရုတ်နိုင်ငံရဲ့စစ်ရေးတည်ဆောက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဒီဇင်ဘာလ(၂၅)ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တာကာရှီအိုင်ဝါယာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ဘေဂျင်းမြို့မှာတွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုနှစ်အစောပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်လည်ပတ်မှုအတွင်း ဂျပန်အစိုးရဟာ ထိုင်ဝမ်ရဲ့အခြေအနေနဲ့ လတ်တလောစစ်ရေးတိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ တာကာရှီအိုင်ဝါယာက ဝမ်ယိကိုပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် Senkaku ကျွန်းစုတစ်ဝိုက်မှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတာတွေအပါအဝင် အရှေ့တရုတ်ပင်လယ်အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တာကာရှီအိုင်ဝါယာက ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားတွေကို အမြန်ပြန်လွှတ်ပေးဖို့ တာကာရှီအိုင်ဝါယာက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက "သူလျှိုဆန့်ကျင်ရေးဥပဒေနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုတွေက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှုတွေလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံသားတွေကို နှစ်ကြိမ်လောက်ပြန်လည် စဉ်းစားစေတဲ့အထိ ဖြစ်စေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ၎င်းတို့နှစ်ဦးစလုံးဟာ လာမယ့်နှစ်အစောပိုင်းမှာ ဝမ်ယိက ဂျပန်နိုင်ငံကိုလာရောက်လည်ပတ်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တာကာရှီအိုင်ဝါယာဟာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ အစောပိုင်းမှာတွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ဆက်ဆံရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

zawgyi version
တ႐ုတ္ရဲ႕စစ္ေရးတည္ေဆာက္မႈေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ထုတ္ေဖာ္ ေျပာၾကား
Pika (NP News) - ဒီဇင္ဘာ ၂၆
ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး တာကာရွီအိုင္ဝါယာဟာ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးတည္ေဆာက္မႈေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ဒီဇင္ဘာလ(၂၅)ရက္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
တာကာရွီအိုင္ဝါယာဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိနဲ႔ ေဘဂ်င္းၿမိဳ႕မွာေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ယခုႏွစ္အေစာပိုင္းမွာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံကို ပထမဆုံးအႀကိမ္သြားေရာက္လည္ပတ္မႈအတြင္း ဂ်ပန္အစိုးရဟာ ထိုင္ဝမ္ရဲ႕အေျခအေနနဲ႔ လတ္တေလာစစ္ေရးတိုးတက္မႈေတြကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ တာကာရွီအိုင္ဝါယာက ဝမ္ယိကိုေျပာၾကားခဲ့တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ Senkaku ကြၽန္းစုတစ္ဝိုက္မွာ တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင့္လာတာေတြအပါအဝင္ အေရွ႕တ႐ုတ္ပင္လယ္အေျခအေနေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို တာကာရွီအိုင္ဝါယာက ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ တ႐ုတ္အာဏာပိုင္ေတြက ဖမ္းဆီးထားတဲ့ ဂ်ပန္ႏိုင္ငံသားေတြကို အျမန္ျပန္လႊတ္ေပးဖို႔ တာကာရွီအိုင္ဝါယာက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က "သူလွ်ိဳဆန႔္က်င္ေရးဥပေဒနဲ႔ပတ္သက္တဲ့ ပြင့္လင္းျမင္သာမႈေတြက တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္မႈေတြလုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံသားေတြကို ႏွစ္ႀကိမ္ေလာက္ျပန္လည္ စဥ္းစားေစတဲ့အထိ ျဖစ္ေစပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါေပမဲ့လည္း ၎တို႔ႏွစ္ဦးစလုံးဟာ လာမယ့္ႏွစ္အေစာပိုင္းမွာ ဝမ္ယိက ဂ်ပန္ႏိုင္ငံကိုလာေရာက္လည္ပတ္ဖို႔သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တာကာရွီအိုင္ဝါယာဟာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းနဲ႔ အေစာပိုင္းမွာေတြ႕ဆုံခဲ့ၿပီး အျပဳသေဘာေဆာင္ၿပီး တည္ၿငိမ္တဲ့ဆက္ဆံေရးအတြက္ အတူတကြ လက္တြဲလုပ္ေဆာင္ၾကဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။