အချင်းချင်းမှားယွင်းပစ်ခတ်မှုအတွင်း အမေရိကန်တိုက်လေယာဉ်တစ်စင်းထပ်မံ ပစ်ချခံရလုနီးပါးဖြစ်ပွား

1121

Pika (NP News) - ဒီဇင်ဘာ ၂၅
ယခုသီတင်းပတ်အတွင်း လုပ်ဆောင်ခဲ့တဲ့ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဒုတိယမြောက် အမေရိကန်ရေတပ်တိုက်လေယာဉ်တစ်စင်းဟာ နောက်ထပ်အချင်းချင်းမှားယွင်းပစ်ခတ်မှုတစ်ခုအတွင်း ပစ်ချခံရလုနီးပါးဖြစ်ခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး Fox News သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၁)ရက်တုန်းက USS Gettysburg သင်္ဘောဟာ Harry S. Truman လေယာဉ်တင်သင်္ဘောရဲ့တိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့မိတယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ကပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း တိုက်လေယာဉ်မှူးနှစ်ဦးစလုံးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး အသက်ဘေးကနေလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ရေတပ်ရဲ့ ဒုတိယမြောက်တိုက်လေယာဉ်တစ်စင်းဟာ Harry S. Truman လေယာဉ်တင်သင်္ဘောပေါ်ကို ဆင်းသက်ဖို့ ပြင်ဆင်နေချိန်အတွင်း USS Gettysburg သင်္ဘောရဲ့ ဒုံးကျည်တစ်စင်းက ၎င်းတို့ဆီဦးတည်လာနေတာကို တွေ့ရှိခဲ့ပြီးနောက် ပစ်ချခံရလုနီးပါး အခြေအနေကနေ လွတ်မြောက်အောင်ရုန်းထွက်နိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုရဲ့ပြောကြားချက်အရ သိရပါတယ်။
အဲဒီ SM-2 ဒုံးကျည်ဟာ F/A-18 တိုက်လေယာဉ်ရဲ့ (၃၀)မီတာအကွာအဝေးအတွင်းထိ ဝင်ရောက်လာခဲ့ပြီး ရှောင်တိမ်းမှုကို လျင်လျင်မြန်မြန်လုပ်ဆောင်ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။ သတင်းရင်းမြစ်က "USS Gettysburg သင်္ဘောဟာ အမေရိကန်တိုက်လေယာဉ်နှစ်စင်းတောင် ပစ်ချလုနီးပါးဖြစ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ USS Gettysburg သင်္ဘောဟာ ဒုတိယမြောက် SM-2 ဒုံးကျည်ကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ရေတပ်ကအတည်ပြုခဲ့ပြီး အဲဒီဒုံးကျည်ဟာ ဒုတိယမြောက်အမေရိကန်တိုက်လေယာဉ်တစ်စီးကို ပစ်မှတ်ထားခြင်း ဟုတ်/မဟုတ်ဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
zawgyi version
အခ်င္းခ်င္းမွားယြင္းပစ္ခတ္မႈအတြင္း အေမရိကန္တိုက္ေလယာဥ္တစ္စင္းထပ္မံ ပစ္ခ်ခံရလုနီးပါးျဖစ္ပြား
Pika (NP News) - ဒီဇင္ဘာ ၂၅
ယခုသီတင္းပတ္အတြင္း လုပ္ေဆာင္ခဲ့တဲ့ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း ဒုတိယေျမာက္ အေမရိကန္ေရတပ္တိုက္ေလယာဥ္တစ္စင္းဟာ ေနာက္ထပ္အခ်င္းခ်င္းမွားယြင္းပစ္ခတ္မႈတစ္ခုအတြင္း ပစ္ခ်ခံရလုနီးပါးျဖစ္ခဲ့တယ္လို႔ စစ္ဘက္သတင္းရင္းျမစ္တစ္ခုရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး Fox News သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂၁)ရက္တုန္းက USS Gettysburg သေဘၤာဟာ Harry S. Truman ေလယာဥ္တင္သေဘၤာရဲ႕တိုက္ေလယာဥ္တစ္စင္းကို မွားယြင္းပစ္ခ်ခဲ့မိတယ္လို႔ အေမရိကန္အလယ္ပိုင္းစစ္ဌာနခ်ဳပ္ကေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း တိုက္ေလယာဥ္မႉးႏွစ္ဦးစလုံးဟာ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ၿပီး အသက္ေဘးကေနလြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ ေရတပ္ရဲ႕ ဒုတိယေျမာက္တိုက္ေလယာဥ္တစ္စင္းဟာ Harry S. Truman ေလယာဥ္တင္သေဘၤာေပၚကို ဆင္းသက္ဖို႔ ျပင္ဆင္ေနခ်ိန္အတြင္း USS Gettysburg သေဘၤာရဲ႕ ဒုံးက်ည္တစ္စင္းက ၎တို႔ဆီဦးတည္လာေနတာကို ေတြ႕ရွိခဲ့ၿပီးေနာက္ ပစ္ခ်ခံရလုနီးပါး အေျခအေနကေန လြတ္ေျမာက္ေအာင္႐ုန္းထြက္ႏိုင္ခဲ့တယ္လို႔ သတင္းရင္းျမစ္တစ္ခုရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
အဲဒီ SM-2 ဒုံးက်ည္ဟာ F/A-18 တိုက္ေလယာဥ္ရဲ႕ (၃၀)မီတာအကြာအေဝးအတြင္းထိ ဝင္ေရာက္လာခဲ့ၿပီး ေရွာင္တိမ္းမႈကို လ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ခဲ့ရတယ္လို႔ သတင္းေတြအရ သိရပါတယ္။ သတင္းရင္းျမစ္က "USS Gettysburg သေဘၤာဟာ အေမရိကန္တိုက္ေလယာဥ္ႏွစ္စင္းေတာင္ ပစ္ခ်လုနီးပါးျဖစ္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ USS Gettysburg သေဘၤာဟာ ဒုတိယေျမာက္ SM-2 ဒုံးက်ည္ကို ပစ္ခတ္ခဲ့ေၾကာင္း အေမရိကန္ေရတပ္ကအတည္ျပဳခဲ့ၿပီး အဲဒီဒုံးက်ည္ဟာ ဒုတိယေျမာက္အေမရိကန္တိုက္ေလယာဥ္တစ္စီးကို ပစ္မွတ္ထားျခင္း ဟုတ္/မဟုတ္ဆိုတာကို ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။