ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံကြား အပစ်ခတ်ရပ်စဲရေးစာချုပ်ဆွေးနွေးမှုတိုးတက်မှုများရှိနေဟု ထိုင်းကာကွယ်ရေး ဝန်ကြီးပြော

 102

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၅

ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံကြားဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ဆွေးနွေး မှုများတိုးတက်မှုရှိလာနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးနတ်သာပေါင် နက်ဖာနစ်က ထုတ်ဖော်ပြောဆိုလိုက် သည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် နယ်စပ်ဒေသ အပစ်ခတ် ရပ်စဲရေးသဘောတူမှု စာချုပ်လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ထိုင်းကာကွယ်ရေး ဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံကြားအ ပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေး ထိုးမှုကို မျက်မြင်သက်သေအဖြစ် ပါဝင်ဖွယ်ရှိနေသည်ဟုသတင်းများလည်း ထွက်ပေါ်နေသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပြီးခဲ့သည့် ဇူလိုင်လတွင် နယ်စပ်ဒေသပိုင်နက်အငြင်းပွားရာမှ အပြန်အလှန်ပစ်ခတ်မှု ၅ ရက်ကြာဖြစ်ပွားခဲ့ပြီး တင်းမာမှုများရှိနေခဲ့ကြောင်း သိရသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ၏ တိုက်တွန်းမှုကြောင့် အပစ်ခတ်ရပ်စဲရေး ရရှိခဲ့သော်လည်း အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဇူလိုင် ၂၈ ရက်တွင် ကနဦး အပစ်ခတ်ရပ်စဲရေးရရှိခဲ့ပြီးနောက် အပြန် အလှန်ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ခဲ့ရာလက်ရှိအချိန်တွင် တိုးတက်မှုများရှိလာခဲ့ကြောင်း သိရသည်။ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား လက်မှတ်ရေးထိုးဖွယ်ရှိနေသည့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ထဲတွင် အငြင်းပွားနေသည့်နယ်စပ်ဒေသမှ လက်နက်များပြန်လည်ဖြုတ်သိမ်းရေးအချက်အပြင် နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းထောင်ခြင်း လျော့ခြင်း၊ နယ်စပ်ဒေသကို ပူးတွဲစောင့်ကြည့်ခြင်း စသောအချက်များ ပါဝင်လျက်ရှိနေ ကြောင်း သိရသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက ''ဆွေးနွေးမှုတွေမှာ တိုးတက်မှုများရှိနေပါတယ်။ နိုင်ငံစလုံးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရန်လိုမှုများ ဖြေလျော့နိုင်အောင်မလုပ်ခင် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရဖို့ လိုအပ်တယ်။ အခုတော့ တိုးတက်မှုများရှိနေတယ်'' ဟု ပြောသည်။ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်ကလည်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကြား အပစ်ခတ်ရပ်စဲရေးစာချုပ် (သို့) ငြိမ်းချမ်းရေးစာချုပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် လာမည့် ရက်ပိုင်းအတွင်း ရေးထိုးဖွယ်ရှိနေသည်ဟု ပြောသည်။

Zawgyi Version:
ထိုင္းႏွင့္ကေမာၻဒီးယား ႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ေဆြးေႏြးမႈတိုးတက္မႈမ်ားရွိေနဟု ထိုင္းကာကြယ္ေရး ဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၅
ထိုင္းႏွင့္ကေမာၻဒီးယား ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနသည့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြး မႈမ်ားတိုးတက္မႈရွိလာေနေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးနတ္သာေပါင္ နက္ဖာနစ္က ထုတ္ေဖာ္ေျပာဆိုလိုက္ သည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ လာမည့္ ေအာက္တိုဘာ ၂၆ ရက္တြင္ နယ္စပ္ေဒသ အပစ္ခတ္ ရပ္စဲေရးသေဘာတူမႈ စာခ်ဳပ္လက္မွတ္ေရးထိုးဖြယ္ရွိသည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ ထိုင္းကာကြယ္ေရး ဝန္ႀကီးက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
မေလးရွားႏိုင္ငံတြင္ က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးကိုတက္ေရာက္မည့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္ ထိုင္း ႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကားအ ပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရး ထိုးမႈကို မ်က္ျမင္သက္ေသအျဖစ္ ပါဝင္ဖြယ္ရွိေနသည္ဟုသတင္းမ်ားလည္း ထြက္ေပၚေနသည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ ၿပီးခဲ့သည့္ ဇူလိုင္လတြင္ နယ္စပ္ေဒသပိုင္နက္အျငင္းပြားရာမွ အျပန္အလွန္ပစ္ခတ္မႈ ၅ ရက္ၾကာျဖစ္ပြားခဲ့ၿပီး တင္းမာမႈမ်ားရွိေနခဲ့ေၾကာင္း သိရသည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား အျပန္အလွန္ ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္သမၼတ၏ တိုက္တြန္းမႈေၾကာင့္ အပစ္ခတ္ရပ္စဲေရး ရရွိခဲ့ေသာ္လည္း အျငင္းပြားမႈမ်ား ဆက္လက္ျဖစ္ပြားခဲ့ၿပီး အျပန္အလွန္ေဝဖန္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ ဇူလိုင္ ၂၈ ရက္တြင္ ကနဦး အပစ္ခတ္ရပ္စဲေရးရရွိခဲ့ၿပီးေနာက္ အျပန္ အလွန္ေဆြးေႏြးမႈမ်ားဆက္လက္လုပ္ေဆာင္ခဲ့ရာလက္ရွိအခ်ိန္တြင္ တိုးတက္မႈမ်ားရွိလာခဲ့ေၾကာင္း သိရသည္။ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား လက္မွတ္ေရးထိုးဖြယ္ရွိေနသည့္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္ထဲတြင္ အျငင္းပြားေနသည့္နယ္စပ္ေဒသမွ လက္နက္မ်ားျပန္လည္ျဖဳတ္သိမ္းေရးအခ်က္အျပင္ နယ္စပ္ေဒသတြင္ ေျမျမႇဳပ္မိုင္းေထာင္ျခင္း ေလ်ာ့ျခင္း၊ နယ္စပ္ေဒသကို ပူးတြဲေစာင့္ၾကည့္ျခင္း စေသာအခ်က္မ်ား ပါဝင္လ်က္ရွိေန ေၾကာင္း သိရသည္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက ''ေဆြးေႏြးမႈေတြမွာ တိုးတက္မႈမ်ားရွိေနပါတယ္။ ႏိုင္ငံစလုံးဟာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ရန္လိုမႈမ်ား ေျဖေလ်ာ့ႏိုင္ေအာင္မလုပ္ခင္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈရဖို႔ လိုအပ္တယ္။ အခုေတာ့ တိုးတက္မႈမ်ားရွိေနတယ္'' ဟု ေျပာသည္။ ကေမာၻဒီးယားဒုတိယဝန္ႀကီးခ်ဳပ္ကလည္း ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံ ၾကား အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ (သို႔) ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကို မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕တြင္ လာမည့္ ရက္ပိုင္းအတြင္း ေရးထိုးဖြယ္ရွိေနသည္ဟု ေျပာသည္။

Related news

© 2021. All rights reserved.