တောင်ကိုရီးယား ယာယီသမ္မတကို စွပ်စွဲပြစ်တင်မည့် အစီအစဉ်ကိုဆိုင်းငံ့ထားကြောင်း တောင်ကိုရီးယားအတိုက်ခံပါတီ ပြော

687

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၅
တောင်ကိုရီးယား အတိုက်ခံပါတီက ၄င်းတို့အနေဖြင့် ယာယီသမ္မတ ဟန်ဒက်ဆိုအား စွပ်စွဲပြစ်တင်မည့် အစီအစဉ်ကို ဆိုင်းငံထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အတိုက်အခံဒီမိုကရက်တစ်ပါတီသည် စစ်အုပ်ချုပ်ရေး ဥပဒေသတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး သမ္မတ ယွန်ဆက်ယိုလ်အား စွပ်စွဲပြစ်တင်ခဲ့ရာ ယွန်ဆက်ယိုလ်ကို သမ္မတအဖြစ် ဆိုင်းငံခဲ့ရကြောင်း သိရသည်။ ယွန်ဆက်ယိုလ်အား သမ္မတရာထူးမှ ဆိုင်းငံခဲ့ပြီးနောက် ဝန်ကြီးချုပ် ဟန်ဒက်ဆိုက ယာယီသမ္မတအဖြစ် တာဝန်ယူခွင့်ရခဲ့သည်။ ဟန်ဒက်ဆိုသည် ယာယီသမ္မတဖြစ်လာခဲ့ပြီးနောက် သမ္မတ ယွန်ဆက်ယိုလ်ကို စုံစမ်းမည့်အထူး ဥပဒေကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ပြီးနောက် အတိုက်ခံပါတီက ယာယီသမ္မတ ကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဒက်ဆိုသည် တောင်ကိုရီးယား အတိုက်ခံပါတီ၏ အရေးပေါ်အစည်းအဝေးကျင်းပရန်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား သမ္မတယွန်ဆက်ယိုလ်သည် ဒီဇင်ဘာလအစောပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ခဲ့ရာ အငြင်းပွားမှု အရှိန်မြင့်တက်ခဲ့သည်။ ယွန်ဆက်ယိုလ်သည် လက်ရှိအချိန်တွင် အဖွဲ့ဝင်(၉)ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခံယူရန် စောင့်ဆိုင်းနေသည်။
zawgyi version
ေတာင္ကိုရီးယား ယာယီသမၼတကို စြပ္စြဲျပစ္တင္မည့္ အစီအစဥ္ကိုဆိုင္းငံ့ထားေၾကာင္း ေတာင္ကိုရီးယားအတိုက္ခံပါတီ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၅
ေတာင္ကိုရီးယား အတိုက္ခံပါတီက ၄င္းတို႔အေနျဖင့္ ယာယီသမၼတ ဟန္ဒက္ဆိုအား စြပ္စြဲျပစ္တင္မည့္ အစီအစဥ္ကို ဆိုင္းငံထားရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
အတိုက္အခံဒီမိုကရက္တစ္ပါတီသည္ စစ္အုပ္ခ်ဳပ္ေရး ဥပေဒသတ္မွတ္ျခင္းႏွင့္ပတ္သက္ၿပီး သမၼတ ယြန္ဆက္ယိုလ္အား စြပ္စြဲျပစ္တင္ခဲ့ရာ ယြန္ဆက္ယိုလ္ကို သမၼတအျဖစ္ ဆိုင္းငံခဲ့ရေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္အား သမၼတရာထူးမွ ဆိုင္းငံခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ဟန္ဒက္ဆိုက ယာယီသမၼတအျဖစ္ တာဝန္ယူခြင့္ရခဲ့သည္။ ဟန္ဒက္ဆိုသည္ ယာယီသမၼတျဖစ္လာခဲ့ၿပီးေနာက္ သမၼတ ယြန္ဆက္ယိုလ္ကို စုံစမ္းမည့္အထူး ဥပေဒကို လက္မွတ္ေရးထိုးရန္ ျငင္းဆန္ခဲ့ၿပီးေနာက္ အတိုက္ခံပါတီက ယာယီသမၼတ ကို စြပ္စြဲျပစ္တင္ရန္ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း သိရသည္။
ဟန္ဒက္ဆိုသည္ ေတာင္ကိုရီးယား အတိုက္ခံပါတီ၏ အေရးေပၚအစည္းအေဝးက်င္းပရန္ေတာင္းဆိုမႈကို
ျငင္းပယ္ခဲ့ေၾကာင္း သိရသည္။ ေတာင္ကိုရီးယား သမၼတယြန္ဆက္ယိုလ္သည္ ဒီဇင္ဘာလအေစာပိုင္းတြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို သတ္မွတ္ခဲ့ရာ အျငင္းပြားမႈ အရွိန္ျမင့္တက္ခဲ့သည္။ ယြန္ဆက္ယိုလ္သည္ လက္ရွိအခ်ိန္တြင္ အဖြဲ႕ဝင္(၉)ဦး ပါဝင္ေသာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးအဖြဲ႕၏ ဆုံးျဖတ္ခ်က္ကို ခံယူရန္ ေစာင့္ဆိုင္းေနသည္။